ဘူးသီးတောင်တွင် ချို့တဲ့သည့် ရိုဟင်ဂျာများ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ငွေညှစ်ခံနေရ

in rvisionburmese •  6 years ago 


ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​မြို့ရှိ အာဏာပိုင်များ၏ တပည့်တစ်ဦးလည်းဖြစ်သူ တရားရုံးတွင်​ စကားပြန်အဖြစ်လည်း လုပ်ကိုင်သူ​ တစ်​ဦးက အပြစ်မဲ့ ရိုဟင်​ဂျာများထံမှ ခြိမ်း​ခြောက်​ ငွေညှစ်​​နေ​ကြောင်းသိရပါသည်​။

ဘူးသီး​တောင်​မြို့နယ်​ ကွန်​တိုင်ကျေးရွာအုပ်​စု​နေ အာနိုဝါရ်​ဆာ​ဒဲခ် (၃၂) နှစ်​သည်​ လွန်​ခဲ့​သော ၃ နှစ်​ခန့်​ကစ၍ ဘူးသီး​တောင်​မြို့နယ်​ တရားရုံးတွင်​ စကားပြန်​အဖြစ်​​ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ထိုသူလုပ်ကိုင်နေသော စကားပြန်အလုပ်ကို အခွင့်​​ကောင်းယူပြီး တရားသူကြီး၊ ဥပ​ဒေအရာရှိ တို့၏နာမည်​​သုံးကာ ခြိမ်း​ခြောက်​ ​ငွေညှစ်​​နေခြင်း၊​ ဆင်းရဲ​သော ရိုဟင်​ဂျာများ ​ငွေမ​ပေးနိုင်​လျင်​ ဘာသာပြန်​​ပေးရာတွင်​ လိမ်​လည်​ပြီး​ ပြန်ပေး​နေ​ခြင်းများ ပြုလုပ်နေပါတယ်။

ဘူးသီး​တောင်​မြို့နယ်​ ဖရုံ​ချောင်း​ကျေးရွာအုပ်​စု​နေ နူရ်​နာရ်​​ဘေ​ဂေါမ်​နှင့်​ အိမ်​နီးနားချင်းတစ်​ဦး ​ကတောက်ကဆ ဖြစ်​သည်ကို အခွင့်​​ကောင်းယူ၍ ၎င်းနူရ်​နာရ်​​ဘေ​ဂေါမ်​ထံမှ တရားသူကြီး၊ စာ​ရေးကြီး၊ ဥပ​ဒေအရာရှိတို့ကို ​ပေးရမည်​ဟု ပြောဆိုကာ ၂လခန့်​ အချိန်ကာလအတွင်း ​ငွေကျပ် ခြောက်​သိန်း​ကျော်​ ညှစ်​ယူခဲ့​ပါတယ်။ထို့​နောက်​ ကာမာလ်​ဟူ​ဆောင်းထံမှ ​ငွေကျပ်​ ၅သိန်း​တောင်းခံခဲ့ရာ ​ငွေကြေးမတတ်နိုင်သောကြောင့် ထိုငွေကိုမ​ပေးနိုင်​ခဲ့ရာ အမှုစစ်​​ဆေး​နေ​စဉ်​တွင်​ ထိုသူ၏ ထွက်ဆိုချက်များကို လိမ်​လည်​ဘာသာပြန်​ ​ပေးခဲ့သည့်အပြင်​ ထောင်ကျခံရအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့ပါတယ်။

ထို့အပြင်​၂၀၁၈ခု​နှစ် ဒီဇင်ဘာလမှစပြီး တစ်လတာ အချိန်ကာလတွင် ကျောက်​ဖြူသာသေကံ​ကျေးရွာ​နေ ​ဘော်​​ကောရ်​(ဘ)အဒူ​ဆော်​လာမ်​ထံမှ ငွေကျပ်​ ၄၅၀၀၀၀ ခြိမ်းခြောက်ညှစ်​ယူခဲ့ပြီး၊ နာဆဲရ်​အာမတ်​(ဘ)​မောဂုလ်​ဟူ​ဆောင်း ထံမှလည်း ​ငွေကျပ်​ ၂၈၀၀၀၀​၊ အဘုလ်​ကာဆိမ်း(ဘ)​ဆော်​ဒါရ်​ဟူ​ဆောင်းထံမှ ငွေကျပ်​ ၃၅၀၀၀၀​၊ ဆော်​​ယောဒ်​(ဘ)အဒူ​မော်​ဇိတ်​ထံမှ ​ငွေကျပ်​ ၄၂၀၀၀၀ကျပ်​နှင့် မာမတ်​နုရ်​(ဘ)အဘုလ်​ဟူ​ဆောင်းထံမှ ​ငွေကျပ်​ ၄၀၀၀၀၀ကျပ်​ညှစ်​ယူခဲ့သည်​။

ထိုကဲ့သို့ ကျေးရွာနေ ချို့တဲ့သည့် ရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်ယူနေခြင်းများကို သက်ဆိုင်ရာများမှ အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြသော်လည်း ယနေ့ချိန်ထိ မည်သည့်အရေးယူခြင်းများမှ မပြုလုပ်ပေးသည့်အတွက် ဆင်းရဲသူ/သား ရိုဟင်ဂျားများကို ဆက်လက်ညှင်းပမ်းလျက်ရှိနေပါတယ်။
Photo Credit: dhakatribune

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%b2/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!