ဘူးသီးတောင်တွင် ရိုဟင်ဂျာနေအိမ်ပေါင်း ၂၄အိမ်ခန့် မီးရှို့ဖျက်စီးခံရ

in rvisionburmese •  6 years ago 


ဘူးသီးတောင်မြို့နယ် ကုန်တိုင်ကျေးရွာအုပ်စုတွင် ၂၀၁၉ခုနှစ် မတ်လ ၂ရက် နေ့လည် နှစ်နာရီခွဲခန့်က ရိုဟင်ဂျာနေအိမ်ပေါင်း ၂၄အိမ်ခန့်ကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရှိရပါတယ်။

မီးရှို့ဖျက်စီးခံရသည့် အိမ်များမှာ မြန်မာနယ်ခြားစောင့်ရဲများ သို့မဟုတ် ရခိုင်အစွန်းရောက်များ၏ လက်ချက်သာဖြစ်နိုင်ကြောင်း ဒေသခံများက ကောက်ချက်ချခဲ့ကြပါတယ်။ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် အိုးအိမ် စည်းစိမ်များနှင့် ဆောင်းတွင်း အဝတ်စားများ မီးလောင်ကျွမ်းသည့်ထဲ ပါသွားခဲ့သောကြောင့် အပြစ်မဲ့ ရိုဟင်ဂျာ ဦးရေ တစ်ရာခန့်က စားဝတ်နေရေးနှင့် ဆောင်းဝတ်များအတွက် အခက်ခဲများ ကြုံတွေ့နေကြ ရပါတယ်။

လက်ရှိအချိန်မှာ နေအိမ်မီးရှို့ခံရသည့် ရိုဟင်ဂျာများ အနေနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၏ အကူညီများ အရေးပေါ်လိုအပ်လျက်ရှိနေပါတယ်။ ၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု စတင်ချိန်တွင် ရိုဟင်ဂျာ တို့၏ နေအိမ် အားလုံးနီးပါမီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အနည်းငယ်ကျန်ရှိခဲ့သည့် နေအိမ်များလည်း ဆက်လက် မီးရှို့ဖျက်စီး ခံနေရခြင်းပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%9b%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!