ဘူးသီးတောင်မြို့တွင် ကူးတို့ခများပိုမိုကောက်ခံနေကြောင့် ဆင်းရဲသူ/သားများ အခက်ခဲနှင့်ရင...

in riuhngg-aa •  6 years ago 


ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စည်ပင်သာယာပိုင် ကူးတို့များက ၂၀၁၈ခုနှစ် ဧပြီလမှ စတင်ကာ ကူးတို့ဆိပ်မှ သွားလာနေသော ပြည်သူများထံမှ ကူးတို့ခများ ပိုမိုကောက်ခံ နေသောကြောင့် နေ့စဉ်သွားလာနေကြသော ဆင်းရဲသူ/သားများ အနေနှင့် အခက်ခဲများကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ ထားပါတယ်။

ဘူးသီး​တောင်​ စည်​ပင်​သာယာပိုင်​ ကူးတို့များဖြစ်ကြသော စိုင်းဒင်​ဝ ကူးတို့နှင့် အတွင်းငှက်သေ၊ ဝရကျွန်း၊ ​ဇော်​​ဘော်​ ကူးတို့များ၏ ပုံမှန်​ကူးတို့ခမှာ ၂၀၀ကျပ် ဖြစ်​​သော်​လည်း ယခုအချိန်တွင်​ ၅၀၀ကျပ်နှုန်းဖြင့် ​ကောက်​​ခံ နေသောကြောင့် ဆင်းရဲသည့် ပြည်​သူ/သားများ အနေနှင့် လွန်​စွာ ဒုက္ခ​ရောက်​​ရှိနေကြပါတယ်​။

ကွမ်းရွက်​ထမ်း​ရောင်းသူများ၊ ငါး​ခြောက်​ထမ်း​ရောင်​သူများ၊ ကြက်​ဥ/ဘဲဥ စသည်တို့ ​ရောင်းဝယ်​ပြီး ဆင်းရဲပင်ပမ်းစွာ လုပ်ကိုင်စား​သောက်​ နေရသူများထံမှ ထမ်းပိုးအတွက်​ ၅၀၀ကျပ်နှင့် လူအတွက်​ ၅၀၀ကျပ် ​ပေး​နေရသဖြင့် အသွား/ပြန်​ ၂၀၀၀ကျပ်ပေးရန် မတတ်​နိုင်​သော ဆင်းရဲသားများအနှေင့် နိုင်ထက်စီးနင်း ပြုလုပ်မှုများ နေ့စဉ်ရင်ဆိုင်လျက် ရှိနေပါတယ်​။

၅၀၀ကျပ်တိတိ မ​ပေးနိုင်​သည့်အချိန်မျိုးတွင် အမျိုးသမီးများထံမှ ထီးလုယူခြင်း ၊ ပစ္စည်းသိမ်းယူခြင်းများပြုလုပ်​လျက်​ရှိတဲ့အပြင်​ စက်​ဆုပ်​ရွံရှာဖွယ်​ စကားလုံး အသုံးအနှုန်းများဖြင့် ရိုင်းပျစွာ ဆဲဆိုမှုတွေ ပြုလုပ်လျက် ရှိပါတယ်​။တောင်းရမ်းစားသောက်ကြရသော ဆင်းရဲသားများ အနေနှင့် တစ်​​နေ့တာ​​တောင်းရမ်း ရရှိငွေမှ အသွား/ပြန်​ ၁၀၀၀ကျပ်ပေးရန် မတတ်နိုင်သောကြောင့် ထိုသူတို့ထံမှ ​တောင်းရမ်းရရှိထား​သော ဆန်​နှင့်အခြားပစ္စည်းများကို လုယူခြင်းများ ပြုလုပ်​လျက်​ရှိပြီး မကြာခဏ ကိုယ်​ထိလက်​​ရောက်​ စော်ကားခြင်းလည်းရှိပါတယ်​။

ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် အခက်ခဲတွေ၊ မတရားမှုတွေကို မြန်မာအစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးခြင်းလည်း မရှိသလို အရေးယူခြင်းလည်း မရှိပေ။ ထို့ကြောင့် အာဏာပိုင်များအနေနှင့် နေ့စဉ်နှင့်အမျှ နိုင်ထက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%80%e1%80%b0/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!