OPPO ရဲ့ Find Series ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ Find 7 စမတ်ဖုန်းထွက်ရှိပြီး နောက်ပိုင်းထပ်မထွက်တော့ပါဘူး။ ဒါပေမယ့် အချိန်ကာလ ၄ နှစ်ကြာပြီးတဲ့အချိန်မှာတော့ OPPO ကနေ Find Series Flagship တွေကို ပြန်လည်ထုတ်လုပ်တော့မယ့်ပုံပါပဲ။
အခုအချိန်မှာ OPPO က Midrange Series တွေဖြစ်တဲ့ R Series နဲ့ F Series ဖုန်းတွေကပဲ လက်ရှိမှာ အကောင်းဆုံးဖြစ်နေတာဖြစ်ပြီးတော့ အခြား Highend Processor တွေအသုံးပြုထားတဲ့ စမတ်ဖုန်းတွေမရှိသေးဘူးပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ OPPO ကနေ ကုမ္ပဏီရဲ့ Flagship ဖုန်း Series ဖြစ်တဲ့ Find X ကို ထုတ်လုပ်ဖို့ စီစဉ်နေပြီပဲဖြစ်ပါတယ်။ အခုလိုမျိုး ပြုလုပ်နေတဲ့အတွက် Find X ဖုန်းဟာ ယခင် လွန်ခဲ့တဲ့ ၄ နှစ်က ထွက်ရှိခဲ့တဲ့ Find 7 စမတ်ဖုန်းလိုမျိုးပဲ သူ့ခေတ်ထက်သာလွန်နေတဲ့ နည်းပညာတွေပါဝင်လာမယ်လို့ ယူဆရပါတယ်။
လက်ရှိ သိထားရတဲ့သတင်းတွေအရတော့ Find X စမတ်ဖုန်းက 5x Optical Telephoto Zoom ၊ 4K Bezel-less Display တွေပါဝင်လာပြီးတော့ Qualcomm Snapdragon 845 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။