"ဆရာ ဘာကောင်ကိုက်လိုက်လဲမသိဘူး
မြွေလား ဘာလား မပြောတတ်ဘူး" ဆိုတဲ့အခါ
ဆရာဝန်တွေ ဒီလိုစဉ်းစားရပါတယ်။
၁။ snake bite or other bite
မြွေကိုက်တာလား အခြား သတ္တဝါလား
၂။ မြွေဆိုရင်
poisonous or non-poisonous
အဆိပ်ရှိမြွေလား အဆိပ်မရှိမြွေလား
အဆိပ်ရှိမြွေ အဆိပ်မရှိမြွေခွဲခြားဖို့ ကိုယ်ခန္ဓာ ဝမ်းပိုက်နဲ့
ဦးခေါင်း ကို ကြည့်ရတယ်။ အမြီးကို ကြည့်ရတယ်။
နှာပေါက်ကနေ အနောက်ကို ရေကြည့်လို့
၅ ခု ၆ခု မြောက် အကြေးခွံရဲ့ ပုံသဏ္ဍန်က
အရေးပါတယ်။
မြွေမပါလာတာ ခေါင်းကိုကြေအောင်ထုလာတာဆိုရင်
အခက်အခဲဖြစ်ပါတယ်
၃။ အဆိပ်ရှိမြွေဆိုရင်
Viper or Cobra or Others
မြွေပွေးလား မြွေဟောက်လား အခြားမြွေလား
မြွေပွေး မြွေဟောက် အခြားမြွေခွဲနိုင်မှ
ဆိုင်ရာ မြွေဆိပ်ဖြေဆေး ထိုးရတာပါ။
မြွေဆိပ်ဖြေဆေးဆိုတာ တမျိုးထဲရှိပြီး ဘာမြွေကိုက်လာလာ ဒါပဲထိုး မဟုတ်ပါဘူး
၎။ ဘယ်အချိန်ကိုက်တာလဲ
တနေ့လုံး တွင်းအောင်းပြီး ညဘက် အစာရှာထွက်ချိန်
မြွေဆိပ်အပြည့်နဲ့အချိန်လား
တညလုံးကိုက်စရာတွေကိုက်ပြီး
မနက် အိပ်တော့မယ် အဆိပ်နည်းချိန် ဖြစ်တာလား
ဆာလောင် ဒေါသထွက် Hunger bite Agressive Bite ဆိုရင် အဆိပ်ဝင်တာများမယ်။
၅။ အစွယ်ရာ ဘယ်နှခုလဲ
တခုလား တစုံလား ၂ စုံလား
၂စုံ ၄ ချက်ဆို aggressive bite ဖြစ်ပြီ။
full load of venom အဆိပ်အပြည့်နဲ့ ဖြစ်တာတောင်
ရှပ်ကိုက်မိသလား အဆိပ်နည်းနည်းဝင်သလား
ပယ်ပယ်နယ်နယ်ကိုက်မိပြီး အဆိပ်အကုန်ဝင်သွားသလား
အဆိပ်အပြည့်မှာ အရင်ဆုံးကိုက်ခံရသူက
အဆိပ်ဝင်တာများမယ်။
ဆက်တိုက်ကိုက်လာတာ ၅ယောက်မြောက်ကတော့
နည်းနည်းပဲ ဝင်မယ်
၆။ အစွန်အဖျား ခြေမမှာလား ဖြေဖမိုးမှာလား
ပေါင်ရင်းမှာလား
အစွန်အဖျားဆို သွေးက ပြန့်တာနှေးပြီး
အပေါ်ပိုင်းရောက်လေ ပြန့်နှုန်းမြန်လေပါပဲ။
၇။ ကိုက်မိတာ အရိုးပေါ်လား အသားပေါ်လား
သွေးပြန်ကြောပေါ် တည့်တည့်လား
အရိုးပေါ်ဆိုရင် ပြန့်တာနှေးမယ်
သွေးပြန်ကြောပေါ်ဆို အမြန်ပြန့်မယ်။
၈။ ကိုက်မိမိခြင်းရှေးဦးသူနာပြုစုတာလုပ်သလား
အဆိပ်မပြန့်အောင် ထိန်းခဲ့လား
၉။ ကိုက်တဲ့အချိန်ကစပြီး ဆေးရုံကို အမြန်ပို့လား
စောစောရောက်လေ မလှုပ်မရှားဘဲပို့လေ ပိုကောင်းလေပါပဲ။
၁၀။ နဂိုက လူနာမှာ ကျောက်ကပ်ရောဂါရှိလား
ကျောက်ကပ်ပျက်စီးတတ်တဲ့ မြွေပွေးကိုက်တာဆိုရင်
နဂိုအားနည်းတဲ့အတွက် ဖိတ်စင်တတ်တယ်။
ဒါတွေအားလုံးကို ချိန်ဆပြီးမှ
ဘာမြွေကိုက်သလဲ
ဘာဆေးထိုးမလဲ
ဘယ်လောက်ထိုးမလဲ ချိန်ဆတယ်။
မြွေဆိပ်ဖြေဆေးကိုယ်တိုင်က
မြင်းသွေးရည်ကြည်က ထုတ်တာမို့
မတည့်တဲ့အခါ
တုန့်ပြန်ပြီး ထိုးလိုက်တဲ့ မြွေဆိပ်ဖြေဆေးကြောင့်
ချက်ခြင်းသေတတ်တယ်။
တည့် မတည့် သတိထားရသေးတယ်။
အရေးပေါ်ဆေးများ အဆင်သင့် ပြင်ထားရတယ်။
ဆေးရဲ့အန္တရာယ်ကိုရှင်းပြရသေးတယ်။
ခုပြောနေတာ မပြည့်စုံသေးပါဘူး
သတိထား လုပ်ရတာ အများကြီး ကျန်ပါသေးတယ်။
ဒါကြောင့်
ငါတို့က မြွေပွေးပါဆို
ဆေးရုံက မယုံဘူး ပြောတတ်ကြတယ်
တခါတလေ ကိုက်တာတကောင်
ဖမ်းလာတာတကောင် တခြားစီ
ဆေးရုံက သူတို့ပြောတာကို
ရောဂါလက္ခဏာနဲ့ ချိန်ပြီးမှ ဆေးရွေးမှာ။
သူတို့ပြောတာကို လက်ခံပြီးလိုက်ထိုးမှာမဟုတ်ပါဘူး
ဆေးရုံအချိန်မီရောက်အောင်ပို့တယ်။
ချက်ခြင်းဆေးထိုးမပေးဘူး
ဟုတ်ပါတယ်
အဆိပ်ဘယ်လောက်ဝင်သလဲ
ဝင်ရောဝင်ရဲ့လား သေချာမှ ထိုးမှာပါ။
ဒီလိုအချက်တွေကို
အဆင့်လိုက်
စံနစ်တကျ
အလျှင်အမြန် စဉ်းစားပြီး
ကုထုံးပေးရတဲ့အချိန်မှာ
first comment မှာ ရေးထားတဲ့
story အဖြစ်အပျက်လို
လုပ်နေကြရင်
လူနာရော ဆရာဝန်ပါ ထိခိုက်ပါတယ်။
first comment link ကို
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။
ဆရာဝန်က ဆေးထိုးဖို့ မြွေဆိပ်ဖြေဆေးရဲ့ အန္တရာယ်ကို
ရှင်းပြတာကို
ဟိုလူ့ကိုပြောပြပါဦး
ဒီလူ့ကို ပြောပြပါဦး
တယောက်ပြီး တယောက်ရှင်းပြရလို့
အချိန်လင့်နေတဲ့ ဇာတ်လမ်းပါ
မနေ့ညက မြွေကိုက်လူနာလာတယ်
လွန်ခဲ့တဲ့ ၁နာရီကတဲ့
မြွေ ပါမလာဘူး
ကြိုးအထပ်ထပ် တင်းနေအောင် စည်းလာတယ်
အကိုက်ခံရတဲ့ အမျိုးသမီးက ပြောတယ်
မြွေအမြီးတော့ မြင်လိုက်ရသတဲ့
အကိုက်ခံရတဲ့ နေရာတစ်ဝိုက်ကို လိုက်ရှာကြတော့ လင်းမြွေကို တွေ့ခဲ့တယ် ပြောတယ်
အဲဒါဆို အဲဒီလင်းမြွေကို ယူခဲ့ဆိုတော့ မီးရှို့လိုက်ပြီတဲ့
ကျွန်မက ပွစိပွစိပြောတော့ သူတို့ဖုန်းဆက်ပြီး လာပို့တဲ့မြွေက အရေခွံ ဆုတ်ထားတဲ့ မြွေထုပ်ကြီး
ချက်စားကြမလို့တဲ့
မြွေအမျိုးအစား ဘယ်လိုလုပ်ကြည့်လို့ ရတော့မလဲ
ကဲ လာခဲ့ဆိုပြီး ထိုင်ရှင်းတယ်
အခုက ခင်ဗျားတို့ ယူလာတာက လင်းမြွေ
ဒါပေမယ့် သွေးဖောက် ဆီးစစ်ပြီး စောင့်ကြည့်ရဦးမယ်
မြွေဆိပ် အန္တရာယ်လက္ခဏာတွေကို ရှင်းပြပြီး HDUထဲထား စောင့်ကြည့်တယ်
Drip lineလေး ထည့်ထား
ATTလေး ထိုးထား
Antibiotic ပေးထားပေါ့
ပထမ ၁နာရီအတွင်း CT 5minute
ဆီးထွက်တာတော့ နည်းတယ်
20ccလောက်ပဲ ရတယ်
Urine Albumin- nil
နောက်၁နာရီ အကြာမှာ သွေးထပ်ဖောက်တယ်
CT- non clot
သွေး လုံးဝ မခဲတော့ပါ
မြွေပွေးဟ Viper bite
အကိုက်ခံရတဲ့နေရာကလည်း သွေးစို့နေ မတိတ်
ဆီးလည်း ထပ်မသွားပါ
ASV( anti viper) ထိုးတော့မယ်
ဆရာတွေ communication failureကို တွင်တွင်ပြောသံ ကြားလို့ လူနာရှင်ကို ခေါ်ရှင်းပါတယ်
လူနာနဲ့ အရင်းနှီးဆုံး လာခဲ့ဆိုတော့
သူ့အဖေ လာပါတယ်
အခြေအနေကို ရှင်းပြ၊ မြွေပွေးပါမလာသော်လည်း မြွေပွေးကိုက်တာနဲ့ တူလို့ မြွေဆိပ်ဖြေဆေး ထိုးတော့မယ်၊ မြွေဆိပ်ဖြေဆေးဆိုတာကလည်း shockရှိတတ်ကြောင်း၊ မြွေဆိပ်ဖြေဆေးထိုးပြီး ရင်လည်း ကျောက်ကပ်ထိတတ်သေးကြောင်း ရှင်းပြ၊ဆေးထိုးဖို့ သဘောတူလားမေးတော့ သူ့ယောက်ျားကို ရှင်းပြလိုက်ပါဦးတဲ့
ဟုတ်ပြီ
သူ့ယောက်ျားလာခဲ့
အထက်ပါအတိုင်း ထပ်ရှင်းပြ
မြွေဆိပ်ဖြေဆေးထိုးဖို့ သဘောတူလားမေး
သူ့ဦးလေးကို ရှင်းပြလိုက်ပါဦးတဲ့
ကျွန်မ စိတ်တိုလာတာ ဝန်ခံပါသည်
ခင်ဗျားတို့ကို ဘာမှ အသိမပေး မရှင်းပြဘဲ ကိုယ့်ဖာသာထိုးပစ်လည်း ရတယ်လို့
မြန်မာစကားကို မြန်မာလိုရှင်းပြနေတာကို ဘာနားမလည်စရာ ရှိလဲလို့
အချိန်က အရေးကြီးတယ်လို့
အမှန်က သူတို့က ခေါင်းမခံချင်တာ
သူ့ဦးလေးဆိုသူက "ဆရာမတို့ တွေ့ရှိယူဆချက်အရ မြွေပွေးလို ထင်ရင်လည်း ထိုးချင် ထိုးပေါ့"တဲ့
အော်သာ ငိုလိုက်ချင်တော့တယ်
ASV ၈လုံးထိုးပြီး နောက်၁နာရီအကြာမှာ CTကလည်း non clot
ဆီးကလည်း လုံးဝမထွက်တာမို့ Lasixတွေ ဘာတွေနဲ့လည်း pushလုပ်မနေတော့ဘဲ မုံရွာဆေးရုံသို့သာ referလုပ်လိုက်ပါတော့သည်
ဒါတောင် သူတို့က လူနာက အလတ်ကြီးကို ဆရာမက လွှဲလို့သွားရတာလို့ ရွာကို လှမ်းဖုန်းဆက်နေသံကို ခွဲခန်းဝင်ခါနီး ကြားလိုက်ရပါသေးသည်
(ညသန်းကောင်မှာ လွှတ်တော်အမတ်တစ်ယောက်
သိချင်လို့ ဆက်သွယ်ဆွေးနွေးတာနဲ့
အခုဖြစ်ပျက်တာကို ပေါင်းပြီး ပြောပြတာပါ)
ခရက်ဒစ် sai kum min