အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးစုတွေကို မြန်မာအစိုးရ ပြန်လည်လက်ခံမယ်လို့ ဂတိထားခဲ့ပေမယ့် မြန်မာအစိုးရဧ။် လှုပ်ရှားဆောင်ရွက်မှုပုံရိပ်တွေမှာ ရိုဟင်ဂျာတွေကို ဘယ်တော့မှ အိမ်ပြန်မလာစေလိုတဲ့ သဘောရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးမစခင်အချိန်တွင် ရိုဟင်ဂျာလူမျိုးစုများနေထိုင်ခဲ့သော နေရာများကို လုံးဝအသွင်ပြောင်းလိုက်တာတွေ့ရှိရပါတယ်။ ယခင်ကရိုဟင်ဂျာ အများစု နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း နေရာအများပြားမှာ ရိုဟင်ဂျာတစ်ဦးမှ မကျန်ရှိတဲ့အပြင် နောက်နောင်တွင်လည်း ပြန်မလာနိုင်အောင် စီစဉ်ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။
ရိုဟင်ဂျာလူမျိုးစုတွေ နေထိုင်ခဲ့တဲ့ ကျေးရွာတွေကို အပြီးပိုင်ဖြိုဖျက် ဖျက်စီးပြီး အိမ်အသစ်များ ဆောက်လုပ်နေတာ တွေ့ရှိရပေမယ့်လည်း ၄င်းအိမ်သစ်တွေမှာ မူလပိုင်ရှင် ရိုဟင်ဂျာလူမျိုးစုတွေကို ပြန်လည်နေရာချထားပေးရန် မဟုတ်ပဲ တခြားလူမျိုးစု ဗုဒ္ဓဘာသာဝင်တွေကိုသာ နေရာချထားပေးနေတာ တွေ့ရှိရပါတယ်။
၂၀၁၇ခုနှစ် မတ်လမှာ ဂြိုလ်ထုမှတစ်ဆင့် ရိုက်ယူခဲ့တဲ့ပုံတွေအရ ရိုဟင်ဂျာလူမျိုးအများစုနေထိုင်ခဲ့တဲ့ ကျေးရွာတွေကို ရခိုင်လူမျိုးအများစုနေထိုင်ကြတဲ့ ကျေးရွာတွေနဲ့ နီးကပ်စွာတွေ့ရှိခဲ့ရပြီး စက်တင်ဘာလမှာ ရိုက်ယူခဲ့တဲ့ပုံတွေမှာတော့ ရိုဟင်ဂျာအများစု နေထိုင်ခဲ့တဲ့ကျေးရွာတွေကို မီးရှို့ဖျက်စီးထားတာတွေ့ရှိရပါတယ်။ လက်တလော ပြန်လည်ရိုက်ယူခဲ့တဲ့ ပုံတွေမှာ ယခင်ရိုဟင်ဂျာရွာတွေကို အဆောက်ဦးသစ်တွေနဲ့ လုံးဝအသွင်ပြောင်းနေတာကို တွေ့ရှိရပြီး ရခိုင်လူမျိုးစုတွေကိုသာ နေရာချထားပေးနေကြောင်း ရိုက်တာသတင်းအရ သိရှိရပါတယ်။
ယခုလိုလုပ်ဆောင်နေခြင်းက ရိုဟင်ဂျာလူမျိုးစုတို့နေထိုင်ခဲ့ရာနေရာကို ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ နေရာအဖြစ် အသွင်ပြောင်းရန် မြန်မာအစိုးရနှင့်အတူ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေက ဦးဆောင် ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရ ရေးဆွဲထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်း ပြန်လည်နေရာချထားရေးမူကြမ်းမှာ မိမိတို့မူလနေထိုင်ခဲ့တဲ့ ကျေးရွာတွေမှာ ပြန်လည်နေရာချထားပေးမှာ မဟုတ်သလို မိမိတို့ပိုင်အိမ်များတွင် နေရာချထားပေးခြင်း ပြုလုပ်မှာလည်း မဟုတ်ကြောင်း သိရှိရပါတယ်။
ထိုသို့ အင်အားနည်းရိုဟင်ဂျာလူမျိုးစုများဧ။် အိုးအိမ်ပိုင်ဆိုင်မှုများကို မတရားသဖြင့် အသွင်ပြောင်းကာ မူလပိုင်ရှင်မဟုတ်သည့် တစ်ခြားသောလူမျိုးစုများအား ပေးနေခြင်းသည် ရိုဟင်ဂျာများ မိမိဌာနေကို ပြန်မလာနိုင်စေရန် မြန်မာအစိုးရမှ ကြိုတင်ကြံစည် ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။
Source: Reuters
Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac%e1%80%b1%e1%80%90%e1%80%bc-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%80%b9%e1%80%80/