မေ ၃၁ရက်နေ့မှာ Mi8 နဲ့အတူ Mi Pad 4 ကိုပါမိတ်ဆက်လာနိုင်
Xiaomi အနေနဲ့ ယခုလကုန်မှာ စမတ်ဖုန်းသစ်တွေ ကြေငြာသွားမယ်ဆိုတာကို တရားဝင်အသိပေးမှုတွေ ပြုလုပ်ပြီးသွားပါပြီ။ အခုနောက်ဆုံးထွက်လာတဲ့ သတင်းတွေအရ Mi Pad အသစ်တစ်လုံးကို မိတ်ဆက်သွားနိုင်တယ်လို့ ပြောနေကြပါတယ်။
DA Developer ဖိုရမ်ကနေ Mi Pad 4 နဲ့ပတ်သတ်တဲ့ အချက်အလက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပြီး Snapdragon 660 ပရိုဆက်ဆာသုံးထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းမှာ 2048×1536 pixel နဲ့ဖြစ်ပြီး pixel density 326ppi ရှိမှာဖြစ်ပါတယ်။ 320 DPI နဲ့ of 18: 9 အချိုးကိုအပြည့်အဝခံစားနိုင်မှာပါ။
Mi Pad 4 မှာ OS ပိုင်းအနေနဲ့ နောက်ဆုံးထွက် Android အခြေပြု MIUI 10 ကိုတစ်ပါတည်း ထည့်သွင်းပေးထားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် MIUI 10 ကိုပါ မေ၃၁ရက်နေ့မှာပါ မိတ်ဆက်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဘက်ထရီပိုင်းမှာတော့ ကြီးမားတဲ့ စွမ်းအားပြည့် 6,000 mAh ကိုထည့်ပေးထားမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက်တော့ နောက်ကျောဘက်မှာ 13 MP OmniVision OV13855 ဆင်ဆာနဲ့အတူ f / 2.0 aperture နဲ့သုံးနိုင်မှာပါ။ အရှေ့ဘက်င်မရာနဲ့ Lens ပိုင်းမှာတူညီပြီး 5 MP Samsung S5K5E8 ဆင်ဆာကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
video recording ပြုလုပ်မှုအပိုင်းမှာ 4K resolution ထိထောက်ပံ့ပေးပါတယ်။ USB Type-C အားသွင်းစနစ်နဲ့ဖြစ်ပြီး Mi Pad 4 ကိုဗားရှင်းတစ်မျိုးသာ ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ 6GBRAM နဲ့အတူ 64GB အချက်အလက်သိုလှေင်နိုင်စွမ်း တစ်မျိုးထဲသာ ထွက်ရှိလာမှာပါ။ ဈေးနှုန်းကတော့ 1699 ယွမ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်။