ပြီးခဲ့သည့် မေလ ၃ဝ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ OPPO F7 နှင့် OPPOF7 Youth စမတ်ဖုန်းအသစ်များကို မြန်မာနိုင်ငံရဲ့ဈေးကွက်တွင် တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။ OPPO ၏ Ambassador များဖြစ်ကြသော၂ ထပ်ကွမ်းအကယ်ဒမီဆုရှင် ဝတ်မှုံရွှေရည်၊ အဆိုတော်ရွှေထူးတို့အပြင် Customer Relations Ambassador များဖြစ်ကြသော အကယ်ဒမီပိုင်ဖြိုးသုနှင့် မော်ဒယ်လ်သရုပ်ဆောင်ပိုင်တံခွန်၊ အဆိုတော်ကိုမျိုးကြီးတို့နှင့်အတူအခြားနာမည်ကြီးအနုပညာရှင်များဖြစ်ကြသော ရဲရင့်အောင်၊ တိုင်ရွန်၊ မေတိုးခိုင်၊ ဧငြိမ်းဖြူတို့ လည်း အခမ်းအနားသို့ တက်ရောက်လာခဲ့ကြပါတယ်။
ပထမဆုံးအစီအစဉ်အနေနဲ့ Project_K အဖွဲ့မှနေ၍ ဆန်းပြားထူးခြားသော ကကွက်များဖြင့် ကပြဖျော်ဖြေပေးခဲ့ပါတယ်။ ထို့နောက်မှာ OPPO Branding ပိုင်းဆိုင်ရာများနှင့် OPPO F7 နှင့်OPPO F7 Youth ထုတ်ကုန်သစ်တို့ရဲ့ အသေးစိတ်အကြောင်းအရာများကိုတော့ OPPO Myanmar ၏ Product Manager ကိုသန်းအောင်မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက်မှာတော့ OPPO ၏ Ambassador သစ်များဖြစ်ကြသော သရုပ်ဆောင်ဝတ်မှုံရွှေရည်နှင့် အဆိုတော်ရွှေထူးတို့ကို OPPO Myanmar ၏ Brand Director ဖြစ်သော Mr.Bryan Lee မှ စင်ပေါ်သို့ဖိတ်ကြားခဲ့ပြီး OPPO F7 နှင့် OPPO F7 Youth တို့၏ဈေးနှုန်းများကို အတူတကွ ကြေညာပေးခဲ့ပါတယ်။ အခမ်းအနားသို့ကြွရောက်လာကြသော ဧည့်သည်တော်များ၊ မီဒီယာများ၊ O-Fan များနှင့် OPPO ၏ ထူးချွန်ဝန်ထမ်းများဖြစ်ကြသည့် O-Star နှင့်O-Idol တို့အတွက် ရွှေထူးက အသစ်စက်စက်သီချင်းတစ်ပုဒ်အပါအဝင် သီချင်းအမြူးအကြွများတို့ဖြင့် သီဆိုဧည့်ခံပေးခဲ့ပါတယ်။
ဧည့်သည်များအတွက်လည်း အထူးအစီအစဉ်တစ်ရပ်အနေနဲ့ OPPO F7 ၃ လုံးနှင့် OPPO F7 Youth ၃ လုံးကို မဲဖောက်ရွေးချယ်ချီးမြှင့်ပေးခဲ့ပါတယ်။ ထို့နောက်တွင် OPPO F7 နှင့် OPPO F7 Youth တို့ကို လက်တွေ့လေ့လာစမ်းသပ်နိုင်စေရန်အတွက် Experience Zone ကို ဖွင့်လှစ်ကြေညာရင်းဖြင့် အခမ်းအနားကို အောင်အောင်မြင်မြင်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။ ပြီးနောက်မှာ Ambassador များ၊ အနုပညာရှင်များတို့ဖြင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း၊ စာနယ်ဇင်းသတင်းမီဒီယာမှ အင်တာဗျူးမေးမြန်းခြင်းများကို ပြန်လည်ဖြေကြားခြင်းများပြုလုပ်ပေးခဲ့ကာ ပွဲကိုအဆုံးသတ်ခဲ့ပါတယ်။
ယခုမိတ်ဆက်ပေးလိုက်သည့် F Series ထုတ်ကုန်သစ်များဟာဆိုရင် ယခင် F Series များနှင့် ဒီဇိုင်းပိုင်းတွင်တစ်မျိုးလေးပြောင်းလဲသွားတာကို တွေ့မြင်နိုင်မှာပါ။ အထူးသဖြင့် ဖုန်း၏နောက်ကျောဖက်ကို ဖန်သားမျက်နှာပြင်ကဲ့သို့ ဖန်တီးလုပ်ဆောင်ပေးထားပါတယ်။ ကမ်ဘာ့ပထမဆုံး 25MP အရည်အသွေးရှိ Selfie ကင်မရာနှင့်အတူ အဆင့်မြှင့်တင်ပေးထားသော AI Beauty 2.0 နည်းပညာကိုပါ OPPO F7 တွင် ထည့်သွင်းပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။