ဘဝဆက်ဟူတိုင်းကောင်းပါသလား။
သံသရာကရှည်လျားထွေပြားလှသည်။ ဘဝအမျိုးမျိုးကျင်လည်ဖြတ်သန်းရသည်။ လူဖြစ်လိုက်၊နတ်ဖြစ်လိုက်၊ငရဲကျလိုက်၊တိရစ္ဆာန်ဖြစ်လိုက်နဲ့.....သံသရာမှာလည်ပတ်နေကြသည်။ ထိုသို့လည်ပတ်နေရင်း အတိတ်ဘဝကဆွေမျိုးများသည်လည်းကောင်း၊အတိတ်ဘဝနှင့်သက်ဆိုင်သူတို့ကို မတော်တဆတွေ့မိကြတတ်သည်။ သံသရာတလျှောက်တွင်ဆွေမျိုးမကင်းကြချေ။
ဆုတောင်းတွေလည်းအမျိုးမျိုးရှိကြသလို..ဘဝနီးရင်နီးသလောက်..အစွဲအလမ်းလည်းပြင်းထန်လှသည်။ ဥပမာ..ယောက်ျားသို့မဟုတ် မိန်းမကို.. ဘဝအဆက်ဆက်တွေ့ဆုံကြင်ဖော်ရပါချေဆုတောင်းမိခဲ့ရင်...မဖြစ်သင့်တာကဖြစ်သင့်တာထက်ပိုများချေသည်။
ဤသို့ကြားဖူးပါသည်။ လွန်ခဲ့သော၁၆နှစ်က စုံတွဲနစ်တွဲသည်အမှတ်မထင်လမ်းမှာတွေ့သည်။ စုံတွဲ၁နဲ့၂ဟုထားကြပါစို့။ စုံတွဲ၁မှမျန်းမက စုံတွဲ၂မှယောက်ျားကို...မောင်တော်ဘုရားအရမ်းလွမ်းတာဘဲ့..ဆိုပြီးပြေးဖက်သည်။ စုံတွဲ၂မှ ယောက်ျားကလည်း စုံတွဲ၁မှ မိနိးမအား နမတော်ကိုအရမ်းလွမ်းတာဘဲဟုပြေးဖက်ကြသည်။ ကျန်သောနစ်ယောက်ကတားမရဆီးမရဖြစ်နေလေသည်။ ထိုချိန်တွင်တတ်သိသူတစ်ဦးမှ ဘဝဆက်ပါမှန်းသိသဖြင့်..အတင်းဆွဲကွာကာ..သူတို့၏ယောက်ျားမိန်းမမှ အတင်းဆန့်ကျင်ဘက်အသီးသီးသို့ဆွဲခေါ်သွားကြရသည်။ သိရသည်မှာ ထိုမောင်တော်ဘုရားဟုခေါ်သည့်မိန်းမမှာ ၆လတိတိ စားမနိုင်သောက်မနိုင်ဖြစ်သည်။ အသက်က၂၀ကျော်လူငယ်မို့.သူ၏ယောက်ျားဖြစ်သူမှာစိတ်ညစ်လှသည်။ လောကနိယာမသဘောအရ..သေပီးတဖက်ရောက်လျှင်သေဆုံးခဲ့သည့်ဘဝနှင့်ဘာမှမသက်ဆိုင်ဘဲ့.ယခုလက်ရှိနှင့်သာသက်ဆိုင်သည်မဟုတ်လော။ ယခုမူကား အတိတ်ကယောက်ျား၊မိန်းမကိုလွမ်းသဖြင့် ယခုလက်ရှိယောက်ျား၊မိန်းမကိုပစ်ပယ်န်ုင်သည့်အထိ စွဲလှမ်းချက်ကပြင်းထန်လှသည်။ လောကနိယာမ အနေဖြင့်ကြည့်သော ဖောက်ပြန်မှုပင်။
သင်လည်းကြားဖူးမည်ဟုယူဆသည်။ သိုက်ဆက်ကအမတော်က ၊နမတော်၊မောင်တော်က အိမ်ထောင်ပြုတာမနစ်သက်လို့ အိမ်ထောင်ပြုခွင့်မပေး။ ထိုကြောု့်သိုက်ဆက်ဖြတ်ကြသည်။ ရဖို့ကခက်ယဉ်းသည်။ ထိုသိုက်ဆက်ဘာညာထက်ဆိုးသည်ကား..အတိတ်ဘဝမှ..ယောက်ျား၊ရည်းစား၊မိန်းမက လာရောက်စောင့်ရှောက်ခြင်းပင်။ ထိုအခါ.အိမ်ထောင်ပြုဖို့ဝေးစွ၊ ရည်းစားထားရင်တောင် ထားသူ၏ရည်းစားသော်လည်းကောင်း၊ ထားသူကိုလည်းကောင်း.သေကွဲရှင်ကွဲရန်ဖြစ်.လုံးဝမတည့်အောင်ပြုတတ်သည်။ တခါတလေ သဝန်တိုလွန်းသူဆိုပါက.အိပ်မက်ထဲတွင်ကိုင်ပေါက်ပါးရိုက်ကန်ချေ..လုပ်တတ်ကြပေသည်။
ဆုတ်ခေတ်ကာလတွင်..ဆုတောင်းမှားသည့်သူများ..များလာသည်ကတကြောင်း၊ကိလေသာထူပြောလွယ်သည်ကတကြောင်း၊ဆဲဆိုကဲ့ရဲ့ဝေဖန်ခဲ့သည်ကတကြောင်း..အကြောင်းအမျိုးမျိုးကြောင့်မကြားဝံ့မနာသာအမှုများဖြစ်ကြသည်။ ဤသည်လည်းဆင်ခြင်မှတ်သားဖွယ်ဖြစ်သည်။ ဆဲဆိုသည့်အခါ.ကို့ထက်သမာဓိပညာသိက္ခာမြင့်မားသူဖြစ်ပါက.မလွယ်ချေ။
အရေးထဲတွင်..မိစ္ဆာတို့၏ လုံ့လပယောဂများသည်လည်းရှေးခေတ်နှငံမတူ.သာ၍ပင်များလှချေသည်။ များမည်ပေါ့၊ယခင်ခေတ်ကလောက်လူအများစု သီလမလုံခြင်း၊ဒေါသလောဘမောဟများလာခြင်းတို့သည်လည်း ပေါများလှသောကြောင့်ဖြစ်သည်။ မိမိကြည်ညိုသည့်ပုဂ္ဂ်ုလ်ကို တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်း။ မိမိမကြည်ညိုသော်ပုဂ္ဂ်ုလ်အား ချီးကျူးလျှင်သော်လည်းကောင်း..ပြုလုပ်မိချေက အရိယာပင်ဖြစ်နေပါစေ..မကြောက်မလန့်ကဲ့ရဲ့ဝေဖန်စော်ကားဆဲဆိုဖို့ဝန်မလေးသူကပိုများလှသည်။ ထိုကြောင့် ဆဲဆိုရင်းဆင်းရဲသွားတတ်သည်။သို့မဟုတ်..ဆဲဆိုသည့်အတိုင်းဖြစ်သွားတတ်သည်။
ဒါဆို မေးမည်၊ ဘဝဆက်ပါလျှင်လူံးဝမကောင်းသည်လား၊မဟုတ်ပါ။ ဘဝဆက်ပါသော်သူများသည်.တခြားသူများနှင့်ယှဉ်လျှင် အဆငိ့အတန်းမြင့်မားသည်ကများသည်။မကြာခဏရွှေတိုငွေစများကောက်ရသည်။ တချို့ကားအကြားအမြင်ဗေဒင်အလွန်မှန်သည်။အများစုကတော့စီးပွားဖြစ်ထွန်းသည်။ မယ်တော်များ၊အဖေ၊မိခင်၊အကို၊အစ်မတော်ခဲ့လျှင်.မဆိုးချေ။ ယခုဘဝ၌လည်းသားလိုသမီးလိုချစ်ခင်တတ်ကြပေသည်။ တခုရှိသည်ကား သူတို့မကြိုက်သောကိစ္စကလွဲလို့ကျန်သည့်ကိစ္စအကုန်လုံးအဆင်ပြေသည်ကပိုများသည်။ ဘဝဆက်များ၊ပဋ္ဌာန်းဆက်များကို ဒီတိုင်းတွေ့သူကနည်းသည်၊ ကြီးလာမှတွေ့သည်ကပိုများသည်။
ထိုပဋ္ဌာန်းဆက်များ၊ဘဝဆက်များကိုမည်သူတွေကပိုကြုံရသလဲဟု ထောက်ပြရလျှင် ဆရာများ၊ဘိုးတော်များ၊ဘွားတော်များကပို၍ပင်တွေ့ရဆုံရသည်။ ဘိုးတော်များ၊ဆရာများ စသည်တို့ ဘုရားတည်သော်အခါတွင်လည်းကောင်း၊တချို့သော်အကြောင်းအများအရသော်လည်းကောင်း.၊အဆင့်တတ်လျှင်သော်လည်းကောင်း၊သူံးခုသောအခြေအနေမျိုးကိုကြုံတတ်သည်။ ထိုသုံးခုကယခုဟာနှင့်မသက်ဆိုင်ချေ။
သင်လည်းသိမှာပါ၊ ဘိုးတော်တယောက်ပြီးတယောက်ခေတ်တခါကလျှမ်းလျှမ်းတောက်...သို့သော် သိပ်များမကြာလိုက်.အသံမကြားရချေ။ ဖြစ်နိုင်သည်က တောခိုလျှင်ခိုမခိုလျှင်မိန်းမရ၊ဒါဘဲ့ရှိသည်။ ဒါကြောင့် ဘုရားလည်းပြီး၊ဗိုက်လည်းကြီး...ဆိုတာဖြစ်လာသည်ဟုယူဆသည်။ ဘိုးတော်ဆရာတွေ..စန်းတွေပွင့်ောလာဘ်တွေလာသည်ကားအန္တရာယ်တခု။ အတိတ်ဘဝက အစ်မတော်၊နစ်မတော်၊မယား.၊ဘာညာကွိကွဟုဆ်ုကာသူတို့လည်းကူညီပါရစေဘာညာ..ဝင်လူံးတတ်ကြသည်။အတိတ်ဘဝက တော်သည်ထားယခုဘဝကား..တစိမ်းတွေမဟုတ်လော။ ဘိုးတော်သည်လည်းကောင်း၊ဆရာသည်လည်းကောင်းအရိယာမဟုတ်..ပုထုဇဉ်သာဖြစ်သည့်အတွက်.မိမိစိတ်ကိုမစောင့်ထိန်းပါက တွေးကြည့်ပေါ့။ ဒါတွေကျော်လွှားနိုင်မှလိုရာပြီးစီးလိမ့်မည်။ ရဟန်းတော်တွေလည်း..နာမည်ကျော်ကြားလာပါက ဘာညာကွိကွ.အတင်းဖက်ဘာညာလုပ်တတ်သည်။ ဤကားမာတုကာမရဲ့အပြစ်ကရှိသော်လည်းတိုက်ရိုက်ကားမဟုတ်၊ နောက်ကွယ်က နတ်မိစ္ဆာအချို့သည်..သွားနေစဉ်သွား၊ရပ်နေစဉ်ရပ်၊အိပ်နေစဉ် ကပ်၍အိပ်က နစ်ကိုယ့်တစိတ်လုပ်ပြီး.ဖျက်ဆီးခြင်းပင်။ ညားသွားပါကလည်း..ကွဲတာကပိုများသည်။ဤကားဆင်ခြင်ဖို့အတွက်သာ။
မကောင်းသောဘဝဆက်များရှိသလိုကောင်းသော်ဘဝဆက်များ၊ပဋ္ဌာန်းဆက်များရှိသည်။ အနောင့်အယှက်ကင်းအောင်လုပ်ပေးသည်။
ဒါဆိုမေးမည်။ဘဝဆက်ပါသည်ဆိုပါစို့ ဘာလုပ်ရမည်နည်း။မေတ္တာစိတ်ထားပါဟုသာတိုက်တွန်းပါသည်။ ဆရာနဲ့ဖြတ်မည်လား၊ဒါလည်းရပါသည်။ အကောင်းဆူံးကားမေတ္တာပွားခြင်းသည်သာအန္တရာယ်ကင်းသည်ဟုယူဆသည်။ ဆရာနဲ့ဖြတ်သော..မပြတ်ချေက...ဆရာကိုလည်းအထင်အမြင်လွဲတတ်သလို..ဆရာတုနဲ့တွေ့ကြုံရတတ်ပေသည်။
နိဂုံးချုပ်ရသော် ရတနာသုံးပါး၊သီလဘာဝနာကိုသာလုပ်စေချုင်ပါသည်။ တခြားဟာတွေလုပ်ပေါ့၊မိမိသူတပါးအကျိုးစီးပွားမထိခိုက်ဘဲ့ win -win အခြေအနေကသာ နစ်ဘက်စလဖူ့းအတွက်ပ်ုကောင်းပါသည်။
@sawmyat
Msc088
Writer Saw Myat Tun
ကိုစောမြတ်ရေ steemhunt က tag မထည့်ပါနဲ့တော့ သူက english ရေးမှပြီးတော့ သူ့မှာတခြားကန့်သတ်ချက်တွေရှိသေးတယ်၊ နှမို့လာမ vote ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Ok ဘဒို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာရေးဆရာနွမ်ဂျာသိုင်းရေးတဲ့ဝတ္တုထဲကလိုပေါ့ဘဝဆက်တိုင်းပေါင်းရပါစေလို့ချစ်သူနှစ်ဦးသစ္စဆိုထားကြတာ မိန်းကလေးကစောပြီးသေသွားတော့ လူပြန်ဖြစ်လာ တက္ကသိုလ်တက် ဟိုတစ်ယောက်တက္ကသိုလ်မှာ အသက် ၅၀ ကျော်ဆရာ ဒါနဲ့ဆုတောင်းမမေ့တဲ့ကလေးမက ပြန်ယူမယ်တကဲကဲ ဆရာကတော့ မသင့်တော်တော့ပါဘူးဆိုပြီးငြင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘဝမဆက်ဘဲ သံသရာပျက်ဆုံးသွားတာ အကောင်းဆုံးပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မကောင်းပါဘူးဗျာ ဗုဒ္ဓဘာသာအရဆို သံသရာပါ လည်နေလို့ကောင်းတဲ့အရာမဟုတ်ဘာဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်းဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သံသရာလည်နေကြတာပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တောင်တ်ေလည်းရှိတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုတောင်းမှားတာကြောင့်မရောက်သင့်တဲ့ဘဝမျိုးရောက်
သွားတဲ့အဖြစ်မျိုးတွေရှိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သံသရညမရှည်တာ ကောင်းတယ်လို့ ယူဆမိပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘ၀သံသရာ သီချင်းဆိုရမလိုလိုပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခ်ခ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း သံသရာကတော့ လည်နေအုံးမှာပေါ့ ဘဝတွေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ဘဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူ့သံသရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရန်သူဘဝဆက်မဖြစ့်ကရေကြီးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိုက်ကလာတယ်ဆိုတဲ့ သူတွေကို ဂျင်းထဲ့လို့ အကောင်းဆုံးပဲ ဘိုးတော်ယောင်တွေက
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစစ်အမှန်တွေကကြားအမြင်ရတာများတယ်။သိုက်ကတွေပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit