" အနောက်ဥရောပမှာ ရောင်းအားအကောင်းဆုံးဖြစ်သွားသည့် Huawei P20 Pro "
Huawei P20 Pro ဟာ ဥရောပမှာတော့ ရောင်းအား စံချိန်တင်သွားပါတယ်။ Huawei P20 နဲ့ P20 Pro တို့ဟာ တရုတ်မှာလည်း ရောင်းအားကောင်းခဲ့ပြီး 10 စက္ကန့်အတွင်းမှာ ဒေါ်လာ 15 သန်းဖိုးလောက် ရောင်းချခဲ့ရပါတယ်။ ဥရောပမှာတော့ P20 Pro ကို မတ်လ 27 ရက်နေ့မှာ ရောင်းချခဲ့ပြီး ယခင်က စံချိန်တင်ထားတဲ့ Huawei P20 Plus ထက်တောင် ရောင်းအားဟာ 316 ရာခိုင်နှုန်း ပိုမိုကောင်းခဲ့ပါတယ်။ ၀ယ်လိုအား အများဆုံးနိုင်ငံများကတော့ UK, France နဲ့ Germany တို့ ဖြစ်ကြပါတယ်။ Huawei ရဲ့ ကင်မရာသုံးလုံးပါတဲ့ စမတ်ဖုန်းဟာ အခြားနိုင်ငံများမှာလည်း လူစိတ်ဝင်စားမှု များပြားခဲ့ပါတယ်။ Google Trends အရ Huawei P20 ဟာ ဂျာမနီ၊ စပိန်နဲ့ အီတလီနိုင်ငံများမှာ ရောင်းအားကောင်းခဲ့ပါတယ်။ မေလ 3 ရက်နေ့မှာတော့ Huawei P20 Pro နဲ့ P20 Lite တို့ကို အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူတို့ကို Amazon India ကနေသာ ရောင်းချပေးမှာဖြစ်ပြီး Pro Model ကို ရူပီး 65,000 သတ်မှတ်ထားပါတယ်။ P20 Pro မှာ Leica က ထုတ်လုပ်ထားတဲ့ ကင်မရာများ တပ်ဆင်ထားပါတယ်။ သူ့မှာ 6.1 လက်မ 1080 x 2244 p Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ 18.7 : 9 ဖြစ်ပါတယ်။ OLED Screen ဖြစ်ပြီး Notch ပါပါတယ်။ Swipe Gestures များကို ထောက်ပံ့တဲ့ လက်ဗွေရာကိရိယာကို အရှေ့ဘက်မှာ မြှုပ်နှံထားပါတယ်။ Octa-Core Kirin 970 Chipset, 6GB RAM, 128GB Storage များ ပါပါတယ်။ အနောက်ဘက်မှာ 20 MP Monochrome Camera, OIS ပါတဲ့ 40 MP Camera နဲ့ 8 MP Telephoto Camera သုံးလုံး ထည့်ပေးထားပါတယ်။