မနုသီဟ
မနုသီဟဟူသော စကားမှာ ပါဠိစကားဖြစ်၍ လူခြင်္သေ့ ဟု အဓိပ္ပါယ်ရသည်။ ခြင်္သေ့ကိုယ်၌ လူဦးခေါင်းတပ်ဆင်ထားသော အရုပ်ဖြစ်ခြင်းကြောင့် မနုသီဟ ဟု ခေါ်တွင်လာဟန်တူသည်။
မြန်မာတို့ စိတ်၌မှု မနုသီဟ ဆိုလျင် ကိုယ်နှစ်ခုရှိသည်ဟု စွဲယူပြီးဖြစ်သည်။ မနုသီဟရုပ်ကို ထုလုပ်ထားပုံမှာမူ အနုပညာမြောက်သည်။ လူဦးခေါင်း၌ မကိုဋ်သဏ္ဍာန်ရှိသော အချွန်အတက်များနှင့် ဦးဆောင်းကို ဆောင်းထားပေးသည်။
နတ်သားဦးခေါင်းနှင့် ရှေ့လက်ပိုင်း နောက်ပိုင်း ခြင်္သေ့ကိုယ်နှစ်ခွ စေတီတော်ရဲ့ ထောင့်နေရာများမှာ ရှိတက်တယ်။
မူလ ကလျာဏီသိမ် ပဲခူးကျောက်စာအရ ဘီလူးရန်မှ အန္တရာယ်ကင်းစေသည့် သတ္တဝါပုံဖြစ်သည်။
မြန်မာနိုင်ငံရှိမနုသီဟ ရုပ်များသည် အီဂျစ်ပြည်ရှိ စဖင့်ရုပ်များနှင့် တူသည်။ လူဦးခေါင်း၌ မကိုဋ်သဖွယ် ဆောင်းထားပေးခြင်းကြောင့် အီဂျစ်ပြည် စဖင့်ရုပ် ဦးခေါင်းများကဲ့သို့ ဘုရင်တစ်ဦးဦး၏ ပုံတူသို့မဟုတ် ကိုးကွယ်သည့်နတ်၊ ဗြဟ္မာတစ်ဦးဦး၏ရုပ်ပုံကို စိတ်ကူးဖြင့်မှန်းဆ၍ထုလုပ်ထားဖွယ်ရှိသည်ဟု တွေးထင် ယူဆရသည်။
ယင်းမနုသီဟ ရုပ်များသည် မည်သည့် ခုနှစ် သက္ကရာဇ်က ထုလုပ်ပေါ်ပေါက်လာခဲ့သည်ဟု အသေအချာ မသိရချေ။
မနုသီဟသမိုင်း
မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံယူပြီးနောက် သာသာနာ ၂၃၅ ခုနှစ်ရောက်သော် ရာမညတိုင်းအစိတ် သုဝဏ်ဏဘုမ်မိသို့အရှင်သောဏ၊ အရှင်ဥတ္တရ မထေရ်နှစ်ပါးကို အရှင်မောဂ္ဂလိပုတ္တတိဿက ရဟုန်းပြု ကံမြောက်လောက်အောင် သံဃာငါးပါးနှင့် သာသနာပြု စေလွှတ်တော့မူ၏။ထိုအခါ သုဝဏ်ဏဘုမ်မိတိုင်း သထုံပြည်ဝယ် သီရိဓမ္မာမေသာက မင်းပြု၏။---ထိုမြို့သည် သမုဒ္ဒရာနှင့် နီးသောကြောင့် ရေစောင့်ဘီလူးမသည် မင်းအိမ်၌ သားဖွားတိုင်းစားလေ၏။ သာသနာပြုမထေရ်တို့ရောက်သောနေ့လည်းမင်းအိမ်၌ သားဖွားခိုက်ကြုံ၍ဘီလူးမစားမည်ဟု အရံငါးရာနှင့်လာသည်ကို လူတို့မြင်၍ကြောက်လန့်ကြွေးကြော်ကြ၏။ထိုအခိုက်တွင် မထေရ်လည်း ကြောက်မက်ဘွယ်ရှိအောင် ခြင်္သေ့နှင့်တူသော ခေါင်းတစ်လုံးကိုယ်နှစ်ခုရှိသော မနုသီဟ သဏ္ဍာန်နှင့် အရေအတွက် နှစ်ဆထက်သာအောင်ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ပိတ်ဆီးကုန်လျှင်ဘီလူးမတို့ပြေးသွားကြလေကုန်၏။ တဖန် မထေရတို့လည်းဘီလူးမတို့မလာစိမ့်သောငှါ ပရိတ်အရံအတားကို ပြုပေး၏။ထိုကာလ စည်းဝေးလာ သူတို့အား ဗြဟ္မဇာလသုတ်တော်ကို ဟော်တော်မူသော် ခြောက်သောင်းသောလူတို့အကျွတ်အတန်း သောတာပန်းစသော အရိယာဖြစ်လေကုန်၏။ထိုကာလမှစ၍ ယနေ့ဖွားစ မင်းသားငယ်တို့အားသောဏုတ္တရ ဟူ၍ ငယ်မည်မှည့်ကြကုန်၏။ သူငယ်ခပ်သိမ်းတို့အားလည်းဘီလူးဘေးကို ဆီးတားခြင်းငှာ ထန်းရွက်၊ သလူရွက်များတွင် မထေရ်တို့ဖန်ဆင်းသော မနုသီဟ ရုပ်ကိုရေး၍ခေါင်းထက်တင်ထားကုန်၏။
ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့်တောင်ထိပ်ထက် ကျောက်ရုပ်ထု၍ ယခုထက်တိုင်ရှိသည်ဟု ဖော်ပြပါရှိလေသည်။
( သာသနာလင်္ကာရစာတမ်း )
မူလအစ ကလျာဏီကျောက်စာကဟု ဆိုရမည်ဖြစ်သော်ငြားလည်း မနုသီဟ ရုပ်များ အထူးသဖြင့် ပန်းရံ၊ပန်းတော့ ၊ ပန်းတမော့ ရုပ်များဖြင့် ခေတ်စားခဲ့သည်မှာ အမရပူရခေတ်ဟု ဆိုနိုင်ပါသည်။
အကြီးဆုံးနှင့် အချို:အကျဆုံး
အကြီးဆုံးနှင့် အချို:အကျဆုံး မနုသီဟရုပ်များကိုအမရပူရ တောင်သမန် ကျောက်တော်ကြီး(မဟာသကျရံသီ၊ ၁၈၅၀ ခုနှစ်)တွင် တွေ့မြင်နိုင်သည်။
ပုဂံမင်းသည် အမရပူရခေတ် နောက်ဆုံး(၆)နှစ်တွင် နန်းစံခဲ့သည်။ အပျော်အပါးများသော မင်းငယ်တစ်ပါးဖြစ်ခဲ့သော်လည်း အောက်ခြေ စီမံသူ ပညာရှင်များတော်ခြင်းကြောင့် ထိုတောင်သမန်ကျောက်တော်ကြီးနှင့်အတူ မနုသီဟ (၁၂) အပါအ၀င် ပန္နက်ပုံ ကောင်းလှသည်။
သူ၏ဘေးတော် ပဒုံမင်း၏ မင်းကွန်းစေတီတော်ကြီး ဗိသုကာစနစ် မကောင်းသမျှ ဤတောင်သမန် ကျောက်စာတော်ကြီးဗိသုကာစနစ်ကောင်းမွန်လှ၍ စံထားမိပါသည်။မနုသီဟ ဖင်နှစ်ခွဖြစ်နေခြင်းမှာ (ထောင့်) နေရာ၌ လိုက်လျောစေလိုသော ဒီဇိုင်းအယူအဆအရ ဖြစ်ရသည်ဟု သုံးသပ်ထားပါသည်။အထက်ပါ အကြောင်းအရာတို့ကို ထောက်ထားကြည့်ပါက သာသနာပြုမထေရ်တို့လူသားများအတွက် အန္တရာယ်မကျရောက်စေလိုသောကြောင့် ဘီလူးဘေးကင်းဝေေ အာင် မနုသီဟ ဖင်နှစ်ခွပုံစံကိုဖန်တီးပေးခဲ့ဖူးသည်။ ထို့ကြောင့် လူသားများသည် ဘုရားပုထိုးစေတီအချို့ရှေ့က မနုသီဟ ဖင်နှစ်ခွကို မြင်ကြသောခါ အန္တရာယ်မှ ကာကွယ်သည့် သဘောဖြင့်ထုလုပ်ပြသထားတာပါလားဟု မှတ်ယူကြစေခြင်း ငှာ ဤဆောင်းပါးကို ရှာဖွေစုဆောင်းရေးသားလိုက်ရပါသ တည်း..........
credit :
phyominzaw-blog မနုသီဟ link
ရှေးဟောင်းမြန်မာ ဒီဇိုင်းနှင့် ရိုးရာကနုတ်ပန်း ( ဦးအေးမြင့် )
မက်ဆိုပိုတေးမီးယားက မနုဿီဟ
မြေအောက်ကမ္ဘာကနေနတ်သားရဲ့အမှတ်သင်္ကေတသဘောနဲ့
ထုလုပ်ထားတဲ့ပုံတဲ့။ခေါင်းဆောင်းသရဖူမှာပါတဲ့ ၂ခွေ၁ညွန့်
အမှတ်အသားကိုသတိပြုပါ။တန်ခိုးသြဇာကိုညွှန်းဆိုလိုတဲ့သဘောပါ။
မက်ဆိုပိုတေးမီးယားအီဂျစ်ယဉ်ကျေးမှုလိုရှေးကျတဲ့ယဉ်ကျေးမှု
ထွန်းကားခဲ့ရာ ယူဖရေးတိစ်နဲ့တိုက်ဂရစ်မြစ်၂မွှာကြားဒေသ
ကနေ့ခေတ်အီရတ်နေရာပါ။
ခြင်္သေ့တပိုင်းလူတပိုင်းသတ္တဝါပုံကို တန်ခိုးခွန်အားစွမ်းအားသတ္တိရှင်အနေနဲ့ အစောင့်အရှောက်အကာအကွယ်အနေနဲ့သရုပ်ဖော်တာ၊တင်စား
တာ၊ကိုယ်စားပြုတာ၊သင်္ကေတပြုတာတွေဟာရှေးကထည်းက
ကမ္ဘာတလွှာအနှံ့အပြားပဲ။အီဂျစ်စဖင့်တွေကနေ ဒီခုပြောတဲ့မက်ဆိုပိုတေးမီးယားကမနဿီဟရော..အိန္ဒိယက
မနုဿီဟတွေရော..ရှေးမြန်မာတွေရဲ့မနုဿီဟတွေအထိပဲ။
credit : SoeMoe Naing
Ref win min phyo