ထပ်တင်ရပြန်ပေါ့

in steemit •  7 years ago  (edited)

ယနေ့နေသာသည်။
တစ်နေကုန်မျှ မဟုတ်ပါလား။ မိုးဖွဲဖွဲက ၀င်ကြဲသွားသေးသည်ပေါ့။
နေထိုင်ကောင်းယုံမျှ ရာသီအကြား သားတော့ ချွေးပြန်သွားသေး၏။
တပည့်များကောင်းမှု အကြောင်းပြု၍ အထက်အကြီးအကဲ
သားကိုခေါ်ဆွဲသည်လေ။
သားမောင် စိတ်ဓာတ် ပြုတ်ကျမတတ်ဖြစ်သည်ပေါ့။
အတန်တန်ပြန်ထိန်းပြီး သမီးမျက်နှာအမြင် စိတ်ကြည်လင်ပြန်၏။
သမီးစကား သားမှတ်ထားတာရှိသည်။
သားမောင်၏ ရာထူးအရ ကြီးမြတ်ပြတာလိုချင်သည်မဟုတ်လား။
image
မိတ်ဆွေအပေါင်းကတော့ သားလို စိတ်မကောင်းစရာ မကြုံပါလို့
သားယုံကြည်ပါသည်။ ကျန်းမာရေးအရ ဒေါင်ဒေါင်မြည်ကြသည်ကိုလည်း ယုံကြည်ပါ၏။
သားမောင်သည်လည်း ကျန်းမာရေးအရ ကောင်းမြတ်လှသော်လည်း စိတ်ဓာတ်ရေးရာကျနေပါသည်။
မကြာမီ ပြေပျောက်ကောင်းခြင်းတွေရောက်မည်တော့ ယုံကြည်ပါ၏။

ယနေ့သတင်းအရ ဘာတွေတက်ကြသလဲ။
အန်ကယ်ဆမ်တို့ဌာနေအရောက်မာမား သမိုင်းဝင်စကားပြောကြားတာက
စ ကြမည်။
မာမားအဆိုအရ အကျယ်ချုပ်ဘ၀တောင် ပြန်ရောက်လိုသည်ဆို၏။
များပြားသည့်တာဝန်အကြား ဤစကားပြောကြားမှု သားသတိပြုမိပါသည်။
အသက်အရွယ်အရ နားချိန်လည်း ရသင့်သည်မဟုတ်လား။
သက်တမ်းကာလ ၅ လမျှအတွင်းဤသည့်စကားအရ မာမားကို
သား သနားရပါသည်။
သို့သော်တစ်ချက်မျှ သားထောက်ပြလိုပါ၏။
ရာထူးတာဝန်များ ခန့်အပ်ထားတာမဟုတ်ဘူးမဟုတ်လား။
လိုအပ်ချက်အရ ဌာနအသစ်တောင်ဖွဲ့ပြီး ယူခဲ့ခြင်းဖြစ်သည်။
ဝန်မင်းဌာနများ ကိုင်တွယ်ပြရေး မဲပေးခဲ့တာ မရှိဘူးလို့လည်း ထင်သည်လေ။
ဝန်မင်းများအခေါင်အချုပ် သမ္မတမင်းများတိတိကျကျလုပ်ရလျင်
ထောင်သာချပါ ပြောလာနိုင်သည်ထင်စရာရှိ၏။
ငှက်ဆိတ်ခံရမည့်အရေးကြောင့် ဤနှယ်ကိစ္စများ သားမပြောကြားတော့ပါ။

အန်ကယ်ဆမ်တို့ဆန်ရှင်ရုတ်ရေး အတည်ပြုသံတော့ထွက်လာပြီဖြစ်၏။
ထိုသည့်သတင်းအတွက် ၀မ်းသာအားရ ကျေနပ်လှပါသည်။
ဆန်ရှင်အရုတ် အလုပ်တွေပေါ်လာမည်ဟု သားထင်မိသည်မဟုတ်လား။
အလုပ်တွေအပေါ် ပြည်သူတွေပျော်နိုင်သည်ပေါ့။
နိုင်ငံ့ဝင်ငွေတိုးတက်ရေး အလေးပေးနိုင်မည်လို့လည်း သဘောမိပါသည်။
ဆန်ရှင် မရုတ်မီစပ်ကြား ဒေါ်လာဈေးတွေတက်သွားတာတော့ စတိုင်မကျလှပါ။
သွင်းကုန်သမားများ ငြီးတွားကြရသည်လေ။
အလားတူစွာ ထုတ်ကုန်မှာလည်း ထိပါသည်။
ဒေါ်လာဈေးအတက် ကုန်ဈေးနှုန်းတွေက အထပ်မြင့်သို့တက်ကြပြန်၏။
ဒေါ်လာအတက် ငွေဖောင်းပွမှု ဂယက်က ကြောက်ဖို့ကောင်းပါသည်။
ငွေကြေးအတွက် ပြည်ပျက်မတတ်ဖြစ်ထားသည့်တိုင်းပြည်တွေ
သာကေတအနေနဲ့ ရှိသေးသည်ကို သတိရသင့်ပါသည်။
ယောက္ခမအလုပ်အရ ဒေါ်လာတက်တာ ၀မ်းသာစရာဖြစ်နိုင်ပါ၏။
သားလိုဝန်ထမ်းအများ နင်းပြားသာသာများကတော့ မကိုက်လှပါ။
အခြေအနေမဟန်က ယောက္ခမဆီဆွဲသုံးမည်ကြံထားသည်ပေါ့။
မြေးမျက်နှာပြ တောင်းရမ်းလို့ ရနိုင်ပါသည်။
image
ကွီးဖြိုးတစ်ယောက် အလုပ်တွေအမောဖောက်မတတ်လုပ်နေသည်။
လက်ရှိကာလ ပါးစပ်အရ လုပ်ပြနေခြင်းဖြစ်၏။
လက်တွေ့ကာလ အချိန်တော့ယူရဦးမည်မဟုတ်လား။
အစကနဦး လုပ်သားများအရေး သူပြောပေးတာ စတိုင်ကျသည်။
လုပ်သားများအလုပ်အကိုင်အရ နေထိုင်ဖို့ပါရရှိရေး သူကြိုးစားပေးနေသည်ဆိုသည်မဟုတ်လား။
သတင်းအရ လက်ခုပ်တွေ တီးပေးကြသင့်သည်။
လုပ်သားများအရေး စိတ်အေးခွင့် ရမည်မဟုတ်လား။
လူမှုဖူလုံရေးကြေး ထည့်သွင်းထားသူများ စ စဉ်းစားမည်ဆိုသည်။
နောက်ပိုင်းကာလ အကုန်ရမည်ဟုလည်း သိရ၏။
အလုပ်သမားအများစု ရန်ကုန်တွင်အခြေခိုင်နေတာများ၍ ရန်ကုန်မှာ
စမည်ဟု ဆိုထားပြန်သည်။
ဤနှယ်ကိစ္စ အခြားဝန်မင်းချုပ်များလည်း လုပ်ပြသင့်၏။
အခြားဒေသနေပြည်သူများ မြန်ပြည်သားတွေပဲမဟုတ်လား။

ချီးကျုး၍မကြာ ကွီးဖြိုးအတွက် ဝေဒနာသတင်းရှိသည်။
စေတီတစ်ဆူ ဖျက်ချခံရတော်မူသည်ကြား၏။
အကြောင်းအရာအရ ဘာကြောင့်ဖျက်ချတာကိုတော့ မသိရပါ။
မြောက်ဒဂုံက ၉ တောင်ပြည့်စေတီတစ်ဆူ မနေ့က ဖျက်ပစ်တော်မူကြသည်မဟုတ်လား။
လယ်တီကိစ္စ သည်းသည်းလှုပ်ပြသူတွေအသံ မကြားရပြန်ပါ။
သာသနိကအဆောက်အဦများ အလွယ်နဲ့ဖျက်မသွားနိုင်တာတော့
သားလည်း သဘောပေါက်ပါသည်။
အကြောင်းအရာအရ ထုတ်ပြန်မပြတော့ သို့လောသို့လောအမြင်
အထင်ခံရနိုင်ပါ၏။
အစိုးရအဖွဲ့အမိန့်ဆိုသည့်စကားမျှသာ သားသိထားသည်လေ။
သတင်းအရ သိကြသူများလည်း သားကိုပြောပြစေလိုပါသည်။

အခြားတစ်ဘက် ကွီးဖြိုးအတွက် နာမည်တက်လာနိုင်သည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အားကစားဆေးကြီးတိုက်မည်မဟုတ်လား။
သူ၏အဆိုအရ ဘောလုံးကို ဓာတ်ကျနေဟန်ရှိ၏။
တစ်ခေတ်တစ်ခါ မြန်မာဘောလုံးအကြောင်းတောင် ထည့်ပြောသွားသေးသည်။
ပရီးမီးယားလိဂ်လိုတောင် ခေတ်ထောင်နိုင်ခဲ့သည်ဟု သိရသလား။
အလားတူစွာ အားပေးရာမှာ သတိပြုရန်လည်းမိန့်ကြား၏။
အနိုင်၊ အရှုံးရလာဒ် လက်ခံတတ်ရန်လိုသည်ဆိုသွားသည်ပေါ့။
အားပေးရာကအစ ရန်ပွဲဖြစ်တတ်တာ ပြောကြားပါသည်။
တစ်ခေတ်တစ်ခါကတော့ မြန်မာ့အားကစား ကမ္ဘာ ကိုလွှမ်းရမည်ဆို၏။
ယနေ့ခေတ် ကွီးဖြိုး ဆောင်ပုဒ်တစ်မျိုး တိုးကောင်းတိုးနိုင်ပါသည်။
ရန်ကုန်ဘောလုံး အကုန်ကျုံးနိုင်ရမည်တောင် ဖြစ်နိုင်သည်ပေါ့။
သားက ချစ်လို့ စ တာသာ ဖြစ်ပါသည်။
မနာတတ်ဘူးမဟုတ်လား။

ယနေ့ ကချင်ပြည်နယ် မိုးညှင်းဒေသ မိုင်းကွဲသံကြားရသည်။
လယ်တောအသွား ရွာသားများ မိုင်းနင်းကြခြင်းဖြစ်၏။
မိုင်းအကွဲ လူနှစ်ယောက် သေပွဲဝင်ရသည်ပေါ့။
ထိုသည့်ဒေသ လှုပ်ရှားသည့်အဖွဲ့ ၃ ဖွဲ့မျှ ရှိသည်ကြားသည်။
ယခင်ဖြစ်စဉ်များအရ လိုင်ဇာသားများသာ လုပ်ကြသည်ဟု ဒေသခံအများသုံးသပ်ထား၏။
သားသိသမျှ ဤကိစ္စမျိုး မိုင်းဆွဲ၊ခြုံခိုတို့သာ တွင်တွင်ကျယ်ကျယ်လုပ်တတ်သည်ပေါ့။
ရထားလမ်း၊ တံတား၊ လုပ်ကွက်အများစု သူတို့ဖျက်ဆီးမှု လုပ်ဖူးသည်။
ဤနှယ်လုပ်ရပ် မိန်းမဇာတ်လောက်တောင် အဆင့်မရှိပါလား။
ဇ ရှိလျင် တပ်စခန်း သွားချစမ်းစေလိုပါသည်။
နောက်ဆက်တွဲအဖြစ် လေယာဉ်တွေနဲ့လာပစ်လျင်တော့ မငိုပြစေလိုပါ။
အခြားတစ်ဘက် အမြောက်ကျည်ထွက်လာလျင်လည်း လူစုခွဲထားရေး
သားသတိပေးလိုပါသည်။

ကချင်ဒေသအပြီး ဖားစည်သံဝေ ကရင်မြေမှာလည်း စစ်တိုက်တမ်းကစားနေကြတာ ရှိပြန်၏။
DKBA ခွဲထွက်နှင့် BGF တပ်ဖွဲ့များ ချနေဆဲမဟုတ်လား။
သတင်းအရ BGF က ဒေသကို ထိန်းချုပ်လို့ရသွားပြီဆို၏။
အကျအဆုံးသတင်းအရ ဘက်နှစ်ဘက်ကိုမျှဖတ်လျင် မျက်လုံးတောင်ပြူးချင်စရာရှိသည်။
DKBA အဆိုအရ သူတို့ ၂ ယောက်သာကျသည်ဆို၏။
BGF အပြော ၄ ယောက်မျှသာ လျှောသည်မဟုတ်လား။
တစ်ဘက်ကျဆုံးသတင်းများ ရာဂဏန်းတောင် မကပါကြောင်း ရေးကြသည်။
ခုခံစစ်မှ ခံစစ်ရှင်အဖြစ်အသွင်ပြောင်းမည်ဟု စစ်ပြေးရဲထက် အသက်မထွက်မီဆို၏။
ဆန်းအောင်ကတော့ ယိုးဒယားကနေ လှမ်းပြောင်နေယုံသာတတ်နိုင်သည်။
ဒဏ်ရာအရ ဆေးရုံတက်ပြနေသည်လေ။
ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဖုတ်သင့်သူကို ဖုတ်ပေးလိုက်တာကောင်းပါသည်လို့ ဆိုချင်ပါသည်။

လောက်ကိုင်ဒေသအရေး စိတ်အေးဖွယ်ရာ မမြင်ရသေးပါ။
မနေ့ဆီက ဒုံးလက်နက်တွေ သိမ်းဆည်းရမိသည်လေ။
ပစ်ရန်အသင့်အနေအထား သူတို့တပ်ထားတာဖြစ်၏။
ချိန်ကိုက်စနစ်အရ နာရီပိုင်းမျှသာအလိုကာလ ရှင်းလင်းလိုက်နိုင်တာဖြစ်သည်။
ပြင်းအားအဆင့်အတော်မြင့်ပြီး အကွာအဝေးအရ ၅ မိုင်မျှအထိ ပစ်ပြနိုင်သည် မဟုတ်လား။
ထုတ်သည့်နိုင်ငံ မိတ်ဆွေတွေအကြံမှာ ဘယ်လိုပေါ်သလဲ။
တလောဆီက မာမားကြွခဲ့သည့်နိုင်ငံမှ ထုတ်လုပ်ပါသည်။
ကန့်သတ်လက်နက် ထွက်ချင်တိုင်းထွက်နေရအောင် နင်တို့စစ်တပ်က ခိုင်သင်းကြည်လားမေးချင်သည်ပေါ့။
လောက်ကိုင်မြို့တွင်းချိန်ရွယ်ခြင်းပြုထားသူများကိုလည်း
ဝင်းထိန်တွေလား မေးချင်ပြန်ပါသည်။

ကျိုင်းတုံဒေသ ဆက်ကြေးကောက်ကြတာ မိတ်ဆွေတွေသိပြီးပြီထင်သည်။
မြို့ပေါ်တောင်မရှောင် ဆက်ကြေးငွေတွေတောင်းခံကြသည်ပေါ့။
ပြည်သူများဘ၀ နင်းပြားက တက်ရမည့်သဘောမရှိပါလား။
အစိုးရက အခွန်တွေအတိုး သူတို့ကလည်း တစ်မျိုးဆိုးကြပြန်သည်။
လက်နက်ကိုင်ပြ ခြိမ်းခြောက်ကြတာတော့ မကောင်းလှပါ။
ဆက်ကြေးကောက်သူကို အဖမ်း သူတို့ကတောင် စိတ်ကောက်ကြသေး၏။
အသုံးအနှုန်းအရ အခွန်ကျသင့်သည်ဆိုသည်။
အခွန်နှစ်ရပ်ထမ်းရမည်လို့ ၂၀၀၈ ခြေဥမှာပါသလား။
အဖမ်းခံဆက်ကြေးတာဝန်ခံကို သူတို့ဆီက တာဝန်ခံဆိုသူလာတွေ့၏။
ရဲစခန်းမှာ စကားအဆန်းတွေပြောပြီး အသေးစားတောင်ဖြဲသွားသလား။
၂၁ ပင်လုံအပြီး ဤကိစ္စတွေလည်း အရေးကြီးပါသည်။
သားတို့မာမား ကူညီပေးနိုင်မည်လား။
ပြည်သူများအတွက် ငဲ့ကွက်ဆောင်ရွက်ပေးစေလိုပါသည်။
RCSS လို့ သားမပြောမိဘူးမဟုတ်လား။

ရခိုင်ဒေသ မူးယစ်ဆေးတွေမိတာ ကြမ်းလှသည်။
ယနေ့တစ်ဖန် မိနေပြန်သည်မဟုတ်လား။
အရေအတွက်အရ ၇ သိန်းနီးပါးမျှ ရှိ၏။
အစဉ်အလာအရ အရေအတွက်များပြားမှု ပိုင်ဆိုင်သူ မရှိတတ်ပါ။
အလားတူ ဖြစ်စဉ်များ အတော်ပင်များနေပြီမဟုတ်လား။
ကားပေါ်မှအရ၊ မြောင်းထဲမှအတွေ့၊ ရေထဲမှ မြောအပါ ပိုင်ရှင် ရှာမရဘူး
ဖြစ်တတ်ပါသည်။
မူးယစ်ဆေးအများ ဖမ်းဆီးရမိမှု သားတို့အလေးအမြတ်ပြုပါ၏။
အလားတူစွာ ပိုင်ရှင်တွေပါ မိစေလိုပါသည်။
ထိုသည်မှသာ ထိရောက်စွာတားမြစ်နိုင်မည်မဟုတ်လား။
မြန်ပြည်သားများ ဆေးသုံးစွဲမှု မတိုးပွားရေး အလေးပိုထားပေးစေလိုပါသည်။
သားမောင်အတွေး မြန်ပြည်သားများ ဆေးသားကောင်မဖြစ်စေလိုလို့သာဖြစ်ပါသည်။
ဦးရဲများကို ရှံ့ချ သရော်ပြတာ မဟုတ်ပါဘူးပေါ့။

ယနေ့အတွက် သတင်းဆက်တွေမနည်းလှပါ။
ဆူပါဆန်းဒေးအကြို နားလိုတာကြောင့် တော်တော့မည်။
နောက်တစ်နေ့ ကာလ သတင်းတွေ ထပ်တင်ပြမည်လေ။
ဖတ်ရှု့အပြီး သဘောမကျ ဆုံးမကြနိုင်ပါသည်။
သားမောင်အတွေး နုသေးသည်မဟုတ်လား။
အလိုမကျ ဒေါသတွေရလျင်လည်း အားမနာတမ်း ဝေဖန်စမ်းစေလိုပါသည်။
ဤနှယ်ပြုမှ သားမောင်လည်း လမ်းမှန်ရမည်မဟုတ်လား။
လျာရှည်အပြီးယနေ့အတွက် နှုတ်ဆက်သည်ပေါ့။
နောက်နေ့ပြန်ဆုံကြမည်။
ကျေးဇူးလည်း တင်ပါ၏။

                 Myo Myint Yan Naung
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

SMT - 11

apk

Smt7

SMT 8

SMT-1

Smt-18

smt 12
done

SMT 16 done

SMT-19

SMT17done

SMT- 14

smt-4
done

SMT 3

Smt10 done

SMT 5

SMT-15 done

SMT6 Done

Smt 13

SMT 2

SMT20