ခြင်္သေ့ဆိုတာ ....

in quotes •  7 years ago  (edited)

၁။ တောဘုရင် ကေသရာဇာ လို့ ခေါ်ရတဲ့အကြောင်းရင်းက
တစ်ခုတည်းပဲ ရှိတယ်။
(ဂျက်ခ်ဟန်းနား)
.
၂။ ဆာလောင်မွတ်သိပ်နေတဲ့ ခြင်္သေ့ဟာ ခါတိုင်းထက် ပိုပြေးနိုင်တယ်။
(ဆဲလ်မန်ခန်း)
.
၃။ တကယ် သန်မာတဲ့သူဟာ တခြားသူတွေဆီက ခွင့်ပြုချက်ကို
သိုးတွေရဲ့ ခွင့်ပြုချက်ကို ခြင်္သေ့က တောင်းခံစရာ မလိုတာထက်ကို
တောင်းခံစရာ မလိုဘူး။
(ဗာနွန်ဟောင်းဝေါ့ဒ်)
.
၎။ ငါ့ကို ဘယ်သူက လွှမ်းမိုးဖမ်းစားထားသလဲလို့ လာမမေးနဲ့။
ခြင်္သေ့ဆိုတာ သူစားထားတဲ့ အစာတွေနဲ့ တည်ဆောက်ထားတာ။
ငါ့ဘ၀တောက်လျှောက်လုံး စာတွေ ဖတ်ခဲ့တာ။
(ချားလစ်စ် ဒီဂေါ်လဲ)
.
၅။ ကျွန်မက ခြင်္သေ့တစ်ကောင်ပါ။
ကျွန်မ မကြမ်းဘူး။ ဒါပေမဲ့ သန်တယ်။
သေချာတာက ကျွန်မဟာ နံရံမှာ တွယ်ကပ်ပေါက်တဲ့ ပန်းတစ်ပွင့်
မဟုတ်တာပါပဲ။
(ခရက်ဆီဒါ ဘိုနက်စ်)
.
၆။ မကောင်းဆိုးရွားက တီးတိုးလေး ပြောတယ်။
မင်း ဒီမုန်တိုင်းကို ခံနိုင်မှာ မဟုတ်ဘူး။
.
သူရဲကောင်းက ပြန်ပြောလိုက်တယ်။
ငါသည်ပင် မုန်တိုင်း ဖြစ်ချေတယ်။
.
၇။ လူတိုင်း အစာ စားချင်ကြတယ်။
ဒါပေမဲ့ လူအနည်းငယ်ကသာ အမဲလိုက်ချင်စိတ် ရှိကြတယ်။
.

၈။ ငါ့အမာရွတ်တွေဟာ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။
လောကကြီးက ငါ့ကို ချိုးဖဲ့ဖျက်စီးဖို့ လုပ်လာတိုင်း
ကျရှုံးသွားလို့ ကျန်ခဲ့တဲ့ အမာရွတ်ပဲ ဖြစ်တယ်။
.
၉။ ကမ္ဘာကြီးဟာ တောအုပ်တစ်အုပ်မျှသာ ဖြစ်တယ်။
ချမလား၊ အချခံမလား။ အငွေ့ပျံမလား၊ လွှမ်းမိုးမလား။
.
၁၀။ တစ်ကောင်တည်း ရင်ဆိုင်တတ်ဖို့ သင်ယူပါ။
.
၁၁။ တကယ်လို့ ငါရည်မှန်းချက်နဲ့အိပ်မက်သွားရာ လမ်းမှာ
မင်းရှိနေတယ်ဆိုရင် ... လမ်းဖယ်ပေးဖို့ ငါအကြံပြုချင်တယ်။
.
၁၂။ တကယ်လို့ အရွယ်အစားကြီးတိုင်းသာ ဘုရင်ဖြစ်ကြေးဆိုရင်
ဆင်တွေဟာ ဘုရင်ဖြစ်ပြီပေါ့။
.
၁၃။ ဆိတ်ဆိတ်နေတာကို တုံးအတယ်လို့ ဘယ်တော့မှ မမှတ်နဲ့။
ငြိမ်ငြိမ်နေတာကို လက်ခံတယ်လို့ ဘယ်တော့မှ မမှတ်နဲ့။
ကြင်နာတာကို အားနာတယ်လို့ ဘယ်တော့မှ မမှတ်နဲ့။
.
၁၄။ ခြင်္သေ့ဆိုတာ အမဲလိုက်ဖို့ အိပ်မက် မက်မနေဘူး။
.
၁၅။ နိမ့်ကျနေတုန်း ဖိနင်းဖို့ ဆောင့်ကန်ဖို့ လုပ်မယ်ဆိုရင်
ငါပြန်ထ မလာပါစေနဲ့လို့ ကြိုဆုတောင်းထားတာ ကောင်းလိမ့်မယ်။![b05a4e7b21ab2794009e55355766c05b.jpg]

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!