သမိုင်းရှိချင်လျင်

in poem •  7 years ago 

Zawgyi

သမိုင်းရှိချင်ရင်


ငါလိုတာ မရရကောင်းစေ့
သူလိုတာ မရရကောင်းစေ့
အမှားသွားရာနောက်

ငါတို့ရှေ့
ငါတို့နောက်

ဒီအမိကဖွား
ဒီသားသမီးတွေကို

မမိုက်မိစေနဲ့

အမောင်တို့ လေ့လာပါ
အမိတို့စူးစမ်းပါ

သွေးနီနီ ရဲတဲ့အထဲ
မကောက်သွားရအောင်။


Unicode

သမိုင်းရှိချင်ရင်
သမိုင်းကိုသိအောင်ကြံဆောင်ပါကွဲ့။
ဝိုင်အေယူကမွေးသမျှ အဖိုးတန်တွေကြား
ကလန်ကဆန်ရှားပါတယ်ကွဲ့။

သတ္တိဆိုတာ အာခံခြင်းနဲ့လားရာမတူဘူး
မောင်တို့ နိုးကြားတာကို ဂုဏ်ယူတယ်
မယ်တို့ ကြိုးစားတာကို ဝမ်းမြောက်တယ်
လမ်းတော့ ဖြောင့်အောင်လျှောက်ကြကွဲ့။

ငါလိုတာ မရရကောင်းစေ့
သူလိုတာ မရရကောင်းစေ့
လူ့အလိုပြည့်အောင် ဖြည့်ဖို့ခက်သား
အမှားသွားရာနောက်
အမိုက် မယောင်စေနဲ့ကွဲ့။

ငါတို့ရှေ့
ငါတို့နောက်
ဝိုင်အေယူမိခင် ဂုဏ်တောက်အောင်ကြံကွဲ့။

ငါတို့စကား လက်မခံငြားတောင်
ဒီအမိကဖွား
ဒီသားသမီးတွေကို
အများအမြင်မမှားစေနဲ့ကွဲ့။

ဆိုးလိုက ဆိုးနိုင်တယ်
မမိုက်မိစေနဲ့
အမှန်ကို ရှာမတွေ့သေးခိုက်
အမှားနောက် မလိုက်မိစေနဲ့
အမောင်တို့ လေ့လာပါ
အမိတို့စူးစမ်းပါ
ငါတို့ရဲ့ အနာဂတ် မင်းတို့လက်ထဲအပ်ပါရစေ။

သွေးနီနီ ရဲတဲ့အထဲ
ဘေးပယောဂ သွေးမရောလိုက်ပါနဲ့
ကွေ့နေရင် အချိန်မီဖြောင့်
မကောက်သွားရအောင်။

ရောင်နီကိုမြင်ဖို့အရေး
မိုးလင်းအောင်စောင့်ရစမြဲမို့
နှောင့်နှေးတယ်မထင်ကြပါနဲ့
မောင်လေးငယ် နှမထွေးတို့
အသိကြွယ်သွားမှ နိုးထကြပါစို့လားကွဲ့။
Min Min Thant
MONYWA

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good

SMT20

SMT 10done

Smt-18

smt 12
done

SMT 16 done

Smt7

SMT - 8

Smt 13

SMT-1
ကောင်းတယ်​ဗျာ unicode ​လေးနဲ့ဆို​တော့် မြန်​မာစာ ဖတ်​လို့ရတယ်

အကုန်ဖတ်ရအောင် zawgyi. Unicode ထည့်ပေးထားတာပါ ဖတ်ရတာ အဆင်ပြေရင် ကျေနပ်ပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by min2thant from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

SMT-19

smt 11

SMT-15 done

SMT-4
done

SMT-4
done

SMT 5

SMT6 Done

SMT-14

SMT 22

SMT 2