Oppo R11 FC Barcelona EditionsteemCreated with Sketch.

in oppo •  7 years ago 

Oppo R11 FC Barcelona Edition ကို next weakမှာ မိတ်ဆက်မည်

  Oppo က ဘာစီလိုနာ ဘောလုံးအသင်းနဲ့ ပူးပေါင်းမှု အဖြစ် ယခင်နှစ် ဇွန်လမှာ R9 FC Barcelona Edition စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း Oppo R11 FC Barcelona Edition ကို သြဂုတ်လ ၈ ရက်နေ့မှာ မိတ်ဆက်ဖို့အတွက် ဖိတ်စာများကို ဝေငှပေးလိုက်ပါတယ်။
   
   Specifications အပိုင်းမှာတော့ Oppo R11 FC Barcelona Edition ဟာ မူလ R11 နဲ့ တူညီမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Model အသစ်ရဲ့ အနောက်ဘက်မှာ ဘာစီလိုနာ ကလပ်အသင်းရဲ့ လိုဂိုကို ရေးထိုးထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ User Interface အဖြစ် FC Barcelona Theme ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ R11 FC Barcelona Edition ဟာ Limited Edition ဖြစ်တဲ့အတွက် ဈေးနှုန်းဟာ မူလမော်ဒယ်ထက် ပိုမို မြင့်မားမှာ ဖြစ်ပါတယ်။

Oppo R11 ရဲ့ Specifications များကို ပြန်လည် ဖော်ပြရမယ်ဆိုရင် သူ့မှာ 5.5လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Octa-Core Snapdragon 660 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Android Nougat , 64GB Internal Storage, 4GB RAM , 3000mAh Battery များ ပါပါတယ်။ အနောက်ဘက်မှာ 20MP Camera 2လုံးနဲ့ အရှေ့ဘက်မှာ 20MP Camera 1 လုံး တပ်ဆင်ထားပါတယ်။
image

ဦးဦးတို့ သားကို ဝယ်ပေးပါလား သားဖုန်းလေးက စုတ်နေလို့ပါ ။ phoneတွေကလဲ ထွက် လဲထွက်ပါ ။ oppo A33w မှန်ကွဲလေးကို ကိုင်ပြီး steemit သုံးနေရတာ image
ကျွန်တော် post ၁ခါ တင်ဖို့အတွက် သူများတွေ စာရေးရတာ ၁နာရီ ဆို ကျွန်တော် က ၂နာရီ လောက်ပေးရပါတယ်။ မှန်ကွဲနေတဲ့ နေရာ က ခလုပ်တွေက သုံးမရတဲ့အတွက် post တင်ဖို့ စာရေးမယ်ဆို screen rotation သုံးမှ ရပါတယ် ။ post တခုတင်ဖို့အတွက် စာရေးရတာ မလွယ်တော့ တခါတလေ စိတ်ညစ်ရပါတယ် ။ ဒါပေ့မဲ့ steemit က ကျွန်တော် တို့အတွက် " အခွင့် အရေးရနေတုန်း အပြည့်အဝ ယူထားပါလို့ ပြောပါရစေ " လို့ စေတနာ ရှေ့ထားပြီး အမြဲ ပြောနေတဲ့ ကျွန်တော်တို့ရဲ့ ဆရာတဆူ 'kochinhenry ' ရဲ့ စကားတွေ ကြောင့် ငါ ဖုန်းစုတ်နေလို့ မလုပ်ရင် နောက်တချိန် ကို နဲ့ သိတဲ့ လူတွေက steemit မှ အောင်မြင်နေရင် နောင်တ ဆိုတဲ့ နောင် မှ ရတဲ့ နောင်တ ကို မဖြစ်ရအောင် အခွင့်အရေး ကို အသုံးချနေတာပါ ။ ကျွန်တော် သူများတွေ ထက် ပိုကြိုးစားမှ ရတာ ကို သိပါတယ် ။ ကို ဘဝရဲ့ လိုအပ်ချက်ကြောင့် ဒီလို့ဖြစ်နေပေမဲ့ ကျွန်တော် ကြိုးစားသွားမှပါ ။
steemit သုံးနေတဲ့ မြန်မာ တွေ အတွက် " kochinhenry " ခဏခဏ ပြောနေတဲ့ " အခွင့် ရေးရနေတုန်း အပြည်အဝ ယူထားပါလို့ ပြောပါရစေ"

     စိတ်ကူးရှိရာရေး ထားတဲ့အတွက် အမှားပါရင် ခွင့်လွတ်ပေးပါ

image

         https://steemit.com/@phyowaiaung
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

hey i upvote you plz u also upvote me https://steemit.com/@yaman9