၂ဝ၁၇ ခုနှစ်အတွင်း ထူးထူးခြားခြားအကြောင်းအရာတွေ၊ အဖြစ်အပျက်တွေအကြောင်းရေးသားနေတဲ့ ဒီကဏ္ဍမှာတော့ အားကစားနဲ့ပတ်သက်တဲ့ အကြောင်းရာတစ်ခု ရေးသားပါဦးမယ်။
အဲဒါကတော့ ၂ဝ၁၇ ခုနှစ် အတွင်း ဈေးအကြီးဆုံးကစားသမား အပြောင်းအရွှေ့တွေအကြောင်းဖြစ်ပါတယ်။
၁။ နေးမာ
ဘရာဇီးလ်တိုက်စစ်မှူး နေးမာရဲ့ အပြောင်းအရွှေ့က ၂ဝ၁၇ ခုနှစ်အတွက်သာမက ကစားသမား အပြောင်းအရွှေ့သမိုင်းမှာပါ အကြီးကျယ်ဆုံးအပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို ၂၂၂ သန်း ဖြစ်ပြီး စပိန်ကလပ်ဘာစီလိုနာကနေ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့ကြေးဟာ ဘောလုံးလောကတစ်ခုလုံးကို အံ့သြမှင်သက် သွားစေခဲ့ပြီး ဂရင်းနစ်မှတ်တမ်းမှာ ပါဝင်တဲ့အထိ ကြီးကျယ်ခဲ့ပါတယ်။
၂။ အမ္ဘတ္ပီ
ဒီပြင်သစ်တိုက်စစ်မှူးလေးရဲ့ အပြောင်းအရွှေ့ကလည်း တော်တော်လေး များပြားခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၈ဝ ဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဘောလုံးသမားလေးအတွက်များပြားတဲ့ နှုန်းထားတစ်ခုလို့ ဆိုနိုင်ပါတယ်။ မိုနာကိုကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားလေးဟာ ပီအက်စ်ဂျီအတွက် အခုနှစ်ရာသီ ၁၄ ပွဲမှာ ၈ ဂိုးသွင်းယူပေးထားနိုင်တဲ့ သူ့ရဲ့ ခြေစွမ်းကြောင့် များတယ်လို့လည်း မဆိုနိုင်ပါဘူး။ အမ်ဘတ်ပီဟာ လက်ရှိမှာတော့ အငှားအပြောင်းအရွှေ့ အနေနဲ့သာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး လာမယ့်နှစ်နွေရာသီကျမှာ ဝယ်ယူတဲ့စာချုပ်ချုပ်ဆိုဖွယ်ရှိပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးကတော့ မီဒီယာတွေမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်ပါတယ်။
၃။ အိုစမန္ဒမ္ဘီလီ
ဒေါ့မွန်ရဲ့ လူငယ်ကစားသမား ဒမ်ဘီလီကို ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ယူရို ၁ဝ၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၂ဝ အရွယ်သာရှိသေးတဲ့ ပြင်သစ်ကစားသမားလေးဟာ အခုနှစ်ရာသီမှာ ဘာစီလိုနာအတွက် ၂ ပွဲသာ ကစားခဲ့ရပြီး ဒဏ်ရာရခဲ့တဲ့အတွက် အနားယူနေရသူဖြစ်ပါတယ်။ ၂ ပွဲသာ ပါဝင်နိုင်ပြီး ဒဏ်ရာရခဲ့တဲ့အတွက် သူ့ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဂျာမနီကလပ်ဒေါ့မွန်မှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားဖြစ်တဲ့အတွက် တန်ကြေးနဲ့ ထိုက်တန်ခြင်းရှိမရှိ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
၎။ လူကာကူ
ဒီဘယ်လ်ဂျီယံတိုက်စစ်မှူးကတော့ ၂ဝ၁၇ နွေရာသီအပြောင်းအရွှေ့မှာ အဲဗာတန်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီအစမှာ ခြေစွမ်းပြပြီး ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပေမယ့် ရာသီဝက်နားရောက်ရှိလာချိန်မှာ ဂိုးမိုးခေါင်လာခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေ ရှိလာခဲ့ပြီး တန်ကြေးနဲ့ မထိုက်တန်တဲ့ ကစားသမားအဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာလည်း သူ့ရဲ့ အမှားကနေ တစ်ဆင့် မန်စီးတီးအသင်းဂိုးတွေ ရသွားခဲ့တဲ့အတွက်လည်း ပိုမိုဝေဖန်ခံခဲ့ရပါတယ်။ ဖိအားများနေတဲ့ လူကာကူတစ်ယောက် မန်ချက်စတာယူနိုက်တက်အသင်းတွေ တန်ကြေးနဲ့ထိုက်တန်တဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သူဟာ ဒီရာသီ မန်ယူနိုက်တက်အသင်းအတွက် ဂိုးပေါင်း ၁ဝ ဂိုးသွင်းယူပေးထားပါတယ်။
၅။ မိုရာတာ
စပိန်တိုက်စစ်မှူး မိုရာတာကလည်း လူကာကူနဲ့ အပြိုင်ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေးမြင့်မားတဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပါတယ်။စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကနေ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၅၈ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရာသီအစမှာ အသင်းနဲ့ အံဝင်ဖို့ ရုန်းကန်ခဲ့ပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းအတွက် ခြေစွမ်းတွေပြပြီး ဂိုးတွေ သွင်းယူပေးနေသူဖြစ်ပါတယ်။ သူဟာ အခုနှစ်ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ၉ ဂိုးသွင်းယူပေးထားပါတယ်။
Credit ,google photo
Enjoy the vote and reward!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I am live myanmar country.
Your vote please.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
great post, chanlay as usual!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 0.61 % upvote from @boomerang thanks to: @chanlay
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit