ရွှေဆက်တော် အောက်ဆက်တော်ရာ (ခြေတော်ရာ) ဆိုတာ ကျွန်တော်တို့ကိုးကွယ်ရာ မြက်စွာဘုရားရှင် ကြွမြန်လာတဲ့အခါတုန်းက နဂါးကြီးတကောင်က မြက်စွာဘုရားရှင်အား လက်အုပ်ချီ ရှိခိုးပြီး ”အရှင်ဘုရား..အရှင်ဘုရား ဤရွှေဆက်တော်တောင် ချေမှကြွမြန်းသွားတဲ့အခါ တပည်တော်တို့ ရှိခိုးဆည်းကပ်ဖို့အတွက် ခြေတော်ရာလေး သမုတ်ပေးခဲ့ပါဆိုပြီး တောင်း ဆိုတဲ့အတွက် မြက်စွာဘုရားရှင်က ဓိတ်ဒါန် ပြီး ခြေတော်ရာ ချပေးခဲ့ခြင်းဖြစ်တယ်” လို့ကျွန်တော် ကြားခဲ့ဖူးတယ်ဗျ။ စောင်းတန်းထဲရောက်တော့ အရင်ဆုံးဘုရားရှင်ရဲ့ခြေတော်ရာ ကိုဖူးမြော်ခဲ့တယ်ပေါ့ဗျာ။ ခြေတော်ရာက ရွေသင်္ကန်းတွေ အထပ်ထပ်ကပ်ထားတော့ ခြေတော်ရာပုံတော့မပေါ်တော့ဘူးဗျ။ ရွေရောင် တတောက်တောက်နဲ့ လေးထောင့် ပုံသဏ္ဍန်ကြီးဖြစ်နေတယ်ဗျ။ ဘေးမှာလဲ လုံခြုံးရေးတွေချထားပြီး သံစကာတွေခတ်ထားတာဗျ..။ဖူးမြော်ခြင်ရင် အပြင်ဘက်ကပဲ ဖူးမြော်ရတာပေါ့ဗျာ.။ကျွန်တော်တိုတဖွဲ့လုံး အောက်စက်တော်ရာ စောင်းတန်းထဲလှည့်ပတ်ကြည့်ပြီး တောင်ကုန်းပေါ်တက်ခဲ့ကြတယ်ဗျ။ ကျွန်တော်တို့လဲ တခေါက်မှမရောက်ဖူးဘူးဗျ..ဒါပေမဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေက လမ်းတွေတိုင်းမှာ ကပ်ထားတော့ ကျွန်တော်တို့အတွက် အဆင်ပြေတာပေါ့ဗျာ ။ တောင်ကုန်းပေါ်တက်လိုက်တော့ ကျွန်တော်တို့ ပထမဆုံး ”နတ်ရေကန်သို့” ဆိုပြီး လမ်းညွှန်ထားတာဗျ..။ကျွန်တော်တို့လဲ လမ်းညွှန်ထားတဲ့တိုင်း သွားခဲ့ကြတာပေါ့ဗျာ..လမ်းတလျောက်လုံးက အလှူခံတွေ၊ ဗေဒင်ဆရာတွေ နဲ့ပြည့်နေတာဗျ။ ကျွန်တော်လဲ လျပ်စစ်မီး အလှူခံဌာနဆီသွားပြီး အလှူငွေထည့်တော့ အလှူငွေဖျက်ပိုင်းလေးပေးတယ်ဗျ။ ”ကျွန်တော့နာမည်တော့ မိုက်ကြီးနဲ့ မအော်ပါနဲ့လို့” အလှူခံဌာနက ဂေါပကကြီးကိုပြောခဲ့တာဗျ..။ဘာလို့လဲတော့မသိဘူးဗျ အဲလိုအလှူငွေ ထည့်လို့ မိုက်ကြီးနဲ့ ကျွန်တော့နာမည်ကြီးထည့်ပြီး ဘယ်လောက်လှူပါတယ် ဘယ်၍လှူပါတယ် လိုအော်ရင် ကျွန်တော်တအားရှက်တာဗျ..။တကယ်တော့ အလှူငွေထည့်တာ ကုသိုလ်ရအောင်လို့ဗျ နာမည်ကြီးတပ်ပြီးကြွား ဖို့မှမဟုတ်တာဗျ..။ကျွန်တော်ကတော့ အဲလိုပဲစဉ်းစားမိတယ်..”ညောင်ပင်ကြီးလောက်လှူလဲ ညောင်စေ့လောက်ရချင်မှရတာ..ညောင်စေ့လောက်လှူလဲ ညောင်ပင်ကြီးလောက် ရချင်ရမှာပဲလေ” တကယ်တော့ အလှူအတန်းပြုသူရဲ့ စေတနာ သဒ္ဒါတရား ထက်သန်မှုကသာအဓိကပါ။ ထားပါတော့ဗျာ။ အဲလိုနဲ့ကျွန်တော် တို့သူငယ်ချင်းတစု သွားရင်းသွားရင်းနဲ့ နတ်ရေကန်ကိုရောက်လာခဲ့ကြတယ်ဗျ..။နတ်ရေကန်ဆိုတာ တကယ်တော့ ရေကန်ကြီးတော့ မဟုတ်ဘူးဗျ..။နတ်ရုပ်လေးရဲ့ လက်ထဲက ရေတွေထွက်ကျနေတာတာကို ကန်လေးလုပ်ပြီး ခံထားတာဗျ..။နတ်ရေကန်ထဲ ကရေသောက်ရင် ကျန်မာရေးကောင်းတယ် ၊ရောဂါဘယ ကင်းဝေးတယ် လို့တော့ပြောတာပဲဗျ..။ကျွန်တော်တို့ သူငယ်ချင်းတွေကလဲ ဘယ်ရမလဲ ”ရေသန့်ဝယ်သောက်ရင်တောင်ပိုက်ဆံပေးရသေးတာ အလကားရတဲ့ရေ သောတာပေါ့ဗျာ” ဆိုပြီ ပြောင်ချော်ချော်နဲ့ပြောပြီး တယောက်တခွက် သောက်ချလိုက်တာပေါ့ဗျာ..။
ကွန်တော်တို့အဖွဲ့နတ်ရေကန် က ပြန်လာတော့ နေ့လယ် ၁နာရီ ရှိနေပြီဗျ..။နေကပူ လူတွေကပန်းနေတာနဲ့ ” သူငယ်ချင်းတို့ရေ ငါတော့ ထပ်မသွားနိုင်တော့ဘူကွာ တော်တော်မောနေပီ..တည်းခိုဆောင်ပြန်နားရအောင်..ငါတို့ ညနေ နေအေးတဲ့အချိန်မှ မုဆိုးထူးထောက်တောင် ပေါ်တက်ကြရအောင်” ဆိုပြီး ကျွန်တော်တို့ တည်းခိုဆောင်လေးရှိရာကို ပြန်လာခဲ့ကြတယ်ဗျ..။ နေ့လည်ပိုင်းဆိုတော့ နေကတော်တော်ပူလို့ မခံနိုင်ကြဘူးဗျ..တည်းခိုဆောင်လဲရောက်ရော ကျန်တော်တို့သူငယ်ချင်းတစုအရှေ့ရယ် အနောက်ရယ် တောင်ရယ်မြောက်ရယ်မသိဘူး လွယ်ရာနေရာခေါင်းထားပြီး တောင်တပြန်မြောက်တပြန် တယောက်ပေါင်ပေါ် တယောက်ခေါင်းအုံးပြီး စလိုက်နောက်လိုက် နဲ့ ပြောရင်းဆိုရင်းပဲ ညနေ ၄နာရီခွဲ သာသာလောက်ရောက်လာတယ်ဗျ..။ကျွန်တော် အခန်းအပြင် ဘက်ထွက်လာခဲ့တော့ ညနေပိုင်းရေချိုး နေကြတဲ့သူတွေများကြီးဗျ.. ။ကျွန်တော်လဲ ရေမြင်ရင်အလိုလိုမှမနေနိုင်ပါဘူးဆို ဘယ်ရမလဲ ရေထဲ ခုန်ချလိုက်တာပေါ့ဗျာ.. အဲလိုနဲ့သူငယ်ချင်းတွေနဲ့ ညနေပိုင်းအတူတူရေထပ်ချိုးပြီး မုဆိုးထူးထောက်တောင် ရသေ့တောင်ကိုတက်ဖို့ သူငယ်ချင်တစု ညနေဆည်းဆာအောက်မှာ အားကြိုးမာန်တက်နဲ့ တောင်ပေါ်တက်ဖို့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့ လှမ်းလာခဲ့ကြတယ်ပေါ့ဗျာ..။
ရွှေဆက်တော်တောင်တန်းကြီးကို မော့ကြည့်လိုက်တော့ တော်တော်အမြင့်သားဗျ..။သစ်ပင်ကြီးတွေ ကလဲတောင်အပြည့်ပဲဗျ ။ကျေးငှက်သာသကာ အစုံကလည်း ညနေဆည်းဆာ ကို သီချင်းသံအမျိုးနဲ့ ကြိုဆိုနေပုံဗျ..။တောင်တန်းကြီးတခုလုံးကို ညနေဆည်းဆာရဲ ရွေသင်္ကန်းကြီး လွမ်းခြုံထားသလားထင်ရတယ်ဗျာ..။တောင်ကုန်းပေါ်က စေတီအဆူလေးတွေကလဲ အရောင်တောက်တောက်ပပနဲ့ ရွှေဝါရောင် ရောင်ခြည်တော်တွေ ကွန့်မြူးနေသလို...ကောင်းကင်ကြီး တခုလုံးကလဲ နီနီရဲရဲ ကတ္တီပါကာလကာကြီးလွမ်းထားသလို...ဘုရားရဲ့သာသနာတော်ကျတ်သရေရှိရှိနဲ့ တင့်တယ်စေဖို့ လောကကြီးကဖန်ဆင်းပေးထားသလိုပါပဲဗျာ..။ကျွန်တော်တို့အဖွဲလဲ တောင်ပေါ်တက်တဲ့ လှေကားထစ်တွေတိုင်းတက်သွားခဲ့တယ်ဗျ..။တောင်ပေါ့တက်တဲ့လမ်းတလျောက်မှာ ဘေးတဖက်တချက်စီ ဆိုင်ခန်းတွေ စီတန်းနေတာပဲဗျ..။အဝတ်စားဆိုင်တွေ ၊အအေးဆိုင်းတွေ၊မုန့်ဆိုင်တွေ၊နာရီ၊ဦးထုတ်၊ကလေးကစားစရာဆိုင်တို့ ၊သမင်ဂျိုတို့ ကျားရိုးတို့ တိရစ္ဆာန် တွေနဲ့ ပါတ်သက်တဲ့ဆိုင်တို့၊ ဆေမြစ် ဆေးဥ ဆိုင်တို့က တောင်ပေါ်တက်တဲ့လမ်းတလျောက်မှာ စုံလို့ဗျ..။တောင်တဝက်လောက်တက်ရောက်တော့ ဘုရားရင်ပြင်တော်ပေါ်ကနေလှမ်းကြည့်လိုက်ရင် တော်တော်အမြင့်သားဗျ..။ကျွန်တော်တို့ရောက်နေတဲ့ ရင်ပြင်တော်ပေါ်ကကြည့်ရင် အောက်မလှမ်းမကမ်းမှာ မျောက်လေးတွေ ဆော့နေကြတယ်ဗျ..။မျောက်မြင်ဖူးတာဆိုလို့ ဒီတခါ ပထမဆုံးပဲဗျ..။အနားမှာက မျောက်တွေကို အစာပစ်ကျွေးဖို့ ငှက်ပျောသီးဆိုင်လေးရှိတယ်ဗျ..။ကျွန်တော်လဲ ဆိုင်က ငှက်ပြောသီးတစ်ဖီးဝယ်ပြီး တစ်လုံးချင်းပစ်ကျွေးနေတာတာပေါ့ဗျာ..။တစ်လုံး နှစ်လုံးပစ်ကျွေးရသေးတယ် ငှက်ပြောသီးကိုင်ထားတာမြင်တော့ လူဆီပြေးတက်လာလို့ဗျာ ကြောက်ကြောက်နဲ့ ငှက်ပြောသီးခိုင်ကြီး အကုန်လွတ်ချခဲ့ရတယ်ဗျို..။သူငယ်ချင်းတွေကလဲ မျောက်တွေလဲ ပြေးတက်လာရော အော်လိုက်တာဆိုတော့...။လူတွေကသာ ကျားကိုးစီးစားမကုန်တာ အသည်တော့ငယ်တယ်ဗျ..။အဲအချိန်လေးကလဲ ကျွန်တော်တို့အတွက် ရွှေဆက်တော်ရဲ့ အမှတ်တရလေးတခုပေါ့ဗျာ..။ကျွန်တော်တို့အဖွဲ့လဲ ခနနားပြီး တောင်ပေါ်ကိုဆက်တက်ကြတာပေါ့..။
ဈေးတန်းတွေကြည့်လိုက် စေတီတွေတွေ့ရင် သွားဖူးလိုက် မမြင်ဘူးတာတွေတွေ့ရင် လျောက်ကြည့်လိုက်နဲ့ တောင်ထိပ်ပေါ်တောင် ရောက်မှန်းမသိရောက်သွား ခဲ့တယ်ဗျ..။တောင်ထိပ်ပေါ်မှာ စေတီတစ်ဆူရယ် စေတီလေးအရှေ့ဘက်မှာ မုဆိုးကြီးထူးထောက်နေတဲ့ ရုပ်ထုကြီးရယ် ရှိတယ်ဗျ...။ကျွန်တော်တို့တစ်တွေလဲ အမှတ်တရဓာတ်ပုံတွေရိုက်လိုက် ရှူ့ခင်းပုံတွေရိုက်လိုက် နဲ့မမောနိုင်ခဲ့ဘူးဗျာ..။ကျွန်တော်တို့ရောက်နေတဲ့အပေါ်ကနေ လှမ်းကြည့်လိုက်ရင် ကျွန်တော်တို့တည်းခဲ့တဲ့ တည်းခိုဆောင်လေးတွေက မုန်းချောင်းကြီးရဲ့ တစ်ဖက်တစ်ချက်မှာ စီတန်းလို့ဗျ...။ဟိုးအဝေးကိုမျော်ကြည့်လိုက်ရင်လည်း ပြာလဲ့လဲ့တောင်တန်းကြီးတွေနဲ့သိပ်ကို သာယာတာဗျ..။အာရုဏ်ဦးကတည်းက အရှုန်အဟုန်တွေနဲ့ ထိုးထွက်လာတဲ့ သူရိန်နေမင်းကြီးတောင် အားပျော့စွာနဲ့ တောင်တန်းကြီးတွေကြား ကွယ်လုနီးနီးရောက်နေပြီးဗျ..။
ကျွန်တော်တို့တစ်တွေလဲ ခနလည်ပတ်ပြီး ၈နာရီလောက်ရှိတော့ တောင်ပေါ်မှဆင်းကာ တောင်ခြေက ဈေးတန်းတွေထဲလျောက်လည်ရင်း ”မန်းရွှေဆက်တော်” လို့ရေးထားတဲ့အင်္ကျီလေးတွေ ကိုကျွန်တော်တို့သူငယ်ချင်းတစု အမှတ်တရအဖြစ် ဆင်တူလေးတွေဝယ်ခဲ့ကြတယ်ဗျ..။ကျွန်တော်တို့ သူငယ်ချင်းတစု လည်ပတ်စားသောက်ပြီး ၁၁နာရီလောက်ရှိရော တည်းခိုရာ အဆောင်လေးရှိရာကိုပြန်လာခဲ့ကြတယ်ပေါ့ဗျာ..။ကျွန်တော်တို့သူငယ်ချင်းတစု ညအိပ်ပြီး မနက်စောစောရောက်တော့ ပြန်ဖို့အတွက် ပစ္စည်းတွေထည့်သိုကာ အာရုဏ်ဦးအချိန် ရဲ့အောက်မှာ မားမားမက်မက်နဲ့ ဝင့်ထည်စွာရပ်တည်နေတဲ့ ရွှေဆက်တော်တောင်တန်းကြီးကို နှုတ်ဆက်ကာ ပြန်လာခဲ့ကြတယ်ပေါ့ဗျာ..။ သူငယ်ချင်းတွေနဲ့အတူ သိပ်ကိုပျော်ရွင်ခဲ့ရတဲ့ ရွှေဆက်တော်ခရီးစဉ်လေးဟာ ကျွန်တော့ဘဝမှာ ဘယ်သောအခါမှ မေ့ဖျောက်လို့မရတဲ့ အရာလေးတခုအဖြစ် တည်ရှိနေဆဲပါ....။
Written by htetlinaungg
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
great post 👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေားဇူးပါ အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခရီးသွားတာပျော်စရာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်အမ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်အမ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မုန်းချောင်း မှာ ရေချီူးခဲ့ဘူးလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ုးတာပေါ့ဗျာ မဖျားတာကံကောင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပျော်စရာခရီးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်နော်လည်းလိုက်ပျော်လိုက်သည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခေါ်မှာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရောက်ဖူးတယ်ဗျ
ထပ်သွားချင်ပါသေးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းလိုက်တာ ပျော်စရာခရီးလေးကို ပေါ်လွင်အောင် ရေးနိုင်တယ် ဒါနဲ့ reply တွေလည်း ပြန်အုံး ကိုယ့် post လေးလဲ ပြန်ဝင်ကြည့်ကြပါအုံး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်အကို ရွာမှာဆိုတော့လိုင်းကတော်တော်အဆင်မပြေ့ပါ တောင်းပန်ပါတယ်အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
So good.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank,bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရွှေဆက်တော် အောက်ဆက်တော်ရာ ။ ဓိတ်ဒါန်။ ကျွန်တော်တိုတဖွဲ့လုံး ။တောင်ပေါ့။ အလကားရတဲ့ရေ သောတာပေါ့ဗျာ” ဆိုပြီ။ မသွားနိုင်တော့ဘူကွာ။ မုဆိုးထူးထောက်။ ရွှေဆက်တော်။ ကတ္တီပါကာလကာကြီး---- စာကျနဲ့ သတ်ပုံမှားလေးတွေအတော်များတယ် ပြန်လည်စစ်ဆေးပြီးမှတင်ပါ၊ နောက်ဆိုရင် တင်တဲ့အချိန် အပြန်ပြန်စစ်ဖို့မပျင်းပါနဲ့လို့တိုက်တွနန်းပါရစေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit