မေရယ်
ယောင်ရမ်းလို့တမ်းတမိတယ်
မျက်တောင်တစ်ခတ်အတွင်းမှာ
အဖြစ်အပျက်တွေက
ရင်ကို ဗရမ်းဗတာဖြစ်စေတယ်
မေရယ်
ပြောရက်လိုက်တာ.......
ဒီလူကို လမ်းတစ်ဝက်မှာ
ထားခဲ့ရင် .......
မေရယ်
ခြောက်သွေ့တဲ့ နွေအလယ်မှာ
နှလုံးသွေးတို့ ရပ်တန့်သွားသလို
ခံစားနေရပါတယ်
မေရယ်