ရင်ခွင်ထက်က ပန်း
💝💝💝💝💝💝 ( အရိုးခံ တေးထပ် )
နှင်းဆီဖြူ လှလှပန်း
ရွရွမြန်း ထွေးယူ ၊
ဖွဖွနမ်း နွေးတမူ
မွှေးကလူ ညှို့ ထား ။
ရစ်မူးလို့ စွဲမက်ကာ ကွယ်
အသည်းထက်မှာ ပွေ့ပိုက်တအား ။
ဆူးစူးမိ ဘယ်အုံရင်
နယ်ကုန်ပင် နစ်သွား ၊
တွယ်ခုံမင် အချစ်ပွား မို့
အပစ်များ ဖယ်ခွာ ။
ချစ်နှင်းဆီ ညှာတွင်မမြဲ မို့
နာကျင်လည်း မနူတ်ရက်ပါ ။
နှလုံးသွေး ပက်ဖျန်းလာ
ထက်ပန်းလွှာ ပေကာသွား လည်း
မသွေခွာအပါး ခင်လျက်ကွယ်
အစဉ်ဖက်တွယ် ။
အသက်တမျှ ကြင်သက်လယ် ကို
ရင်ထက်ဝယ် ယုယမယ်လေး ။ ။
Writer :babylay
Stunningly beautiful.
Thank you for your contribution!
Good Fortune.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit