ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်စာအရေးအသား ( General Aung San)

in steemit •  7 years ago 

ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်စာအရေးအသား

My dear Adipadigyi,
ချစ်ခင်လေးစားရသော အဓိပတိကြီးခင်ဗျား

 I am sorry to say that I was unable to meet you before I came out here as I had promised you.

ကတိပေးထားသည့်အတိုင်း ကျွန်တော် ဒီနေရာကိုထွက်မလာခင်မှာ သင့်ကို မတွေ့ဆုံနိုင်ခဲ့၍ တောင်းပန်ပါသည်။

Conditions were such that I had to do things in a hurry.
အခြေအနေတွေအရ ကျွန်တော် အလောသုံးဆယ်လုပ်ခဲ့ရ၏။

Sometimes I am afraid you might misunderstand me.
သင် ကျွန်တော့ကို နားလည်မှုလွဲမှာ ရံဖန်ရံခါ စိုးရိမ်မိ၏။

I shall be coming back to Rangoon and, if conditions do not worsen so unexpectedly, I hope to meet you again.
ကျွန်တော် ရန်ကုန်သို့ ပြန်လာမှာဖြစ်ပြီး အခြေအနေတွေ မျှော်လင့်မထားသလို ဆိုးရွားမလာခဲ့လျှင် သင်နဲ့တွေ့ဆုံရန် မျှော်လင့်ပါသည်။

Meantime I wish to send you some report.
ဒီကြားထဲတွင် ကျွန်တော် သင့်ကို အစီရင်ခံစရာ အချို့ရှိ၏။

 As I said in my speech, I would do my best to save the situation.

ကျွန်တော် မိန့်ခွန်းထဲတွင်ပြောခဲ့သည့်အတိုင်း အခြေအနေကို ထိန်းသိမ်းရန် ကျွန်တော် အကောင်းဆုံး ကြိုးစားမည်ဖြစ်၏။

But as you would also understand, these are dark days for us.
သို့သော် လက်ရှိအချိန်အခါသည် ကျွန်တော်တို့အတွက် အမှောင်ဖုံးသောနေ့များဖြစ်သည်ကို သင်သိနားလည်ထားမည်ဖြစ်၏။

The Japanese troops are withdrawing to all intents and purposes.
ဂျပန်တပ်များသည် အမှန်တကယ်ပင် ဆုတ်ခွာနေကြပြီ။

And I shall not be surprised if, before monsoon, the war in Burma is over.
မိုးမကျခင် မြန်မာပြည်တွင်ဖြစ်နေသော စစ်ကြီး ပြီးဆုံးခဲ့လျှင် ကျွန်တော် အံ့သြမည်မဟုတ်။

Anyway, I think I don't blame the Japanese too, for from the strategical point of view, if you might understand, this is the only wise and sound course for them to do.
မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သည် ဂျပန်များကိုလည်း အပြစ်မတင်ပေ၊ သင်သိနားလည်မည်ဖြစ်သည့်အတိုင်း နည်းဗျုဟာရှုဒေါင့်မှကြည့်လျှင် သူတို့အတွက် အကောင်းဆုံးရွေးချယ်ရာလမ်းကြောင်းကို လုပ်ခဲ့ခြင်းပင်။

Nevertheless, there is still hope for us, I suppose.
သို့ဆိုသော်ငြား ကျွန်တော်တို့အတွက် မျှော်လင့်ချက်ရှိသေးသည်ဟု ကျွန်တော်ယူဆ၏။

Of course, we shall have to be prepared to struggle alone for some time.
ကျွန်နော်တို့ သူများအကူမပါဘဲ အချိန်ကာလတစ်ခုတွင် တစ်ဦးတည်းရုန်းကန်ရန် အသင့်တော့ဖြစ်နေရမည်။

But I have every confidence that our cause will win ultimately.
သို့သော် ကျွန်တော်တို့၏ အရေးတော်ပုံ အဆုံးတွင် အောင်ရမည်ဟု ကျွန်တော် အခိုင်အမာယုံကြည်၏။

War or no war, peace or no peace, the struggle for our national independence must go on till it ends in victory.
စစ်တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ၊ ငြိမ်းချမ်းရေးယူထားသည်ဖြစ်စေ မယူထားသည်ဖြစ်စေ၊ ကျွန်တော်တို့၏ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို နောက်ဆုံးအောင်နိုင်သည်အထိ ဆက်ဆင်နွဲရမည်ဖြစ်သည်။

And I will do my best.
ကျွန်တော်လည်း အစွမ်းကုန်ကြိုးပမ်းမည်။

You might misunderstand me now perhaps.
သင် ယခုတော့ ကျွန်တော့ကို နားလည်မှုလွဲကောင်း လွဲနေနိုင်၏။

But believe me, after some time you will see whether I mean what I say.
အချိန်အတန်ကြာလျှင် ကျွန်တော်သည် ပြောသည့်အတိုင်းလုပ်သည်ကို သင်တွေ့လာရမည်ကိုတော့ ယုံစေချင်သည်။

At present I have to fix up many things because there are so many angles to be straightened.
လတ်တလောတွင် ကျွန်တော် ကိစ္စများစွာကို ဖြေရှင်းနေရသည်၊ ထောင့်ချိုးများကို ဖြောင့်နေရသောကြောင့်ပင်။

Meantime, I wish you to be prepared for the worst and do whatever possible in your line.
ကြားကာလထဲတွင် သင် အဆိုးဆုံးကိုရင်ဆိုင်ရန် အသင့်ဖြစ်နေပြီး မိမိတတ်နိုင်သည့်ဘောင်အတွင်းမှ လိုအပ်သမျှကိုဆောင်ရွက်ပေးပါရန် ကျွန်တော်ဆန္ဒပြုလိုက်ပါသည်။

Yours,
Aung San
သင်၏
အောင်ဆန်း

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!