Your Reading

in steemit •  7 years ago 

image

နုပျိုလှပတဲ့ ပန်းတစ်ပွင့် ဆိုတာ
မာကျောကျစ်လျစ်တဲ့ မြေကြီးကို ထိုးထွက်လာရတယ်

မြင့်မားတဲ့ တောင်တန်းကြီး ဆိုတာ
ကျောက်ပွင့် သဲပွင့်လေးတွေ စုပုံပြီး ဖြစ်ပေါ်လာရတယ်

အမြင့်မှာ ရှိနေချင်တဲ့ အညွန့်အဖူး ဆိုတာ
လေပြင်းတိုက်ခတ်ခြင်းဒဏ် ခံနိုင်ရမယ်

အောင်မြင်မှုပန်းတိုင် ဆိုတာ
ကန္တာရခရီးကြမ်းတွေရဲ့ ဟိုးတစ်ဖက်မှာ ရှိတယ်။ ။

…………………………………………………

နိုင်တဲ့သူကလည်း
ဆက်တိုက်မနိုင်ပါဘူး

ရှုံးတဲ့သူကလည်း
ဆက်တိုက် မရှုံးပါဘူး

နိုင်ဖူးတဲ့သူစီမှာ
အရှုံးတွေ မျက်ရည်တွေရှိသလို

ရှုံးဖူးတဲ့သူမှာလည်း
အနိုင်တွေ အပြုံးတွေ ရှိခဲ့ဖူးပါတယ်။ ။

…………………………………………………

အမြဲတမ်း
အချစ်ရဆုံးသူ
အခင်မင်ရဆုံး သူတွေကို အားမကိုးပါနဲ့
ကိုယ်လုပ်နိုင်သလောက်
ကြိုးစားပမ်းစား လုပ်ကြည့်ပါ။ ။

…………………………………………………

နိမ့်ပါးလို့
သူများအနင်းခံရတဲ့
မြက်ပင်ထက်စာရင်

သိပ်မြင့်လို့
လေတိုက်ခံရတဲ့
သစ်ပင်ဖြစ်တာက
ပိုကောင်းပါတယ် …တဲ့။ ။

ဦးဘုန်[ဓာတု]မန္တလေး
အတွေးလက်ဆောင်ဒိုင်ယာယီစာအုပ်မှကူးယူသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

U5dt7u4fShJJaPrp7bPGWd8fuQFDfFX_1680x8400.jpg