''ဆင်းတုံးမနွယ်''

in steemit •  8 years ago 

ဆင်းတုံးမနွယ်
မအိုဆေး မသေဆေး အဖြစ် ခေါ်ဝေါ်သုံးစွဲကြပါတယ်။

မြန်မာစကားရှိပါတယ် ။ " အသက်ကြီးလျင်ဆင်စီးပါ "
ဆိုတာ အမှန်ကတော့ တကယ့်ဆင်ကိုစီးခိုင်းတာ မဟုတ်ပါဘူး။
ဆင်းတုံးမနွယ်ကို မှီဝဲရင် ဆင်လို ခွန်အားဗလနဲ့ပြည့်စုံပြီး
ကျန်းမာသန်စွမ်းမယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ရုက္ခဗေဒ အခေါ်အားဖြင့် Tinospora cordifolia လို့
ခေါ်ပါတယ်။ နွယ်ပင်အမျိုးအစားပဲဖြစ်ပါတယ်။ အခေါက်ကို
ကြည့်ရင် အပင်နုစဉ်မှာ အစိမ်းနုရောင်ရှိပြီး ရင့်လာရင်
တော့ မီးခိုးရောင် ပြောင်းသွားပါတယ်။ မီးခိုးရောင်ရင့်လေ
ဆေးအာနိသင်ပိုကောင်းလေဖြစ်ပါတယ်။ အရွက်ကို
ကြည့်လိုက်ရင် ကွမ်းရွက်လိုလို ဗောဓိညောင်ရွက်လိုလို
ဖြစ်ပါတယ်။ ဆေးဖက်ဝင်အာနိသင်ဓာတ်တွေကတော့
အခါးဓာတ်ဖြစ်တဲ့ Alkaloidတွေဖြစ်ပါတယ်။အခါးဓာတ်
များလေလေ ဆေးအာနိသင်ပိုထက်မြက်လေဖြစ်ပါတယ်။
ဆင်းတုံးမနွယ်ကို ရေနဲ့ပြု တ်ပြီး ရေကိုသောက်မယ်ဆိုရင်
အာနိသင် ပြည့်ပြည့်ဝဝရရှိမှာ ဖြစ်ပါတယ်။
အသုံးဝင်ပုံ
၁။ အရောင်ကျစေသော အာနိသင်ရှိခြင်း။
၂။ ဆီချိုး သွေးချိုရောဂါကို သက်သာစေခြင်း။
၃။ ခန္ဓာကိုယ်ခုခံအားစံနစ်ကို ကောင်းမွန်စေခြင်း။
၎။ သွေးတိုးရောဂါကို သက်သာစေခြင်း။
၅။ အသက်ကြီးသူများအတွက် အကောင်းဆုံး
သဘာဝဆေးပင် ဖြစ်သည်။

ဆေးဖက်ဝင် Alkaloid တွေဟာရေမှာပျော်ဝင်တာကြောင့် ရေနဲ့ပြုတ်ပြီး
ပြုတ်ရည်ကို သောက်နိုင်ပါတယ် ။ တစ်နေ့ကို 4.5g ကနေ
9.0g လောက်ထိသောက်သင့်ပါတယ်။
(တစ်မတ်သားမှ ငါးမှုးသားအထိပဲ ဖြစ်ပါတယ် )
အထူး သတိပြုဖို့ကတော့ ဆင်းတုံးမနွယ်ဟာ သေသေ
ချာချာ မထားရင် အမျှင်ပါဝင်မှုများနေတဲ့အတွက် မှိုတက် တတ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာတော့
ခေတ်မီနည်းပညာကိုသုံးပြီး အဆီအနှစ်ထုတ်ယူခြင်း
( Extraction ) ပြုလုပ်ပြီမှ စားသုံးရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။
သေဖို့ အင်မတန်ခက်ခဲတဲ့အပင်တွေထဲမှာ ဆင်းတုံးမနွယ်ဟာ
ထိပ်ဆုံးကအပင် ဖြစ်ပါတယ်။
ခရက်ဒစ် ကျော်ကျော်ဦး image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!