နင် လိုင်းဘယ်ချိန်သုံး လို့ငါမပြောပါဘူး..
နင့်မှာလည်း နင့်လွတ်လပ်ခွင့်နဲ့နင်ပဲလေ..
ဒါပေမယ့် ငါ့အပြင် နောက်တစ်ယောက်နဲ့တော့ မ Q နဲ့ပေါ့။
နင် ဘယ်သူနဲ့ပေါင်း ၊ ဘယ်သူနဲ့ မပေါင်းနဲ့ဆိုပြီး ငါမပိတ်ပင်ပါဘူး
လူတိုင်းမှာ အပေါင်းအသင်းဆိုတာရှိတယ်
ဒါပေမယ့် ငါ့ ယုံကြည်မှု ပျက်အောင်တော့ မလုပ်နဲ့ပေါ့ ။
နင် ငါ့ကို လိမ်နေတာတွေ ရှိချင်ရှိနေမှာပဲ
ဒါပေမယ့် အမှန်တရားကို ငါသိချိန် နင့်အပေါ် သံသယ ၀င်မိရင်တော့
နင် စိတ်မပျက်နဲ့ပေါ့ ။
ကြားစကားတွေ ကြားတိုင်း နင်ငါ့ကို မစွပ်စွဲပါနဲ့
နင်ကြားတဲ့ စကားတွေကို ငါ့ကိုအသိပေးပြီး
ငါ့ကို ပွင့်ပွင့်လင်းလင်းမေးပါ။
ငါ တစ်ချိန်က ရည်းစားထားခဲ့ဖူးတာ မှန်တယ်
ဒါပေမယ့် အခုချိန်မှာ ငါ အချစ်ဆုံးက နင်ပဲ
ငါ့အနာဂတ် စိတ်ကူး တွေထဲမှာလဲ နင်ပဲ
နင်ငါ့အပေါ် သစ္စာရှိစွာချစ်နေသ၍
နင့်လက်ကို အမြဲတွဲထားတယ်ဆိုတာ နင်ယုံကြည်ထားလိုက်ပါ။