My life

in steemit •  7 years ago 

image
အဲ့ဒီလို ဖုန်း​လေး​တွေလည်းပြင်​ရတာပဲ​လေ
ငယ်ရွယ်စဉ်က ပညာကြိုးစားမသင်ယူခဲ့တဲ့ကျွန်တော့်ရဲ့အမှားပေါ့
ခုချိန်မှာ ပညာရော အလုပ်ရောဆိုတော့ ဘယ်အရာမှခရီးမရောက်တော့ဘူးလေ...

စားဝတ်​​နေ​ရေးတဲ့...အပြောလွယ်ပါတယ်
လက်တွေ့မှာတော့.
ဆရာ​တွေကလွဲရင်​..
သာမန်​ စက်​ဆရာ​တွေဟာ ချမ်းသာဖို့မလွယ်​..
တစ်​​နေ့စာတစ်​​နေ့စာတောင်မှအနိုင်နိုင်ပါ

ပညာဆိုတာ ငယ်ရွယ်စဉ်မှာ သင်ရမယ်လို့
ဘိုးဘွားတွေက ဆိုဆုံးမခဲ့ကြပေမဲ့.
ငယ်ရွယ်သူဆိုတာ အပျော်မက်တက်ကြတော့
နားထောင်သူ အလွန်နည်းတယ်
ကျွန်တော်လည်း ထူးမခြားနားပါပဲ

ဒါပေမဲ့ ဘာမှမတက်တာထက်စာရင် တော်ပါသေးတယ်ဆိုပြီး
အမြဲတမ်းတွေးပြီး အလုပ်လုပ်ခဲ့ပါတယ်
မိဘပေးတဲ့ အမွေပေါ့
ကိုယ့်ရဲ့ဝါသနာပါတဲ့အလုပ်လို့ပြောရင်လည်းမမှားပါဘူး

ဘယ်အလုပ်ပဲဖြစ်ဖြစ် ဝါသနာပါဖို့လိုတယ်ဆိုတာကို ကျွန်တော်သိခဲ့တယ် ပျင်းနေလို့တော့မရဘူးပေါ့
..ယုန်လောက်မပြေးနိုင်တောင် လိပ်ထက်တော့မြန်နေမှဖြစ်မယ်လေ..

steemitမှာလုပ်ဖို့ လက်ကမ်းလှမ်းခေါ်တဲ့ညီကိုတွေကိုတော့
ကျွန်တော်လေးစားပါတယ်
ကျွန်တော် englishစာ အားနည်းတော့
ညီကိုတွေကို အားနာမိတယ်
ကျွတော်ကသူတို့အတွက်အင်အားမဖြစ်စေဘူးလေ

တစ်ကယ့်စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်ဗျာ
Steemitမှာ လုပ်နေကြတဲ့ ညီကိုတွေ
တိုးတက်အောင်မြင်ကြပါစေ
Steem များစွာကိုလည်း အချိန်တိုတွင်းပိုင်ဆိုင်နိုင်ကြပါစေဗျာ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!