ဒီနေ့ညမှာတော့ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ OPPO အနေနဲ့
Find စီးရီးဖုန်းရဲ့ မျိုးဆက်သစ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့ Find X စ
မတ်ဖုန်းကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတ
ယ်။ ဒီမိတ်ဆက်ပွဲမတိုင်ခင်မှာပဲ Mobile ဖုန်းနဲ့ပတ်သတ်လို့
Review တွေတင်ဆက်ပေးနေတဲ့ TheVerge ကနေ Find X နဲ့ပါ
တ်သတ်တဲ့ Hand-on ဗီဒီယိုလေးတစ်ခုနဲ့အတူ ပုံတွေကိုတင်လို
က်လိုက်ပါတယ်။
စမတ်ဖုန်းကို တော့ ဒီညမှာတရားဝင်မိတ်ဆက်မှာ ဖြစ်ပေမယ့်
Find X စမတ်ဖုန်းနဲ့ပတ်သတ်လို့ အချက်အလက်အများစုကိ
တော့ သိရှိရပါပြီ။ TheVerge ကတင်ထားတဲ့ Video အရ Find
စမတ်ဖုန်းမှာ ကြီးမားတဲ့ 6.4 display နဲ့ ရှည်မျောမျောဒီဇိုင်း
ကောင့် ကိုသုံးထားပါတယ်။ မျက်နှာပြင် display ဟာကိုယ်ထည်
တခုလုံးရဲ့ 92.25 ရာခိုင်နှုန်း အထိ ရယူထားပါတယ်။
ဒါ့အပြင် Find X မှာအစဉ်အလာပုံစံအတိုင်း လက်ဗွေဖတ်စနစ်မ
ပါဝင်သလို၊ Nex လိုမျိုး under-screen လက်ဗွေဖတ်စနစ်ကို မ
သုံးထားပါဘူး။ အဲ့ဒီနည်းပညာတွေအစား ဖုန်းကို blometric
အသိအမှတ်ပြုမှုစနစ်နဲ့ ဝင်ရောက်နိုင်မယ့်3D facial scanner
ကိုသုံးပေးထားပါတယ်။ ပုံမှန်ပါဝင်နေကြ လက်ဗွေဖတ်စနစ်ကို
ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။ pop-up ကင်မရာနဲ့ တိုက်စစ်ပြီး
ဖုန်းကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဖုန်းကိုဖွင့်လိုက်တာနဲ့ lock
Screen ကိုပြပေးမှာဖြစ်ပြီး ကင်မရာထွက်လာတဲ့အချိန်မှာ သင့်
ရဲ့ မျက်နှာနဲ့ဖွင့်ရမှာပါ။
ပါဝါစွမ်းအားပိုင်းမှာတော့ ၂၀၁၈ထွက်စမတ်ဖုန်းတွေမှာ အသုံး
ပနေတဲ့ Qualcomm ရဲ့ Snapdragon 845 ပရိုဆက်ဆာကို တ
ပ်ဆင်ထားပြီး Octa-core (4x2.8 GHz Kryo 385 Gold &
4x1.7 GHz Kryo 385 Silver) ဖြစ်ပါတယ်။ 8GB RAM
နဲ့အတူ 256GB storage အထိပေးထားပါတယ်။ 8 GB RAM
နဲ့128GB ဗားရှင်းလည်းရှိသလို၊ 6GB RAM သုံးထားတဲ့ 64 GB
ဗားရှင်းကိုလဲ ရွေးချယ်နိုင်ပါလိမ့်မယ်။
3,730mAh ဘက်ထရီနဲ့အတူ အားအမြန်သွင်းဖို့အတွက်
OnePlus ရဲ့ Dash Charge နဲ့အလားသဏ္ဍာန်တူတဲ့ Vood
အားသွင်းစနစ်ပါဝင်ပါတယ်။ dual-SIM ဖုန်းဖြစ်ပြီး Android 8.1
Oreo မောင်းနှင်မှာ ဖြစ်ပါတယ်။ Oppo ရဲ့ Color Os UI ဒီဇိုင်း
ဟာ IOS နဲ့ Samsung ၂ခုကို ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်သွားပါတ
ယ်။
Find X စမတ်ဖုန်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်
ရှားစရာ ထည့်သွင်းပေးထားတာကတော့ ကင်မရာဒီဇိုင်းပဲ ဖြစ်ပါ
တယ်။ ကင်မရာကိုဖုန်းကိုယ်ထည်ထဲမှာ မြုပ်နှံထားတာဖြစ်ပါတ
ယ်။ camera app ကိုဖွင်လိုက်တဲ့အချိန်မှသာ ကင်မရာဟာထိပ်
ဘက်နေထိုးထွက်လာမှာ ဖြစ်ပါတယ်။ motorize နည်းလမ်း
နဲ့သွားတာဖြစ်ပြီး၊ သူရဲ့ ကင်မရာတပ်ဆင်ထားတဲ့ ပုံစံဟာ Vivo
Nex မှာပါဝင်တဲ့ pop-up ကင်မရာနဲ့လုံးဝကွဲ ပြားပါတယ်။ Vivo
NEX မှာက အရှေ့ဘက်ကင်မရာကိုသာ ပြုလုပ်ထားတာဖြစ်ပြီး၊
Find X စမတ်ဖုန်းမှာတော့ အရှေ့အနောက်ကင်မရာ ၂ဘက်လုံး
ကို motorlze နည်းလမ်းသုံးထားတာပါ။ ကင်မရာapp ကိုဖွင့်မှ
ကင်မရာထွက်လာမှာပါ။
အရှေ့ဘက်မှာ 25-megapixel (f/2.0)ကင်မရာကိုတပ်ဆင်
ပေးထားပြီး 3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတ
ယ်။ ကင်မရာဖွင့်လှစ်မှုလုပ်ဆောင်ချက်အတွက် သုံးထားတဲ့ စန
စ်ဟာအကြိမ်ဘယ်လောက်အထိ ခံနိုင်စွမ်းရှိမယ်ဆိုတာကိုတော့
မသိရှိရသေးပါဘူး။ အနောက်ဘက်ခြမ်းမှာတော့ 16
megapixel + 20-megapixel ကို dual တပ်ဆင်ထားပြီး Oppo
ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဖုန်းကို unlock ပြုလုပ်ဖို့ကြာချိန်
ဟာ 0.5 သာရှိမယ်လို့ ဆိုပါတယ်။ ယခုညမိတ်ဆက်မှုမှာတော့
ပိုမိုတိကျတဲ့ အချက်အလက်တွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
Source