ငါ

in philosophic •  7 years ago 

mmexport1481471185059.jpg
ယုံကြည်ချက် အိပ်မက်အိုများနဲ့ မကြာခဏ အငြင်းပွားသူ……။
ဧဒင်ဥယျာဉ်ထဲက ပန်းသီးကို သုတေသနပြုချင်သူ
လက်ဝါးပြင်က အရေးအကြောင်းများကို အယုံအကြည်ကင်းမဲ့သူ ……။
သစ္စာလေးပါးတရားတော်ကို အကြွင်းမဲ့ ယုံကြည်လျက် လစ်လျူရှု့  ထားမိသူ……။
ရေပေါ်ဆီတွေကို ရွံ့မုန်းတတ်သူ ……။
ပုံစံခွက်တွေနဲ့ အသားမကျသူ ……။
ဖြစ်တည်ရာ ဘဝကို လှောင်ရီဟားတိုက်ချင်သူ……။
လေးအကျိုး ခွေးဆိုးနဲ့ ယုန်လိုက်ခဲ့သူ ……။
ခံစားချက် ဝေဒနာများကို အယ်ကိုလ်ဟော့နဲ့ ဆေးကြောတတ်သူ ……။
ပိရိစွာ ဟန်ဆောင်တတ်ဖို့ လေ့ကျင့်သင်ကြားနေသူ
ဥပက္ခာနဲ့ နေသားမကျသူ ……။
မိတ်ဆွေစစ်ကိုရှာဖွေဖို့  မီးအိမ်ပျက်တစ်လုံးနဲ့ လမ်းပျောက်နေသူ ……။
လောကဓံတရား ( ၈ )ပါးနဲ့ နဘမ်းလုံးနေတတ်သူ…။
သံသရာမှာ ကျင်လည်နိုင်ဖို့  အကုသိုလ်တွေ စုဆောင်းထားသူ ………။
အပေါ်ယံအရေပြားအတွက် အချိန်ကုန်မှာ တွေးကြောက်သူ ……။
အို ………မိတ်ဆွေ သပျစ်သီး မချဉ်တတ်တဲ့ မြေခွေးတစ်ကောင်ရဲ့ ကောင်းချီးပေးခြင်းကို အကြွင်းမဲ့ ယုံကြည်သွားပါလေ ………။
@myintaungnaing
စိတ်အစဉ် အတွေးများအား မှတ်တမ်းတင်ပါသည် ။
Steemcoin.png
ဒဿနလည်း မဟုတ်ပါ ကဗျာလည်း မဟုတ်ပါ အက်ဆေးဟုခေါ်သော စာအမျိုးအစားလည်း မဟုတ်ပါ မိမိကိုယ်ကို လည်ပြန်ကြည့်၍ ဝေဖန်ထားသော အတွေးသက်သက်သာ ဖြစ်သည် ။

Writing By MyintAungNaing
Steem Image By Google Search Photo

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

nice .

ဟုတ် အားပေးတဲ့အတွက် ကျေးဇူးပါ

Good tal bro

အတွေးတွေ နယ်ချဲ့ကြည့်တာပါ ကျေးဇူး

  ·  7 years ago Reveal Comment

အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်

Upvoted

Thank you bro!

Good တယ်​bro

ကျေးဇူးတင်ပါတယ်နော်

ကျနော် လူသစ်လေးပါကူညီတွဲခေါ်ပေကြပါ follow n vote me. I will follow n vote up u back

စိတ်ချပါ ဖြေးဖြေးချင်း ခရီးဆက်ကြတာပေါ့

Good

ကျေးဇူးပါဗျာ

:-) ကိုယ့်ကိုယ်ကို ဝေဖန်ကြည့်တယ် ဆိုပါတော့

Yes , 7ရက်ကျော်ရင် post တစ်ခုဟာ အသက်မဲ့သွားပြီလေ voteပေးလည်း မရတော့ပါဘူး thank you ပါ ခုလို ခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် fri