မိုး................

in short-story •  7 years ago 

rain_3_by_kokoszkaa-d6s8wq5.jpg

အမှန်တိုင်းပြောရလျှင်ဖြင့် မိုးရာသီကိုကျွန်တော်ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော်တို့သည် ငယ်ရာမှာတဆင့် တစ်ဖြည်းဖြည်း အသက်ရွယ်ကြီးရင့်လာသည့်တိုင် အခြားရာသီဥတုများထက် မိုးရာသီရောက်လျှင် ငယ်မူပြန်ကြစမြဲပင်။ အလွမ်းသမားများအဖို့ တွေးလို့ကောင်း၊ ဆွေးလို့ကောင်း ရာသီပေါ့။ ကျွန်တော်ထင်ပါတယ်... မိုးရာသီရောက်လျှင် စာသင်ကျောင်းများပြန်ဖွင့်သည့်အချိန် ကျောင်းစိမ်းဝတ်စုံများနဲ့ ကျောင်းသားသူငယ်များကိုမြင်တိုင်း ငယ်စဉ်ဘ၀ သူငယ်ချင်းများ၊ မိုးရေထဲ လွယ်အိတ်ကိုနောက်ပြန်လွယ် အိမ်ပြန်ပြေးခဲ့ကြတဲ့အချိန်တွေကို ပြန်လည်သတိရဆဲမဟုတ်လား။ ကျောင်းပြန်တက်ချင်သည့်စိတ်များသည်လည်း ကျွန်တော်တို့ရဲ့ရင်ထဲ ၊ နှလုံးအိမ်ထဲမှာ ၀ဲပျံရစ်ခို တဒင်္ဂမွေ့လျှော်သည့် ကြည့်နူးဆွတ်ပျံဖွယ်ရာ ခံစားချက်များကို မိုး....ဆိုသည့် မိုးဥတုကသာ ပြန်လည်ပေးစွမ်းနိုင်သည်သာ ဖြစ်ပေလိမ့်မည်...

အော်....မိုး......
ထာဝစဉ်မရိုးနိုင်တဲ့ ဆန်းသစ်နုပျိုမှုတွေကို နှစ်စဉ်နှစ်တိုင်း ယူဆောင်လာစမြဲ တိုးဝင်လာစမြဲ ရစ်ပတ်လာစမြဲပါလား မိုးရယ်......

ကိုညီညီ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

@konyinyi, congratulations on making your first post! I gave you an upvote!

Please give me a follow and take a moment to read this post regarding commenting and spam.
(tl;dr - if you spam, you will be flagged!)

Thank you so much