Google Assistant ဟာ ပြီးခဲ့တဲ့ Android Version 6.0 Marshmallow မှာ စတင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အကောင်းဆုံးသော Virtual Assistant အဖြစ်သတ်မှတ်ခံထားရရုံတင်မဟုတ်ပဲ Android အပြင် iOS မှာပါ အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။
ဒါပေမယ့် Google Assistant ကို အသုံးပြုဖူးတဲ့သူဆိုရင် Google Assistant ရဲ့ ပုံမှန် မိန်းကလေးအသံကို ငြီးငွေ့နေတဲ့သူတွေရှိကောင်းရှိမှာပါ။ တကယ်လို့ ရှိတယ်ဆိုရင် သတင်းကောင်းတစ်ခုကိုပြောပြပေးသွားချင်ပါတယ်။
အဲ့ဒါကတော့ Google Assistant ကနေ ကိုယ့်ကို ပြန်ပြောတဲ့ စကားသံတွေကို ကိုယ်နားထောင်ချင်တဲ့အသံကို ရွေးချယ်နိုင်တာပဲဖြစ်ပါတယ်။ အခုအသစ်ရွေးချယ်နိုင်မယ့် အသံ ၆ မျိုးထဲက ကိုယ်အကြိုက်ဆုံးအသံကို ဘယ်လိုနားထောင်မလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။
အရင်ဆုံး Google App ကို ဖွင့်ပြီး Settings ထဲကနေ Google Assistant Settings ထဲကို သွားပါ၊ အဲ့ဒီထဲကမှ Preferences ကို နှိပ်ပြီး Assistant Voices ကနေ အသံ ၈ မျိုးထဲကမှ ကိုယ်ကြိုက်တဲ့အသံကိုထားလိုက်ရုံပါပဲ။
အခုလိုမျိုး Google Assistant ကို စိတ်ကြိုက်အသံထားနိုင်တာက ဘယ်ဖုန်းမဆိုမှာ Google Assistant ဆိုလိုက်တာနဲ့ တူညီတဲ့အသံထွက်လာမှာမဟုတ်တော့ပဲ တစ်မျိုးစီထွက်လာတော့မှာဖြစ်တဲ့အတွက် ကောင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။