''အထင်သေး၍ မရပါ''

in steemit •  8 years ago 

ဟိုတယ် သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကို ဓာတ်လှေကား တပ်ချင်တော့
ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး အလုပ်အပ်တယ်။

အင်ဂျင်နီယာက သူ တပ်ရမယ့် ဓာတ်လှေကားအတွက်အထပ်တိုင်းမှာ အပေါက်
ဖောက်ရမှာဖြစ်တဲ့အတွက် အထပ်တိုင်းကို လိုက်ကြည့်ပြီး အတိုင်းတာ ယူနေတုန်း.
သန့်ရှင်းရေး အလုပ်သမကြီးတစ်ယောက် ရောက်လာတယ်။

" ဆရာ ဘာတွေလုပ်နေတာလဲဟင် ? “
အလုပ်သမကြီး အမေးကို အင်ဂျင်နီယာက ပြန်ဖြေတယ်။
" ဓာတ်လှေကားတပ်မလို့  အဲဒါ အပေါက်တွေ ဖောက်ရမှာ လိုက်ကြည့်နေတာပါ “
ဒီအခါ အလုပ်သမကြီးက
" ဆရာရယ်၊ ဒါဆို နေရာတွေ ပိုကျဉ်းသွားပြိး အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့ “
အင်ဂျင်နီယာကြီးလည်း အလုပ်သမကြိး ပြောတာကို သဘောကျစွာ ရယ်မောပြီး
သူ့အလုပ် ပြန်လုပ်ဖို့ အာရုံစိုက်လိုက်ပါတယ်။
အလုပ်သမကြီးလည်း လှည့်ထွက်သွားမလို့ လုပ်နေရင်း စကားတခွန်းကို ပြောတယ်။
" ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး "

အင်ဂျင်နီယာကြီး တုန်လှုပ်သွားတယ်။
“ ဟုတ်သားပဲ၊ ဒါဆို အပေါက်တွေလိုက်ဖောက်စရာလည်း မလိုသလို နေရာလည်း
မကျဉ်းကုန်တော့ဘူးပေါ့။ “
သူ မစဉ်းစားမိခဲ့တာကို အလုပ်သမကြီးက ထောက်ပြလိုက်တာပါ။
ဒါနဲ့ ပဲ နောက်ပိုင်းမှာ အဆောက်ဦးတွေရဲ့ အပြင်ဘက်မှာ ဓာတ်လှေကား တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်။

နောက်တစ်ခုက ဒုတိယ ကမ္ဘာစစ်အတွင်းက ဖြစ်ရပ်ပါ။
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း ပြသနာတစ်ခု ကြုံရပါတယ်။ သူတို့ ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ သူတို့ ထရပ်ကားအမိုးတွေနဲ့ မလွတ်တာပါ။

အများကြီးမလွယ်တာလည်းမဟုတ်ပဲ တစ်လက်မလောက် မလွတ်တာပါ။ သူတို့ 
အကျပ်ရိုက်ကုန်တယ်။ ကားတွေရဲ့  အမိုးတွေဖြုတ်ရမလား-ပေါ့။
ရာပေါင်းများစွာသော ကားတွေရဲ့ အမိုးတွေ ဖြုတ် ပြန်တပ်ဆို အချိန် တော်တော်ကုန်
မယ့်အပြင် စစ်ဆင်ရေးကိစ္စ နှေင့်နှေးသွားနိုင်တယ်။

တံတားအပေါ်က မလွတ်တဲ့ အမိုးကိုင်းတွေကို လိုက်ဖြတ်ပစ်မလား။ ဒါဆိုရင် တံတား
ခံနိုင်ရည်အားကို ဖျက်ဆီးသလိုဖြစ်ပြီး တံတားကျိုးကျသွားနိုင်တယ်။

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက ကလေးတစ်ယောက် ရောက်လာတယ်။သူက
စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့နားမှာ အကြာကြီး ထိုင် နားထောင်နေတယ်။
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ
ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့  သူတို့ကို ကြည့်နေတယ်။
ဒီတော့ အင်ဂျင်နီယာ အကြီးတစ်ယောက်က မုန့်တစ်ခုကိုပေးလိုက်ပြီး ကလေးကို
သွားဖို့ပြောတယ်။
ဒါပေမယ့် ကလေးက မသွားပဲ အဲဒိအင်ဂျင်နီယာကို တစစစုံတရာ ပြောဖို့ကြိုးစားတယ်။
အဲဒါနဲ့  အင်ဂျင်နီယာကြီးက မေးလိုက်တယ်။
“ ဘာပြောချင်လို့လဲ ကလေး၊ ပြောလေ “

ရွာက ကလေး ပြောလိုက်တာက
" ဟိုလေ တံတားအမိုးနဲ့  ကားတွေမလွတ်ဘူးဆိုရင် ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား "

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက် ဘေးနားက ကားနဲ့  ခေါင်းနဲ့ ဆောင့်တဲ့သူက
ဆောင့် ဖြစ်ကုန်ပါတော့တယ်။

”သင်ခန်းစာ”
ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့။
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ထောင့်က
ဖြစ်နိုင်ပါတယ်။

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

beep beep

Excellent article, I am new here and I have found your article very helpful. Thank you very much! @kyawhlaingbwor