Xiaomi Redmi S2

in redmi •  6 years ago 

“ဒေါ်လာ ၁၈၀ လောက်ရှိမယ့် Xiaomi Redmi S2”

Xiaomi Redmi S2 ရဲ့ ဈေးနှုန်းကို ဗီယက်နမ် အရောင်းဆိုင်တစ်ခုက ဖော်ပြထားပါတယ်။ သူ့ရဲ့ တန်ဖိုးဟာ ၁၈၀ ဒေါ်လာ ၀န်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။ ယခင်ကလည်း သူ့ရဲ့ သတင်းအချက်အလက်များဟာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီဇိုင်း အပိုင်းမှာ သူဟာ Redmi Note 5 Pro နဲ့ တူညီပါတယ်။ သူဟာ တန်ဖိုးနည်း ဖုန်းဖြစ်ပေမယ့် အခုခေတ်စား နေတဲ့ Dual Camera နဲ့ 18:9 Screen များ ထည့်သွင်းထားပါတယ်။

သူ့ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၅.၉၉ လက်မ ဖြစ်ပါတယ်။ LCD Screen အမျိုးအစား ဖြစ်ပြီး အရည်အသွေးမှာ 720x1440px ဖြစ်မှာပါ။ သူ့ကို Redmi Note 5 မှာ သုံးထားတဲ့ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 16GB Internal Storage အပြင် microSD Card စိုက်နိုင်ပါတယ်။

Dual Rear Camera များအနေဖြင့် 12MP နဲ့ 5MP များကို ထည့်သွင်း ပေးထားပါတယ်။ Selfie Camera ကတော့ 5MP ဖြစ်ပါတယ်။ အနောက် ကင်မရာများဟာ Redmi Note 5 Pro နဲ့ တူညီမယ်လို့ ယူဆရပါတယ်။ အနောက် ကင်မရာများက နောက်ခံမှုန်ဝါးတဲ့ Portrait ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ Electronic Image Stabilization နည်းပညာ လည်း ပါပါတယ်။ အရှေ့ ကင်မရာကနေ Face Unlock ကို သုံးနိုင်ပါ တယ်။

သူ့မှာ 3080mAh Battery ထည့်သွင်းထားပါတယ်။ Fingerprint Sensor ပါမလားတော့ မသိရသေးပါဘူး။ နောက်ဆုံးထုတ် Android 8.1 Oreo ပါလာမှာပါ။
31662162_845912095587528_6809982999304601600_n.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!