လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင်လုပ်လေတဲ့
ကိုယ် ၁၈ နှစ်ကျော် ၁၉ နှစ်လောက်ကတွေ့ခဲ့ဖူးတဲ့လူတယောက်ရှိတယ်။ ကိုယ်သိပ် crazy ဖြစ်ရသလောက် ကိုယ့်ကိုသိပ်လွှမ်းမိုးနိုင်ခဲ့သူတယောက်ပေါ့
စီးပွါးရေးမှာ သိပ်အားကျရတဲ့သူ
သူ ပြောဖူးတဲ့ စကား ပြန် share မယ် :)
လူတယောက်က တလ ဝင်ငွေ ၁ သိန်းရတယ်ဆိုပါတော့
တလ ကို ၅ သောင်းသုံးတယ်။ သူ့ တလ ဝင်ငွေ ၅ သောင်းပဲ ရတော့တဲ့အခါ ဘာလုပ်မလဲတဲ့။
ကိုယ် ချက်ခြင်းဖြေခဲ့တယ်။
အသုံးစားရိတ်ကို တဝက်လျှော့သုံးမှာပေါ့လို့။
သူ ရယ်တယ် အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူးတဲ့။
ဟင် ဒါဆို ဘယ်လိုတွေးရမလဲ ဆိုတော့။
တလကို ၅ သောင်း အသုံးစားရိတ်ရှိနေရင်
ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲတွေးပေါ့တဲ့။
လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့။
ဟင် စောစောကပြောတော့ ဝင်ငွေကတဝက်ကျသွားတာဆို
သူ ထပ်ရယ်တယ်။
အင်းလေ ဒီစီးပွါးက ငွေဝင်နည်းရင် အခြားတခုနဲ့ ခုဖို့ကြံပေါ့။ အချိန်တိုင်း ကြံစည်နေရမှာပဲလေ။ လူဆိုတာ မွေးစကနေ သေသည်အထိ ပြေးလမ်းပေါ်မှာပြေးနေသလိုပဲ။ ပူလောင်လိုက်တာ မပြောနဲ့နော်။ အေးချမ်းချင် တရားရိပ်ခိုလိုက်ပေါ့ တဲ့ ။
အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့
Company ရဲ့ Director ဖြစ်နေပြီ။ သူငယ်စဉ်က သူ့မိသားစုဟာ စက်လှေ ၁ စီးထဲနဲ့ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေပါ။ သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး။ ပန်းခြံလဲမသိဘူး။ အချစ်ကိုလဲဦးစားမပေးခဲ့ဘူး။ အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင် မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွဆိုပြီး လှမ်းဆဲတတ်တဲ့သူမျိုးး။
သူ့မှာ လူငယ်ဘဝလဲဆုံးရှုံးတယ်။ ဒီတော့ ပျော်စရာဆိုတာ မရှိသလောက်ပဲ။
ဒီတော့ ကိုယ်မေးတယ်။ ဒီလို နေရတာ ပျော်ရဲ့လားး ဘဝက ဘာအဓိပ္ပါယ်ရှိမလဲဆိုတော့။
အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာကျောင်းထားနိုင်တယ်။ ဆင်းရဲသူတွေ ကို ပေးနိုင်လှုနိုင်တယ်။ မကျန်းမာတဲ့အခါ ကုနိုင်တယ်။ ဆွေတွေမျိုးတွေကို ထောက်ပံ့နိုင်တယ်။ တနေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ။
ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို အတ္တကြီးရာ ကျတာပေါ့တဲ့။
ဘဝမှာ တခုပဲရမယ် အောင်မြင်မှုလား အေးချမ်းမှုလား။
နှစ်ခုလုံးမလိုချင်နဲ့လေ တဲ့။
ဒီလူ့နှယ် အူကြောင်ကြောင်တွေးလိုက်တာ လို့ ကိုယ်တွေးဘူးတယ်။ ဒါပေမယ့် ကြာလာလေ သဘောပေါက်လာလေပဲ
ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြသနာမဟုတ်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်။
သူများစားရင် ကျွေးချင်တယ်
သူများဝတ်ရင် ဆင်ချင်တယ်
သူများပေးရင် ကိုယ်လဲပေးချင်တယ်
ဒါ လောဘ ဆို
ဟုတ်တယ် ကျမ သိပ်လောဘကြီးတာပဲ
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
Good story nice to meet you.
Please follow me @patricksanlin and upvote. Thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit