Zawgyi Version
မဂၤလာပါဗ် ကၽြန္ေတာ္ postတင္ဖို႔ တစ္ရက္ပ်က္ကြက္ခဲ့ပါတယ္။ ပ်က္ကြက္ရတဲ့အေၾကာင္းရင္ကေတာ့ ကၽြန္ေတာ္ fieldနဲ႔ tripသြားေနရလို႔ပါဗ်။ ခရီးသြားရင္း ကားေပၚမွာ ေရးဖို႔ေတာ့ ႀကိဳးစားပါေသးတယ္။ ဒါေပမဲ့ ခရီးက ေဝးေတာ့ လူက အရမ္းပန္းေနေတာ့ ကားေပၚမွာ ေခါင္းေတာင္ မေထာင္ႏိုင္ပါဘူးဗ်ာ။ ခုေတာ့ ကၽြန္ေတာ္ ျပန္ေရာက္ၿပီျဖစ္တဲ့အတြက္ postေလးျပန္ေရးလိုက္ပါတယ္။
ကၽြန္ေတာ္တို႔ Field/Tripသြားခဲ့တဲ့ အမွတ္တရေတြကို ကၽြန္ေတာ္ ေဖာ္ျပတင္ျပေရးျပခ်င္ပါတယ္။
Fieldကေတာ့ ေနျပည္ေတာ္ ဆက္သြယ္ေရးရံုး နဲ႔ Auto Exchangeရံုးကို သြားေရာက္ေလ့လာရတာပါ။ ေနျပည္ေတာ္ကို သြားေတာ့ မနက္စာက မစားသြားဘူးေလ။ ဗိုက္ေဟာင္းေလာင္းနဲ႔ပဲ သြားခဲ့ၾကတာေပါ့။ MPTရံုးကို သြားေတာ့ ကားက MPTရံုးကို ေက်ာ္ၿပီး ေမာင္းထြက္သြားခဲ့တာ ဘယြသူကမွလည္း သိဘူးေလ။ ကားေမာင္းရာပဲ ပက္လိုက္ေနတာဆိုေတာ့။ ၁၀ေလာက္ လမ္းမွာ ေမာင္းၿပီးမွာ ကားသမားနဲ႔ ဆရာမေတြ လမ္းမွားေနၾကမွန္းသိၿပီး ကားေတြကို ဂငယ္ေကြ႕ေတြ ျပန္ေကြ႕ၿပီး MPTရံုးရွိရာကို ျပန္သြားရျပန္တာေပါ့။ ရံုးထဲမွာ ေလ့လာစရာေတြ ေလ့လာၿပီး ေန႔လည္အေရာက္မွာ ဗိုက္ေတြဆာေနေတာ့ ေနျပည္ေတာ္က စားေသာက္ဆိုင္တစ္ဆိုင္ဆီကို ကားက ေမာင္းပို႔ေပးတယ္။ ထမင္းစားခ်ိန္ဆိုေတာ့ ဆိုင္က လူက်ေနတယ္။ ကၽြန္ေတာ္တို႔အဖြဲ႕ေရာက္လာေတာ့ ပိုၿပီးေတာ့ လူက ခ်ဳပ္လာတယ္။ သူမ်ားေတြက အသားငါးဟင္းေတြနဲ႔ တိုးၿပီး စားေသာက္ေနၾကတယ္။ ကၽြန္ေတာ္ကေတာ့ တိုးစားရင္ ၾကမွာပဲဆိုၿပီး ခပ္တည္တည္နဲ႔ စားပြဲထိုးတစ္ေယာက္ဆီ သြားၿပီး ထမင္းေပါင္းတစ္ပြဲ ခ်ပါလို႔ သြားမွာလိုက္တယ္။ ဟုတ္ကဲ့လို႔ပဲ ေျပာတယ္ ဘာမွ ထပ္မေမးေတာ့ဘူး။ ကၽြန္ေတာ္ေၾကာင္သြားတယ္။ တကယ္ဆို ၾကက္နဲ႔လား ဝက္နဲ႔လား ပင္လယ္စာနဲ႔လားေတာ့ ေမးသင့္တာေပါ့။ ကၽြန္ေတာ္မႀကိဳက္တာလာခ်ရင္ ျပႆနာပဲေလ။ တိုးစားတဲ့သူေတြအားလံုး စားေနၾကေပမဲ့ ကၽြန္ေတာ္ မစားရေသး။ ဗိုက္ကေတာ့တအားဆာေနၿပီ။ အတူတူ စားပြဲကသူငယ္ခ်င္းေတြ စားၿပီးလို႔ထိုင္ေနတဲ့ခ်ိန္က်မွ လာခ်ေပးတယ္။ ဆိုးလိုက္တာ အသီးအရြက္ကို သိပ္မစားတဲ့ကၽြန္ေတာ့္အတြက္ သက္သက္လြတ္ႀကီးလာခ်ေပးသြားတယ္။ ထမင္းေပါင္းမွာ အရြင္ေတြနဲ႔ အသီးေတြပဲပါလာတယ္။ အရင္စားဖူးတာကေတာ့ အသီးအရြက္ေကာ အသားေကာ မၽွမၽွတတပါတာပဲ စားဖူးတာေလ။ ခုေတာ့ ခရီးကပန္းလာပါတယ္ဆို စားရတာလည္း သိပ္ခံတြင္း မေတြ႕ေတာ့ဘူး။ စိတ္ကနည္းနည္း တိုသြားတယ္ဗ်ာ။ တစ္ဝက္ေလာက္ပဲ စားၿပီး က်န္တစ္ဝက္ကို ခ်န္ထားခဲ့လိုက္တယ္။ စိတ္ကမၾကည္ေသး ဘာကိုမေၾကနပ္မွန္း မသိဘူး။ ပိုက္ဆံေပးရတာရင္းတူတူ သူမ်ားနည္းတူ အသားေလးငါးေလးနဲ႔ စားခ်င္တာေပါ့။ ေနာက္ဆံုး ဘာေတြ႕လဲဆိုေတာ့ စားပြဲေပၚတင္ထားတဲ့ ထန္းလ်က္ခဲဘူးကို ေတြ႕ေရာ။ အခ်ိဳသိပ္မႀကိဳက္ေပမဲ့ ယူၿပီး အစားတဲ့သူေတြပါ လိုက္ေဝပလိုက္တယ္။ ဘယ္ရမလဲဆိုၿပီး တစ္ဘူးလံုး ေျပာင္သြားေအာင္ လိုက္ေဝပလိုက္တာေပါ့။ ပိုက္ဆံရွင္းမယ္ဆိုေတာ့ ၆၅၀၀တဲ့။ စိတ္ထဲေတာ့ ဘယ္ေက်နပ္မလဲ တင္းသြားတာေပါ့။ ဘယ္တက္ႏိုင္မလဲေလ ခရီးသြားတာဆိုေတာ့ ဒီလိုပဲလို႔ စိတ္ေျဖလိုက္ရတယ္။
ေျပာရအံုးမယ္ဗ် ကားသမားေတြအေၾကာင္း
ငွားသြားတဲ့ကားက ရန္ကုန္-ေပ်ာ္ဘြယ္ကား ေနျပည္ေတာ္ ၿမိဳ႕ထဲသိပ္မကၽြမ္းဘူးတဲ့။ ငါးပါးေတာ့ ေမွာက္ၿပီေလ။ Expressကားႀကီးနဲ႔ ေနျပည္ေတာ္ၿမိဳ႕ႀကီးထဲမွာ အိပဲ့အိပဲ့နဲ႔ သြားေနတာေပါ့။ ဘယ္သြားမွာလဲဆိုေတာ့ ေနျပည္ေတာ္ Auto Exchangeရံုးတဲ့။ ကားကို ဟိုနားရပ္ ဒီနားရပ္နဲ႔ လမ္းမွာေတြ႕တဲ့သူ ဆင္းဆင္းေမးေနရတာဟာလဲ ကားေပၚလိုက္လာတဲ့ သူေတြအတြက္ေတာ့ ရယ္ခ်င္သလို ငိုခ်င္သလို ျဖစ္ေနတာေပါ့။ Exchangeရံုးေရာက္ေတာ့လည္း ေနကပူပူ အရိပ္ကမရွိ ေရာက္တာနဲ႔ ရံုးထဲလည္း ခ်က္ခ်င္းမဝင္ရေတာ့ ေနပူပူမွာ ေသာင္တင္ရျပန္ေရာဗ်ာ။ ပူလိုက္တဲ့ ေနျပည္ေတာ္ရယ္လို႔ေတာင္ ေရရြတ္မိတယ္။
ေျပာရအံုး ကၽြန္ေတာ္ပါတဲ့ကားမို႔ ကံဆိုးတာလား မသိဘူးဗ်ာ။ ျဖစ္ခ်င္ေတာ့ ကၽြန္ေတာ္တို႔စီးတဲ့ကားက ပ်က္လို႔ စားေသာက္ဆိုင္က ထြက္ကတည္းက သူမ်ားကားမွာ ကပ္လိုက္လာခဲ့ရေသးတယ္ဗ်ာ။ Exchangeရံုးထိေပါ့။ သူမ်ားေတြ Expressကားေပၚမွာ ဇိမ္နဲ႔ ေအးေဆးထိုင္လိုက္ေနရေပမဲ့ ကၽြန္ေတာ္တို႔ကေတာ့ seniorေတြစီးတဲ့ expressကားေပၚမွာ လိုင္းကားတိုးစီးရသလို တြဲေလ်ာင္းခိုး မက္တက္လိုက္ခဲ့ရေသး။ Seniorမမေတြရွိေတာ့ ရွက္တာေပါ့။ မ်က္ႏွာေတြကို မေဖာ္ႏိုင္ရွာဘူးဗ်ာ။
ပ်က္ေနတဲ့ကားေပၚမွာက အဝတ္အစားေတြ ထည့္ထားတဲ့ အိတ္ေတြ ပါသြားတယ္။ Exchangeရံုမွာ ေလ့လာၿပီးေတာ့ Exchangeရံုးမွာပဲ အဝတ္လဲခိုင္းတယ္ဗ်ာ။ တစ္ေနကုန္ ေခၽြးေတြထြက္ထားတာ အဝတ္လဲဖို႔ ဘယ္မွာလဲ အဝတ္ေတြ။ ဘယ္ေလာက္ေတာင္ဆိုးလိုက္မလဲဗ်ာ။ ေခၽြးနံေတြနဲ႔ပဲ seniorမမေတြၾကား ကားလိုက္စီးလိုက္ရျပန္တယ္။ မ်က္ႏွာပူလိုက္တာဗ်ာ။ သူတို႔ဆီကေတာ့ ေမႊးႀကိဳင္လို႔ ကိုယ္ေတြဆီကေတာ့ နံေစာ္လို႔ ေပါ့။ လမ္းတစ္ဝက္မွာ ကၽြန္ေတာ္တို႔ကား ရပ္ေစာင့္ေနတယ္။ ေပ်ာ္သြားတာေပါ့ဗ်ာ။ စီးလာတဲ့ ကားက အရွိန္နဲနဲပါလာေတာ့ breakဆြဲအုပ္လိုက္တာ အလည္လူေတြ အထပ္လိုက္လဲသြားျပန္ေရာ။ ကားတစ္စီးလံုး ရယ္သံေတြ ညံသြားျပန္ပါေရာဗ်ာ။ ကဗ်ာကရာနဲ႔ ကၽြန္ေတာ္တို႔စီးတဲ့ ကားဆီကို ဆင္းေျပးလိုက္ပါေတာ့တယ္။
ေယာက်ာ္းေလးေတြဆိုေတာ့ ကားေပၚမွာပဲ အဝတ္ေတြ လဲလိုက္ၾကတယ္။ ေနာက္နားမွာ လာလဲၾကတာပါ။ မိန္ကေလးေတြကေတာ့ ဘယ္လဲရဲမလဲ။ အဝတ္အစားေတြလဲၿပီးေတာ့ ေနျပည္ေတာ္ကေန အျမန္လမ္းမႀကီးေပၚကို တက္ၿပီး ရာမညေျမသို႔ စတင္ခရီးေတြ ထြက္ခဲ့ပါေတာ့တယ္။ ခါလြန္မိုးကလည္း ေဘးပတ္ဝန္းကို မျမင္ေစခ်င္လို႔ထင္တယ္ဗ်ာ သည္းႀကီးမဲႀကီးကို ရြာခ်ေနပါေတာ့တယ္။
ေမွာင္ရိပ္သန္းလာေတာ့လည္း မိုးကမစဲေသးဘဲ ရြာျမဲရြာေနသည္။ ဘယ္ေတြေရာက္လို႔ ေရာက္မွန္းမသိ ကားေမာင္းရာေနာက္ကို လိုက္သြားေနရပါေတာ့တယ္ဗ်ာ။ ကၽြန္ေတာ္သိတာေတာ့ မိုးေရေတြၾကားထဲမွာ Express ကားတစ္စီး ကၽြန္ေတာ္တို႔ကို တင္ၿပီး အေဝးေျပးလမ္းမႀကီးတစ္ေလၽွာက္ ေမာင္းနင္ကာ ရာမညေျမကို ေခၚေဆာင္ေနတာေတာ့ သိရပါတယ္။
TO BE CONTINUE...............
Unicode Version
မင်္ဂလာပါဗျ ကျွန်တော် postတင်ဖို့ တစ်ရက်ပျက်ကွက်ခဲ့ပါတယ်။ ပျက်ကွက်ရတဲ့အကြောင်းရင်ကတော့ ကျွန်တော် fieldနဲ့ tripသွားနေရလို့ပါဗျ။ ခရီးသွားရင်း ကားပေါ်မှာ ရေးဖို့တော့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ ခရီးက ဝေးတော့ လူက အရမ်းပန်းနေတော့ ကားပေါ်မှာ ခေါင်းတောင် မထောင်နိုင်ပါဘူးဗျာ။ ခုတော့ ကျွန်တော် ပြန်ရောက်ပြီဖြစ်တဲ့အတွက် postလေးပြန်ရေးလိုက်ပါတယ်။
ကျွန်တော်တို့ Field/Tripသွားခဲ့တဲ့ အမှတ်တရတွေကို ကျွန်တော် ဖော်ပြတင်ပြရေးပြချင်ပါတယ်။
Fieldကတော့ နေပြည်တော် ဆက်သွယ်ရေးရုံး နဲ့ Auto Exchangeရုံးကို သွားရောက်လေ့လာရတာပါ။ နေပြည်တော်ကို သွားတော့ မနက်စာက မစားသွားဘူးလေ။ ဗိုက်ဟောင်းလောင်းနဲ့ပဲ သွားခဲ့ကြတာပေါ့။ MPTရုံးကို သွားတော့ ကားက MPTရုံးကို ကျော်ပြီး မောင်းထွက်သွားခဲ့တာ ဘယွသူကမှလည်း သိဘူးလေ။ ကားမောင်းရာပဲ ပက်လိုက်နေတာဆိုတော့။ ၁၀လောက် လမ်းမှာ မောင်းပြီးမှာ ကားသမားနဲ့ ဆရာမတွေ လမ်းမှားနေကြမှန်းသိပြီး ကားတွေကို ဂငယ်ကွေ့တွေ ပြန်ကွေ့ပြီး MPTရုံးရှိရာကို ပြန်သွားရပြန်တာပေါ့။ ရုံးထဲမှာ လေ့လာစရာတွေ လေ့လာပြီး နေ့လည်အရောက်မှာ ဗိုက်တွေဆာနေတော့ နေပြည်တော်က စားသောက်ဆိုင်တစ်ဆိုင်ဆီကို ကားက မောင်းပို့ပေးတယ်။ ထမင်းစားချိန်ဆိုတော့ ဆိုင်က လူကျနေတယ်။ ကျွန်တော်တို့အဖွဲ့ရောက်လာတော့ ပိုပြီးတော့ လူက ချုပ်လာတယ်။ သူများတွေက အသားငါးဟင်းတွေနဲ့ တိုးပြီး စားသောက်နေကြတယ်။ ကျွန်တော်ကတော့ တိုးစားရင် ကြမှာပဲဆိုပြီး ခပ်တည်တည်နဲ့ စားပွဲထိုးတစ်ယောက်ဆီ သွားပြီး ထမင်းပေါင်းတစ်ပွဲ ချပါလို့ သွားမှာလိုက်တယ်။ ဟုတ်ကဲ့လို့ပဲ ပြောတယ် ဘာမှ ထပ်မမေးတော့ဘူး။ ကျွန်တော်ကြောင်သွားတယ်။ တကယ်ဆို ကြက်နဲ့လား ဝက်နဲ့လား ပင်လယ်စာနဲ့လားတော့ မေးသင့်တာပေါ့။ ကျွန်တော်မကြိုက်တာလာချရင် ပြဿနာပဲလေ။ တိုးစားတဲ့သူတွေအားလုံး စားနေကြပေမဲ့ ကျွန်တော် မစားရသေး။ ဗိုက်ကတော့တအားဆာနေပြီ။ အတူတူ စားပွဲကသူငယ်ချင်းတွေ စားပြီးလို့ထိုင်နေတဲ့ချိန်ကျမှ လာချပေးတယ်။ ဆိုးလိုက်တာ အသီးအရွက်ကို သိပ်မစားတဲ့ကျွန်တော့်အတွက် သက်သက်လွတ်ကြီးလာချပေးသွားတယ်။ ထမင်းပေါင်းမှာ အရွင်တွေနဲ့ အသီးတွေပဲပါလာတယ်။ အရင်စားဖူးတာကတော့ အသီးအရွက်ကော အသားကော မျှမျှတတပါတာပဲ စားဖူးတာလေ။ ခုတော့ ခရီးကပန်းလာပါတယ်ဆို စားရတာလည်း သိပ်ခံတွင်း မတွေ့တော့ဘူး။ စိတ်ကနည်းနည်း တိုသွားတယ်ဗျာ။ တစ်ဝက်လောက်ပဲ စားပြီး ကျန်တစ်ဝက်ကို ချန်ထားခဲ့လိုက်တယ်။ စိတ်ကမကြည်သေး ဘာကိုမကြေနပ်မှန်း မသိဘူး။ ပိုက်ဆံပေးရတာရင်းတူတူ သူများနည်းတူ အသားလေးငါးလေးနဲ့ စားချင်တာပေါ့။ နောက်ဆုံး ဘာတွေ့လဲဆိုတော့ စားပွဲပေါ်တင်ထားတဲ့ ထန်းလျက်ခဲဘူးကို တွေ့ရော။ အချိုသိပ်မကြိုက်ပေမဲ့ ယူပြီး အစားတဲ့သူတွေပါ လိုက်ဝေပလိုက်တယ်။ ဘယ်ရမလဲဆိုပြီး တစ်ဘူးလုံး ပြောင်သွားအောင် လိုက်ဝေပလိုက်တာပေါ့။ ပိုက်ဆံရှင်းမယ်ဆိုတော့ ၆၅၀၀တဲ့။ စိတ်ထဲတော့ ဘယ်ကျေနပ်မလဲ တင်းသွားတာပေါ့။ ဘယ်တက်နိုင်မလဲလေ ခရီးသွားတာဆိုတော့ ဒီလိုပဲလို့ စိတ်ဖြေလိုက်ရတယ်။
ပြောရအုံးမယ်ဗျ ကားသမားတွေအကြောင်း
ငှားသွားတဲ့ကားက ရန်ကုန်-ပျော်ဘွယ်ကား နေပြည်တော် မြို့ထဲသိပ်မကျွမ်းဘူးတဲ့။ ငါးပါးတော့ မှောက်ပြီလေ။ Expressကားကြီးနဲ့ နေပြည်တော်မြို့ကြီးထဲမှာ အိပဲ့အိပဲ့နဲ့ သွားနေတာပေါ့။ ဘယ်သွားမှာလဲဆိုတော့ နေပြည်တော် Auto Exchangeရုံးတဲ့။ ကားကို ဟိုနားရပ် ဒီနားရပ်နဲ့ လမ်းမှာတွေ့တဲ့သူ ဆင်းဆင်းမေးနေရတာဟာလဲ ကားပေါ်လိုက်လာတဲ့ သူတွေအတွက်တော့ ရယ်ချင်သလို ငိုချင်သလို ဖြစ်နေတာပေါ့။ Exchangeရုံးရောက်တော့လည်း နေကပူပူ အရိပ်ကမရှိ ရောက်တာနဲ့ ရုံးထဲလည်း ချက်ချင်းမဝင်ရတော့ နေပူပူမှာ သောင်တင်ရပြန်ရောဗျာ။ ပူလိုက်တဲ့ နေပြည်တော်ရယ်လို့တောင် ရေရွတ်မိတယ်။
ပြောရအုံး ကျွန်တော်ပါတဲ့ကားမို့ ကံဆိုးတာလား မသိဘူးဗျာ။ ဖြစ်ချင်တော့ ကျွန်တော်တို့စီးတဲ့ကားက ပျက်လို့ စားသောက်ဆိုင်က ထွက်ကတည်းက သူများကားမှာ ကပ်လိုက်လာခဲ့ရသေးတယ်ဗျာ။ Exchangeရုံးထိပေါ့။ သူများတွေ Expressကားပေါ်မှာ ဇိမ်နဲ့ အေးဆေးထိုင်လိုက်နေရပေမဲ့ ကျွန်တော်တို့ကတော့ seniorတွေစီးတဲ့ expressကားပေါ်မှာ လိုင်းကားတိုးစီးရသလို တွဲလျောင်းခိုး မက်တက်လိုက်ခဲ့ရသေး။ Seniorမမတွေရှိတော့ ရှက်တာပေါ့။ မျက်နှာတွေကို မဖော်နိုင်ရှာဘူးဗျာ။
ပျက်နေတဲ့ကားပေါ်မှာက အဝတ်အစားတွေ ထည့်ထားတဲ့ အိတ်တွေ ပါသွားတယ်။ Exchangeရုံမှာ လေ့လာပြီးတော့ Exchangeရုံးမှာပဲ အဝတ်လဲခိုင်းတယ်ဗျာ။ တစ်နေကုန် ချွေးတွေထွက်ထားတာ အဝတ်လဲဖို့ ဘယ်မှာလဲ အဝတ်တွေ။ ဘယ်လောက်တောင်ဆိုးလိုက်မလဲဗျာ။ ချွေးနံတွေနဲ့ပဲ seniorမမတွေကြား ကားလိုက်စီးလိုက်ရပြန်တယ်။ မျက်နှာပူလိုက်တာဗျာ။ သူတို့ဆီကတော့ မွှေးကြိုင်လို့ ကိုယ်တွေဆီကတော့ နံစော်လို့ ပေါ့။ လမ်းတစ်ဝက်မှာ ကျွန်တော်တို့ကား ရပ်စောင့်နေတယ်။ ပျော်သွားတာပေါ့ဗျာ။ စီးလာတဲ့ ကားက အရှိန်နဲနဲပါလာတော့ breakဆွဲအုပ်လိုက်တာ အလည်လူတွေ အထပ်လိုက်လဲသွားပြန်ရော။ ကားတစ်စီးလုံး ရယ်သံတွေ ညံသွားပြန်ပါရောဗျာ။ ကဗျာကရာနဲ့ ကျွန်တော်တို့စီးတဲ့ ကားဆီကို ဆင်းပြေးလိုက်ပါတော့တယ်။
ယောကျာ်းလေးတွေဆိုတော့ ကားပေါ်မှာပဲ အဝတ်တွေ လဲလိုက်ကြတယ်။ နောက်နားမှာ လာလဲကြတာပါ။ မိန်ကလေးတွေကတော့ ဘယ်လဲရဲမလဲ။ အဝတ်အစားတွေလဲပြီးတော့ နေပြည်တော်ကနေ အမြန်လမ်းမကြီးပေါ်ကို တက်ပြီး ရာမညမြေသို့ စတင်ခရီးတွေ ထွက်ခဲ့ပါတော့တယ်။ ခါလွန်မိုးကလည်း ဘေးပတ်ဝန်းကို မမြင်စေချင်လို့ထင်တယ်ဗျာ သည်းကြီးမဲကြီးကို ရွာချနေပါတော့တယ်။
မှောင်ရိပ်သန်းလာတော့လည်း မိုးကမစဲသေးဘဲ ရွာမြဲရွာနေသည်။ ဘယ်တွေရောက်လို့ ရောက်မှန်းမသိ ကားမောင်းရာနောက်ကို လိုက်သွားနေရပါတော့တယ်ဗျာ။ ကျွန်တော်သိတာတော့ မိုးရေတွေကြားထဲမှာ Express ကားတစ်စီး ကျွန်တော်တို့ကို တင်ပြီး အဝေးပြေးလမ်းမကြီးတစ်လျှောက် မောင်းနင်ကာ ရာမညမြေကို ခေါ်ဆောင်နေတာတော့ သိရပါတယ်။
Nice Post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘရို့ရဲ့အေတြ့အၾကံုေတြကေတာ့ စိတ္ဝင္စားစရာပါပဲဗ်ာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit