Electrokinesis တင်ပေးပါဆိုလို့ပါcredit)

in power •  7 years ago 

Electrokinesis တင်ပေးပါဆိုလို့ပါcredit)

Psi ballကအောက်မှာတစ်ယောက်တင်ပေးထားပါတယ်

Electrokinesis (လျှပ်စစ်ထိန်းချုပ်စွမ်းအား)

ကျနော်တို့ ခန္တာကိုယ်ထဲမှာ လျှပ်စစ်ဓာတ်ရှိလား ?
အဖြေကတော့ ရှိပါတယ် ..
ကျနော်တို့ လုပ်သမျှ ကိုင်သမျှ အရာအားလုံးဟာ ခန္တာကိုယ်ထဲက electric signal တွေကြောင့်ဘဲ ဖြစ်ပါတယ်။
ဒါဟာ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို Physic သဘောတရားလေး နည်းနည်းပြောပါမယ်။
အရာတိုင်းဟာ atoms တွေနဲ့ ဖွဲ့စည်းထားတာ ကျနော်တို့ သိပါတယ်။
အဲဒီ atoms တွေကတော့ protons, neutrons နဲ့ electrons တွေနဲ့ ဖွဲ့စည်းထားပါတယ်။
Protons တွေမှာ positive charge ရှိတယ်။
Electrons တွေမှာတော့ negative charge ရှိတယ်။
Atom တစ်လုံးမှာ proton နဲ့ electron တို့ရဲ့ charge တွေဟာ balance မဖြစ်တော့ရင် အဲဒီ Atom ဟာ positive charge ရှိတဲ့ Atom (သို့) negative charge ရှိတဲ့ Atom ဖြစ်လာနိုင်ပါတယ်။
Atom တွေရဲ့ charge တွေဟာ balance မဖြစ်တော့တဲ့အခါ electrons တွေဟာ Atom တစ်လုံးစီက နောက်တစ်လုံးစီ စီးဆင်းပါတော့တယ်။
အဲဒီ electrons တွေရဲ့ စီးဆင်းမှု (သို့) negative charge တွေရဲ့ စီးဆင်းမှုကတော့ electricity ဘဲဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်ခန္တာကိုယ်ထဲမှာ electricity ရှိနေပြီဘဲ !
ခန္တာကိုယ်ပိုင်ရှင်ဖြစ်တဲ့ ကိုယ်က ကိုယ့်ရဲ့ ကိုယ်ထဲမှာရှိတဲ့အရာကို ဘာလို့ မထိန်းချုပ်နိုင်ရမှာလဲ ?
ကြိုးစားကြရအောင် !

Electrokinesis ကတော့ Kinesiology တွေရဲ့ အခက်ဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။
အလိုအပ်ဆုံးကတော့ လုံးဝ သံသယ ကင်းတဲ့ ယုံကြည်မှုဘဲပေါ့...
ငါလုပ်ကိုလုပ်နိုင်ရမယ်.... ငါဖြစ်ကိုဖြစ်ရမယ်.....
အားကိုလျှော့ပစ်လိုက်လို့ မရပါဘူး။
ဒီ Electrokinesis က ခိုင်မာတဲ့ ဇွဲနဲ့ ယုံကြည်ချက်မရှိရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါ။

ရုပ်ရှင်တွေထဲမှာ လက်ကနေ လျှပ်စစ်ပစ်တာတွေ မြင်ဖူးကြမှာပါ။
ဒီ Electrokinesis ကျင့်စဉ် ကတော့ ရုပ်ရှင်ထဲက စိတ်ကူးယဉ် ဖြစ်ရပ်တွေကို လက်တွေ့အဖြစ် ပြောင်းလဲပေးမယ့် အရာဘဲဖြစ်ပါတယ်။

Electrokinesis ကျင့်နည်းတွေကို step by step ပုံတွေနဲ့ မပြတော့ဘဲ စုပြီးဘဲပြောပြပါတော့မယ်။
ကိုယ့်ခန္တာကိုယ်ထဲက electricity ကိုထုတ်ယူတဲ့အတွက် လေ့ကျင့်နည်းမှာ ပြင်ပ ပစ္စည်းအကူအညီမလိုတဲ့ အတွက် ပုံတွေနဲ့မပြတော့တာပါ။
လေ့ကျင့်နည်း အများကြီးမရှိပါဘူး။
နည်းနည်းလေးပါ။
နည်းပေမယ့် ယူရမယ့်အချိန်ကတော့ အများကြီးပါ။

အရေးကြီးဆုံးကတော့ စိတ်တည်ငြိမ်မှုပါဘဲ။
အဲအတွက် ဘာလုပ်ခိုင်းမယ်ဆိုတာ သိတယ်မလား ? 😂
ထပ်မပြောတော့ပါဘူး။

ညဘက် အားလုံးအိပ်သွားတဲ့ အချိန်မှာဘဲ ကျင့်ပါ။
ခုတင်ပေါ်မှာ သက်တောင့်သက်သာ ဖြစ်အောင်လှဲလိုက်ပါ။
အားလုံးလည်း တိတ်ဆိတ်နေပြီ၊ စိတ်လည်း တည်ငြိမ်နေပြီ ဆိုရင်စလို့ရပါပြီ။

Step 1

မျက်လုံးမှိတ်လိုက်ပြီး ကိုယ့်ရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာ electricity တွေ စီးဆင်းနေတယ်လို့ စိတ်ကူးယဉ်ပြီး မြင်အောင်ကြည့်နေပါ။ ဒီလေ့ကျင့်ခန်းကို တစ်ရက် အနည်းဆုံး မိနစ် 30 လုပ်ပေးပါ။
စိတ်ကူးယဉ်နေရင်း မိမိရဲ့ ခန္တာကိုယ်က တကယ်ဘဲ electricity စီးဆင်းသလို ကျဉ်လာပြီဆိုရင် step 1 အောင်မြင်ပါပြီ။
ဒီ step 1 ကိုဘဲ ထပ်ခါထပ်ခါ ကျင့်ပါ။
Electricity စီးဆင်းလို့ ကျဉ်တဲ့ခံစားမှုကို အကြာဆုံးထိန်းနိုင်အောင် ကြိုးစားပါ။

Step 2

ခန္တာကိုယ်တစ်ခုလုံး လျှပ်စစ်စီးဆင်းတာ အောင်မြင်ပြီဆိုရင်
Step 2 ဆက်သွားပါတော့မယ်။
Step 2 မှာတော့ ခန္တာကိုယ်တစ်ခုလုံးထဲကမှ electricity အဓိကထုတ်လွှတ်မယ့် လက်ညိုးဆီကို ဆက်သွားပါမယ်။
မျက်လုံးမှိတ်ထားပါ။
ဒီတစ်ခါတော့ လက်ညိုးထိပ်မှာဘဲ အာရုံစိုက်ပါ။
လက်ညိုးထိပ်မှာ လျှပ်စစ်စီးဆင်းနေတယ်ဆိုတာ စိတ်ကူးယဉ်ပါ။
Step 1 တုန်းကအတိုင်း လက်ညိုးမှာ သိသိသာသာကျဉ် လာပြီဆိုရင် step 2 အောင်မြင်ခါနီးပါပြီ။
ဘယ်တော့အောင်မြင်မလဲဆိုရင် သင် အရာဝတ္ထုတွေကို ကိုင်လိုက်တိုင်း electricity စီးဆင်းမှုကို ခံစားရပြီး လက်က ကျဉ်လာပြီဆိုရင် step 2 အောင်မြင်ပါပြီ။
ဒီ step 2 ကတော့ တစ်နေ့ကို အနည်းဆုံး တစ်နာရီကျင့်ရပါမယ်။

Step 3

Step 2 မှာ အရာဝတ္ထုတွေကို ကိုင်လိုက်တိုင်း လက်က ကျဉ်လာပြီဆိုရင် ဒီ step 3 ကိရောက်မှာပါ။
ဒီ ကျင့်စဉ်ကျင့်နေတဲ့အချိန်မှာ ကျင့်မယ့် အခန်းကလည်း မှောင်နေရပါမယ်။
အဝတ်အစားတွေကလည်း အနက်ရောင်ဝတ်ထားရပါမယ်။
အကြောင်းကတော့ ကိုယ့်တိုးတက်မှုကို ကိုယ်သိစေဖို့ဘဲဖြစ်ပါတယ်။
ပတ်ဝန်းကျင်က လင်းနေရင် ကိုယ်လေ့ကျင့်ရင်း လျှပ်စစ်အနည်းငယ် ထုတ်လွှတ်နိုင်ခဲ့ရင် သတိထားမိမှာ မဟုတ်ပါဘူး။
ပတ်ဝန်းကျင်က မှောင်နေမယ်ဆိုရင်တော့ ကိုယ့်တိုးတက်မှုကို ကိုယ်သတိပြုနိုင်မှာပါ။
ကိုယ့်လက်နှစ်ဖက်ရဲ့ လက်ညိုးနှစ်ချောင်းကို ပုံထဲကအတိုင်း အနည်းငယ်ခွာပြီး မျက်နှာချင်းဆိုင်ထားလိုက်ပါ။
ဒီ step မှာတော့ မျက်လုံးမှိတ်နေစရာမလိုပါဘူး။
မျက်လုံးဖွင့်ထားပေမယ့် စိတ်ကို မပြန့်လွင့်အောင်တော့ ထိန်းချုပ်ထားပါ။
မျက်နှာချင်းဆိုင်ထားတဲ့ လက်ညိုး နှစ်ချောင်းရဲ့ ထိပ်ကနေ electricity တွေ အသွားအပြန် စီးဆင်းနေတယ်ဆိုတဲ့ အသိကိုမှတ်ပါ။
ဒီ step 3 ကိုလည်း တစ်ရက်ကို အနည်းဆုံး တစ်နာရီကျင့်ပါ။
လက်ထိပ်နှစ်ခုကြားမှာ စိတ်ကူးယဉ်ထားတဲ့အတိုင်း electricity အကြောင်းလေး တကယ်စီးဆင်းလာပြီဆိုရင် step 3 အောင်မြင်ပါပြီ။
ပတ်ဝန်းကျင်ရော အဝတ်အစားပါ အနက်ရောင်တွေဖြစ်တဲ့အတွက် ကိုယ့်ရဲ့တိုးတက်လာမှုကို ကိုယ်သတိပြုမိမှာပါ။
လက်ညိုးထိပ်နှစ်ခုကြားက electric စီးကြောင်းလေးက ပိုပြီး လင်းထိန်ပြတ်သားလာတဲ့အထိ ကျင့်ပါ။
ဒီ step ကတော့ နှစ်တွေချီပြီးကြာပါတယ်။

Step 4

Step 3 ကိုအောင်မြင်ပြီးလို့ လက်ချောင်းထိပ်ကနေ electricity စီးဆင်းနိုင်ပြီဆိုရင် step 4 ရောက်ပါပြီ။
Step 4 ကတော့ electricity လေ့ကျင့်မှုရဲ့ နောက်ဆုံးဖြစ်သလို လေ့ကျင့်ချိန်အကြာဆုံးဘဲ ဖြစ်ပါတယ်။
စက္ကူ (သို့) ကတ်ထူပြားလေးတစ်ခု လိုပါမယ်။
Step 3 ကအတိုင်း မှောင်မဲတဲ့ ပတ်ဝန်းကျင်နဲ့ အနက်ရောင်အဝတ်အစားဘဲ ဖြစ်ရပါမယ်။
ကတ်ထူပြားလေးကို ကိုယ့်ရှေ့မှာထောင်ထားလိုက်ပါ။
ပထမဆုံးအနေနဲ့ လက်ကိုဆန့်ထုတ်ပြီး လက်ညိုးကို ကတ်ထူပြားလေးစီချိန်ထားပါ။
လက်ညိုးထိပ်နဲ့ ကပ်ထူပြား အကွာအဝေး တစ်လက်မကနေ စလေ့ကျင့်ပါမယ်။
ကိုယ်ထဲက electricity တွေကို အပြင်ကို လွှတ်ထုတ်တဲ့ ကျင့်စဉ်ဘဲဖြစ်ပါတယ်။
လက်ညိုးထိပ်ကနေ ကတ်ထူပြားဆီကို electricy စီးကြောင်း ပစ်လွှတ်နိုင်အောင်ကြိုးစားပါ။
Step 3 တုန်းက electricity စီးဆင်းနိုင်အောင် ကျင့်ပြီးတဲ့အတွက် စိတ်ကူးယဉ်နေစရာမလိုတော့ပါဘူး။
ပစ်လွှတ်နိုင်ဖို့သာ ကြိုးစားပါ။
ပစ်လွှတ်နိုင်ပြီဆိုရင်လည်း မရပ်လိုက်ပါနဲ့ဦး။
Electricity စီးကြောင်း သန်မာလာတဲ့ထိ ထပ်ခါထပ်ခါကျင့်ပါ။
တစ်လက်မအကွာအဝေးနဲ့ ကျင့်လို့အောင်မြင်ပြီဆိုရင် ကတ်ထူပြားကို လက်ညိုးထိပ်နဲ့ တဖြည်းဖြည်း ဝေးဝေးထားပြီးကျင့်သွားပါ။
ဝေးနိုင်သလောက် ဝေးဝေး ပစ်လွှတ်နိုင်အောင်ကျင့်သွားပါ။
လေ့ကျင့်တဲ့ နှစ်တွေကြာလာပြီး တော်တော်ဝေးဝေးကို electricity ကို ပစ်လွှတ်နိုင်ပြီဆိုရင် သင်ဟာ Electrokinesis အသုံးပြုနိုင်သူတစ်ယောက် ဖြစ်လာပါပြီ။

ဒီအထိ ကျင့်လို့အောင်မှသာ သဘာဝ electricity ထိန်းချုပ်နည်း လာထပ်တောင်းပါ 😂

အဆင်ပြေကြပါစေ 😊

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/312296978979582/photos/a.671097199766223.1073741829.312296978979582/675440902665186/?type=3