မောင်တောမြို့တွင် အာဏာပိုင်များ၏ လက်ကိုင်တုတ်က လမ်းပြုပြင်မည့် ငွေကြေးများအား အလွှဲသုံးစ...

in rvisionburmese •  6 years ago 


မောင်တောမြို့။ ။ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာတွင် WFP၏ လက်အောက်ခံဖြစ်သော NRCမှ မောင်နီရွာထဲရှိ လမ်းများကို ကျောက်ခင်း ပြုပြင်ရန် သိန်းပေါင်း ၇၅၀ ကုန်ကျခံ၍ လုပ်ပေးလျက်ရှိရာ၊ ၄င်းရွာမှ ဒေသခံတစ်ဦးဖြစ်သူ မာမတ်ရော်ရှိတ် (အုပ်ချုပ်ရေးမှုးဟောင်း) ဖြစ်သူက တာဝန်ယူ လုပ်ကိုင်ခဲ့ပါတယ်။

အဆိုပါလမ်းသည် မြို့မတောင်ရပ်ကွက် တံတားမှ မောင်နီရွာ ဘုတ်ဆိပ်အထိ ခင်းရန် ဖြစ်သော်လည်း အစိုးရ မူလတန်းကျောင်း အထိသာ ခင်းကျင်း၍ လုပ်ငန်းရပ်ဆိုင်း ခဲ့ပါတယ်။ ထိုလမ်းခင်းကျင်းရန် ကျောက်များ သယ်ဆောင်ရာတွင် ကျောက်သယ်ကား တစ်စီးလျင် သယ်ယူခ (၈၀၀၀၀)ကျပ် ပေးရသည်ကို ၁သိန်း၅သောင်းကျပ်နှုန်း ပေးဆောင်ရသည်ဟု NRC သို့စာရင်းလိမ်လည် တင်ပြထားကြောင်း သိရပါတယ်။ 

လမ်းခင်းမည့် ငွေကြေးများ အလွှဲသုံးစား ပြုလုပ်ပြီးနောက်  ဘုတ်ဆိပ်အထိ ကျောက်ခင်းရန် ငွေကြေး မလုံလောက်ကြောင်း ရွာသားများအား လိမ်လည် ပြောဆိုခဲ့ပါတယ်။ ထိုသူက ငွေကြေးအလွှဲသုံးစား လုပ်ထားသည်ကို ရွာသားများက သိရှိကြသော်လည်း ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့နေကြပါတယ်။ ထိုသို့ ကြောက်ရွံ့နေကြရခြင်း အကြောင်းရင်းမှာ မာမတ်ရော်ရှိတ်သည် (၅၅၁)တပ်မှ  ဗိုလ်မှုး-ကျော်ဇေယျ၏ သတင်းပေး တစ်ပည့် တစ်ဦးဖြစ်သလို၊ ခရိုင်ရဲမှုး၏ လက်ကိုင်တုတ် တစ်ယောက် ဖြစ်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ရွာသားတစ်ဦးက “အဓိကခင်းရမဲ့လမ်းကို မခင်းထားတာကြောင့် မိုးရာသီရောက်ချိန်မှာ သွားရေး၊လာရေးအခက်အခဲ ဒုက္ခဖြစ်မှာ၊ ဒီလိုရပ်ရွာအကျိုးကိုဖျက်စီး နေသူကိုတာဝန်ရှိသည့် လူကြီးမင်းများအနေဖြင့် စုံစမ်းစစ်ဆေးပြီးအရေးယူပေးပါ" ဟုတောင်းဆိုထားပါတယ်။

ယခုကဲ့သို့ သွားလာရေး အဆင်ပြေစေရန် လမ်းများပြုပြင်ဆောင်ရွက် ပေးနေခြင်းကို ငွေကြေးအလွှဲသုံးစားပြုကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး အဟန့်တားဖြစ်စေသူများကို အစိုးရမှ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်နေကြပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%b1%e1%80%99%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%95/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!