ဘုန်းဘုန်းနှင့်ခဏတာ -အပိုင်း-( ၂ )

in steemit •  7 years ago 

ဘုန်းဘုန်းနှင့်ခဏတာ -အပိုင်း -(၂)

imageအလုပ်လုပ်တဲ့နေရာမှာလဲ ပိုက်ဆံရဖို့အတွက်နဲ့ နေ့မအား ညမနားလုပ်နေတာမျိုးတွေမလုပ်ရဘူး..။အဲလိုလုပ်လို့ ကျန်းမာရေးထိခိုက်လာရင် မင်းရှာထားတဲ့ပိုက်ဆံက မင်းရဲ့ကျန်းမာရေးအတွက်ပဲသုံးဖို့ ဖြစ်နေလိမ့်မယ်..။အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်အတွက်လဲ ဥပါတ်မဖြစ်အောင်လုပ်...။ရသလောက်လဲစု...စုတဲ့နေရာမှာလဲ ”အိတ်ပေါက်နဲ့ ဖားကောက်” ဆိုသလိုတော့မဖြစ်စေနဲ့ပေါ့ကွာ..။ဥပမာအနေနဲ့ပြောရရင် မင်းခွက်တစ်လုံးထဲကို ရေထည့်မယ်ဆိုပါစို့ကွာ..။မင်းထည့်မည့် ခွက်ကသာပေါက်နေမယ်ဆိုရင် မင်း ရေဘယ်လောက်ထည့်ထည့် ပြည့်လာမှာမဟုတ်ဘူး..။အကယ်၍ ခွက်ကလုံနေမယ်ဆိုရင် မင်းနဲနဲထည့်ရင် နဲနဲရှိမှာပဲ..များများထည့်ရင် များများရှိမှာပဲပေါ့ကွာ...။

နေအုံးကွဲ့... ဘုန်းဘုန်းကလဲ သိတာဆိုရင် အကုန်ပြောရမှကို ကျေနပ်တာ...ပြောပါ..ဘုရားတပြည့်တော်လဲ သက်ကြီးစကား သက်ငယ်ကြားရတာပေါ့...။ဒီလိုကွ..စီပွားရှာတာနဲ့ ပါတ်သက်ပြီး ရှာပုံ ရှာနည်းလေးရှိတယ်ကွဲ့...အယ်..ဘာတဲ့..”ပျားလိုရှာ ယင်လိုမကျင့်နဲ့တဲ့” ပျားကောင်လေးတွေက ပန်းပွင့်တွေဆီက ဝတ်ရည်ကို ဝအောင်လဲစားတယ် သူတို့အသိုက်ကို ပြန်ပြီးတော့လဲ စုဆောင်းတယ်...သိုလှောင်တယ်...။နွေရာသီလို ရှားပါးတဲ့အချိန်မှာ သူတို့အတွက်တော့ အေးဆေးပေါ့...။သူတို့က အစားအစာကို စုစောင်းထားတဲ့အတွက် အစားအစာအတွက် ပူပင်စရာမလိုတော့ဘူပေါ့ကွာ...။စုဆောင်းခြင်းရဲ့ အကျိုးရလတ်ပေါ့..။

နောက်ပြီး ”ယင်လိုမတုနဲ့တဲ့” ယင်ကောင်တွေဟာ အစာရှိတဲ့နေရာကိုလာတယ် ဝအောင်စားပြီးပြန်သွားကြတယ်..။စုရကောင်းမှန်းမသိကြဘူးပေါ့ကွာ...။အဲဒိတော့...ယင်ကောင်က စားစရာနဲ့တွေ့ရင် စားမယ်။မရှိတဲ့အချိန်ကြရင်ငတ်မယ်..အချိန်ကြာလာလို့မှမစားရရင်တော့ သေမယ်ပေါ့ကွာ...။

အဲလိုပဲစီပွားရှာတဲ့နေရာမှာ ပျားလိုကျင့်ရင်တော့ ချမ်းသာမယ် ၊ယင်လိုကျင့်ရင်တော့ ဆင်းရဲဒုက္ခခံစားရမယ်ပေါ့ကွာ...။ငါ့မြေးက စီးပွားရှာရမယ့် အရွယ်ရောက်ပြီးဆိုတော့ သိသင့် သိထိုက်တာလေးတွေ ဘုန်းဘုန်းကပြောပြတာပါ...။တင်ပါ့ဘုရား...။

ဒါနဲ့ ဘုန်းဘုန်းရော ကျန်းမာရေးကောင်းလား..။အေး...ကောင်းပါတယ်ကွာ..။အသက်အရွယ်ကရပြီဆိုတော့ အထိုင်အထတော့လေးပြီပေါ့ကွာ..။တရားထိုင်၊ ပုတီးစိပ်တာ တာကြာ သွားရင် တော်တော်နဲ့ထရပ်မရဘူးကွဲ့..။ဘေးနားကတိုင်ကို အားပြုပြီးထရတယ်...။တင်ပါ့..။ဘယ်အချိန်သေမယ်တော့မသိဘူး အခုအချိန်ထိတော့ အထိုင်အထကလွဲလို့ ကျန်တာအကုန်ကောင်းပါတယ်...။ဘုန်းဘုန်းရယ် အသက် (၆၀) နဲ့တော့ မသေနိုင်သေးပါဘူး...။ဟား..ဟား..ဟား..ငါ့မြေးကလဲကွာ..အသက် (၆၀)နဲ့မသေပါဘူးလို့ဘယ်သူပြောနိုင်မလဲ...ငါ့ မြေးရဲ့..။

အေး..သေခြင်းတရားနဲ့ ပါတ်သက်ပြီး ငါ့မြေးကိုပြောပြချင်သေးတယ်ကွဲ့..။တင်ပါ့..။တပြည့်တော်လဲ ရောက်တုန်းရောက်ခိုက် တရားနာရတာပေါ့...။

သေခြင်တရားဆိုတာ ”ကွေးသောလက် မဆန့်ခင် ဆန့်သောလက်မကွေးခင် ” ဗြုန်းခနဲ ဖျက်ခနဲ တွေ့ရတတ်တယ်...။အခုကြည့်ကွာ မနေ့ကမြို့ပေါ်မှာ ပလက်ဖောင်းပေါ် လမ်းလျှောက်သွားနေတဲ့ လူကို ဆိုင်ကယ်မောင်းလာတဲ့လူက သက်သက်လွတ်ကြီးဝင်တိုက်တာတဲ့..။နှစ်ယောက်စလုံးလဲ ပွဲခြင်းပြီး သေသွားတယ်တဲ့...။ကဲငါ့မြေးစဉ်းစားကြည့် လမ်းလျှောက်နေတဲ့သူကလဲ သူအခုသေရတော့မယ်လို့ စဉ်းစားမိမှာမဟုတ်ဘူး ဆိုင်ကယ်မောင်းလာတဲ့လူကလဲ အခုဆိုင်ကယ်မှောက်သေရမယ်လို့ စဉ်းစားမိမှာမဟုတ်ဘူး..။သိပ်ကို သံဝေဂ ရဖို့ကောင်းတယ်..။အေး..ဒါကြောင့် သေခြင်းတရားဆိုတာအသက်ငယ်တာ ကြီးတာနဲ့ မဆိုင်ဘူးငါ့မြေးရဲ့..။

တရားပွဲတခုကို ဘုန်းဘုန်းသွားတော့ ကိုယ်တော်တပါးဟောတာ ကြားခဲ့ရဖူးတယ်..။လူတွေမှာ အသက် ၄၀ပြည့်မွေးနေ့ နှစ်၅၀ ပြည့်မွေးနေ့နဲ့ လုပ်နေကြတာ..အမှန်တော့ အမေကဖွားခဲ့တဲ့ နေ့တစ်နေ့ပဲ တကယ့်မွေးနေ့တဲ့.. ။ကျန်တဲ့နေ့တွေ အကုန်လုံးဟာ သေနေ့တွေပဲတဲ့..။သိပ်ကိုကောင်းတဲ့ စာသားလေးပေါ့ကွာ...။အဲဒါကြောင့် နေဖို့ထက် သေဖို့အတွက်လဲ စဉ်းစားထားရမယ်...။ငါ့မြေးလဲ အခုအရွယ်ကတည်းက ကုသိုလ်လေးတွေ အခါအားလျှော်စွာလုပ်..နော်..ကြားလား...တင်ပါ့..။
”ကုသိုလ်ဆိုတာ ယူတတ်ရင်ရတယ်ကွဲ့”ရအောင်လဲယူရမယ်...။အိပ်ရာဝင်တဲ့အခါ ဘုရားရောရှိခိုးအိပ်လား..အိပ်ပါတယ်ဘုရား...အေး.. လူငယ်လဲလူငယ် အလျှောက်ကုသိုလ်တွေယူထားရမယ်ကွဲ့...။

ဆိုပါစို့ကွာ...မနက်စောစော အိပ်ရာထမျက်နှာသစ်ရင် အမှု့မဲ့ အမှတ်မဲ့မသစ်ဘဲ မျက်နှာမသစ်ခင် သရနဂုဏ်သုံးပါလေးရွတ်..ပြီးရင် သတ္တဝါများအားလုံး ကျန်းမာကြပါစေ စသဖြင့် မေတ္တာပို့... အဲလိုလေး လုပ်ပြီးရင် ဘယ်လောက်ကောင်းတဲ့ မျက်နှာသစ်ခြင်းဖြစ်သွားမလဲ..။နောက်ထမင်းစားရင် မစားခင် ”ဤစားသောက်ဖွယ်ရာ များကို ဘုရားရှင်အား လှူဌာန်းပါ၏ ”ဆိုပြီးမှ စားရင် စားရင်းသောက်ရင်းနဲ့ ကုသိုလ်ရတယ်..နားလည်လား..ငါ့မြေးရဲ့..တင်ပါ့ဘုရား...။

ကုသိုလ်ရအောင်လို့ ၇ရက်တရားစခန်း ၁၅ရက်တရားစခန်းတွေ မသွားနိုင်ဘူးဆိုရင်..အဲလိုလေး သွားရင်း၊ လာရင်း ၊နေရင်း ထိုင်ရင်း၊ စားရင်း ၊သောက်ရင်း သတိလေးထားပြီး လုပ်ဆောင်ရင် အချိန်ပြည့်ဆိုသလို ကုသိုလ်တွေရနေမှာ ငါ့မြေးရဲ့..တင်ပါ့ ဘုရား..။အေး..အဲဒါကြောင့် ငါ့မြေးလဲ အခုလိုငယ်ရွယ်ကတည်းက အလုပ်လဲကြိုးစားလုပ်..။ကုသိုလ်လေးတွေလဲ တခါတည်းရအောင် ကြိုးစားပြီး ရှာထားရမယ်...။တင်ပါ့ဘုရား...။

ဘုန်းဘုန်း နောက်ဆုံးပြောချင်တာကတော့ ငါ့မြေးတို့လို ငယ်ရွယ်တဲ့ အရွယ်ကတည်းက ဘုရားတရားနဲ့ ပါတ်သက်လို့ ပြုသင့်ပြုထိုက်တာ တွေကို အချိန်ဆွဲမထားပဲ မြန်မြန်လုပ်နိုင်အောင် ကြိုးစားထား...။လူ့လောကကြီးထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ နေနိုင်အောင် အလုပ်ကိုကြိုးစားလုပ်ရသလိုပဲ..နောင်သံသရာကို ကောင်းကောင်း မွန်မွန်နဲ့ လျောက်လှမ်းနိုင်ဖို့ ကုသိုလ်လေးတွေလဲ ကြိုးစားပြီး လုပ်ထားရမယ် ငါ့မြေးရဲ့...။တင်ပါ့ ဘုရား...။

အေး..ဘုန်းဘုန်းလဲ စကားကောင်းနေတာနဲ့ ငါ့မြေးတောင်မုန့်မကျွေးရတော့ဘူး..ကဲ..ရော့ ကိတ်မုန့်လေး စားလိုက်အုံး ဆိုပြီး ဘုန်းဘုန်း သူ့ သင်္ကန်းရောင် လွယ်အိပ်ကြီးထဲက ထုတ်ပေးတော့..ကျွန်တော်လဲ စားလိုက်တာပေါ့ဗျာ...။ကျွန်တော်လဲ ကျောင်းရောက်တာကြာပြီဆိုတော့ ဘုန်းဘုန်းကျွေးတဲ့ မုန်းလေးစားပြီး...ဘုန်းဘုန်း တပည့်တော်ပြန်ပါအုံးမယ်ဘုရား..။အေးအေး ငါ့မြေး..ဘုန်းဘုန်းငါ့မြေးကိုပြောပြတာတွေကို မမေ့လိုက်နဲ့နော်..။ဘုန်းဘုန်းပြောတာတွေက ငါ့မြေးအတွက် တစ်ဘဝလုံး အသုံးဝင်မယ့် အရာတွေပဲ..။တင်ပါ့ဘုရား..တပြည့်တော် မမေ့ပါဘူးဘုရား..လို့လျောက်တင်ပြီး..ကျွန်တော့ရဲ့ အိမ်ပြန်လာတဲ့ လမ်းတလျှောက် ကျွန်တော်ဘဝ အတွက်သိပ်ကို တန်ဖိုးရှိတဲ့ ဘုန်းဘုန်းရဲ့စကားတွေကို ပြန်လည် စဉ်းစားရင်း မေတ္တာဓာတ်တို့လွှမ်းခြုံရာ အမေ့အိမ်သို့ ပြန်လာခဲ့ပါတော့တယ်......။

ကျွန်တော်နှင့်ဘုန်းဘုန်း ခဏတာတွေ့ဆုံခြင်းမှ ဘုန်းဘုန်းရဲ့ အဖိုးတန် စကားတွေကို Steemit အဖွဲသားများအားလုံးအတွက် ပြန်လည် မျှဝေလိုက်ပါတယ်....။

written by htetlinaungg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good Article!

Thank bro

welcome.

Ok,

မှတ်​သားစရာ​လေး​တွေပါ

မှတိသားစရာဖြစ်သလို လိုက်နာသင့်တဲ့အရာလေးတွေပါ

မှတ်သားစရာ

Yes

လိုက်နာသင့်တာလေးတွေပါ

ငယ်စဉ်အခါငွေကိုရှာရင်းတရားရှာနေပါတယ်

ဟုတ်ပါ့ဗျာ.. ထပ်နာပါပါအုံးမယ်

ကောင်းပါတယ်ရှင့်

Thank

ကုသိုလ်တစ်ခု နေ့စဉ်ပြု မရရအောင်ပြု
အားလုံးအတွက် ကောင်းမွန်တဲ့ စကားလက်ဆောင်လေးပါ

ဟုတ်..ကျေးဇူးပါ

မှက်သားစရာစကားတွေနဲ့ အရေးသားကောင်းတယ်ဗျာ

ကျေးဇူးပါအကို

ဂွတ်ထဂွတ်ထ ကောင်းလေစွ၊ ကောင်းလေစွ

သာဓု..သာဓု

good post!!

Thank A P

ဖတ်ရတာ Good တယ်အကို။

ကျေးဇူးပါညီ

Excellent @htetlinaungg

Thank

Nice post

Thank bro

တယ်ကောင်းသကိုး

Thank

Congratulations @htetlinaungg! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

မှတ်သာစရာများပါ၍ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ပါ။