အဖေနဲ့ အမေ နေခဲ့တဲ့ရွာကလေးsteemCreated with Sketch.

in parent •  7 years ago  (edited)

အဖေနဲ့ အမေနေခဲ့တဲ့ ရွာကလေး

၁၃၅၅ ဆောင်းတွင်းကာလ ဟေမာန်တ
နတ်တော်လဆန်း ၁၄ရက် တနင်္လာနေ့မှာ ဖြာကျနေတဲ့
လရောက်အောက်က ရေနံမီးအိမ်လေး မှိတ်တုတ်နဲ့
အဲ့ဒီဇနပုတ်မှာ ကျွန်တော့်ကို မွေးခဲ့တာပေါ့။
မဏိပူရရဲ့ တောင်စဉ်တောင်တန်းတွေနဲ ထိစပ်နေတဲ့ နယ်မြို့
လေးရဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျေးရွာလေး...
အဲ့ဒီရွာလေးမှာပေါ့ ရိုးသားလှတဲ့ ဇနီးမောင်နှံ အကြောင်းဖန်လို့
ပေါင်းဆုံခဲ့တယ်။
အဖေက ချင်းတွင်းမြစ်ရဲ့တနေရာ အထက်သငါဆိုတဲ့
ရွာသားအစစ်ကြီးပေါ့။
တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ထုံး အဖေကျင့်သုံးခဲ့လေသလား။
ကျွန်တော်တို့ရွာ ရောက်လာစဉ် အဖေ့အသက် ၁၆နှစ်တဲ့။
နှစ်ဆယ်ကျော် အစိတ်ထဲ အမေနဲ့ လက်တွဲလို့ ဘဝတိုက်ပွဲ ဆင်နွဲခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်....
လောကဓံရဲ့ မုန်တိုင်းနဲ့တိုက်ခိုက်ဖန်များခဲ့တော့ နုနယ်တဲ့အမေက
သူချစ်တဲ့ရွာကလေးနဲ့ လင်၊သားတစ်စုကို ချန်ရစ်လို့
လောကကြီးထဲကနေ အပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ရတယ်။
သောကနင့်နင့် မုန်တိုင်းဆင့် ခဲ့လေရော့လား။
မကြာခင်ကာလတနေ့ အဲ့ဒီရွာကလေးမှာပဲ အဖေဟာ အမေ့ထံပါး လိုက်လို့ သွားရှာတယ်။
စိမ်းလန်းတဲ့တောအုပ်လည်း မအေးမြနိုင်တော့ပါဘူး။
အဖေ့ရဲလယ်ပြင်ကြီးလည်း အထီးကျန်ဆန်လို့
နွေအပူနဲ့ ရင်ထဲက အပူတွေကြား အံတင်းလို့ ရုန်းကန်ခဲ့ရတဲ့
မေ့မရတဲ့ ဒီရွာလေးကိုတခေါက်ပြန်လည်လို့ အရောက်ပြန်မယ်လို့ပေါ့။
လျှို မြောင် စိမ့်စမ်းနဲ့ ချောင်းရေယဉ် တသွင်သွင် စီးနေတဲ့
ရှေးကျတဲ့ရွာကလေး.....
တမူးဆိုတဲ့ ကဘော်ချိုင့်ဝှမ်းတနေရာရဲ့ ဝိတုတ်ဆိုတဲ့ ရွာကလေးဟာ အဖေနဲ့အမေ ခေါင်းချခဲ့တဲ့ ဇာတိရွာလေးပေါ့။
image
@tamuthar (Writer)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post received a 2% upvote from @randowhale thanks to @tamuthar! For more information, click here!

Missing

Whom?sir.😀

good တမူး ။

Thanks ko gyi @nyinyiwin

Tag မှားနေပါတယ် ညီ မြန်မာကရှေ့ဆုံးကဖြစ်ရပါမယ်

ထောက်ပြတဲ့အတွက် ကျေဇူးပါ ကိုသာအေး

good post ပါ တမူးသာ

ကျေးဇူး ကို @ansoe

tag တွေကိုအရင်ကြည့်ထားပါ၊ village မပါဘူး။ travel ရေးလို့ရတယ်။ culture ရေးလို့ရပါတယ်။

ဟုတ် ဆရာ...သားက ကိုယ်တိုင်ထွင်နေသလို ဖြစ်နေတယ်..နောက် လေ့လာထားပါမယ် ဆရာ

"အဖေ့ရဲလယ်ပြင်ကြီးလည်း အထီးကျန်ဆန်လို့ " ရင်ထဲမှာ ဆစ်ခနဲပဲဗျာ GREAT post bro

😥😢😥

thanks for sharing bro. good post.

Yes,bro.Thanks

Tags ...myanmar ကို အရင်​ဆုံးထား​ပေးပါ​နော်​ အကို

Thanks for advice ,bro!

nice post!

Thanks

@tamuthar got you a $1.62 @minnowbooster upgoat, nice!
@tamuthar got you a $1.62 @minnowbooster upgoat, nice! (Image: pixabay.com)


Want a boost? Click here to read more!

Great post...

Thanks!

ကောင်းတယ် ညီလေး

ဟုတ်

Congratulations @tamuthar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ကောင်းတယ် ဘရိုရေ သုံးလိုက်တတဲ့ စာလုံးတွေဖက်ရတာ အလွမ်းဓာတ်တွေနဲ့ အပြည့်…

ဟုတ်တယ်ဗျာ ကိုယ်တိုင်က အမြဲလွမ်းနေရတယ်..😊

ဖတ်ရတာကို သာယာအေးချ

ကျေနပ်ပါတယ်..ဒီလိုလေးနဲ့ အရင်ပေးဆပ်ရတာ..နောက်ဆိုရင် upvoteနဲ့ ပေးဆပ်အောင်လို့ပေါ့

ကောင်းတယ် ဝိတုတ်ရေ

ကိုဒွန်းကြိုက်ရင် ကျေနပ်တယ်..😊