ကမ္ဘာတွင်ရှိ ထူးထူးဆန်းဆန်း လူသားများ

in steemit •  7 years ago 

21-34-51-%5BUNSET%5D.jpg

(၁) ဘာဘီလူသား

Valeria Lukyanova လို့ အမည်ရပါတယ်။ ကမ္ဘာ့ပထမဆုံး ဘာဘီလူသားဖြစ်လာဖို့ သူမကိုယ်သူမ နှစ်နဲ့ချီ ကြိုးစားရယူခဲ့တာ ဖြစ်ပါတယ်။ ဘာဘီရုပ်နဲ့တူအောင် Gym နေ့စဉ်ကစားခြင်းနှင့် diet လုပ်ခြင်းတို့ ပြုလုပ်ခဲ့ရပါတယ်။ ရင်သားပြုပြင်ခြင်းမှလွဲလို့ မျက်နှာနှင့်ခန္ဓာကိုယ်ကို ပလတ်စတစ်ဆာဂျရီပြုလုပ်ဖူးခြင်း မရှိဘူးလို့ သိရပါတယ်။

21-35-28-%5BUNSET%5D.jpg

21-35-30-%5BUNSET%5D.jpg

21-35-38-%5BUNSET%5D.jpg

(၂) ပါးစပ်အကျယ်ဆုံးလူသား

Francisco Domingo Joaquim လို့ အမည်ရပါတယ်။ ကမ္ဘာ့ပါးစပ်အကျယ်ဆုံးလူသားလို့ မှတ်တမ်းတင်ထားပါတယ်။ သူ့ရဲ့ပါးစပ်အကျယ်ဟာ ၆.၅ လက်မကျော် ရှိပါတယ်။

21-35-58-%5BUNSET%5D.jpg

21-36-00-%5BUNSET%5D.jpg

(၃) X ray မျက်လုံးနဲ့မိန်းကလေး

ရုရှားမှ Natasha Demkina အမည်ရ မိန်းကလေးဖြစ်ပါတယ်။ သူမအသက် ၁၀ နှစ်အရွယ်မှာ အူအတက်ခွဲစိတ်ပြီးနောက် သူမမျက်လုံးဟာ လူ့ခန္ဓာကိုယ်အတွင်းပိုင်းကို ထိုးဖောက်မြင်နိုင်တဲ့ X ray အမြင်ကို ရရှိခဲ့တာဖြစ်ပါတယ်။ သူမမွေးရပ်ဒေသက ဆရာဝန်တွေက သူမအမြင်ကို စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် ကလေးဆေးရုံမှာ အလုပ်လုပ်စေခဲ့ပါတယ်။ ကလေးတွေကို ဓာတ်မှန်ရိုက်စရာမလိုဘဲ သူမမြင်ရတာကို ပုံဆွဲပြရတာဖြစ်ပါတယ်။

21-36-03-%5BUNSET%5D.jpg

21-36-22-%5BUNSET%5D.jpg

21-36-24-%5BUNSET%5D.jpg

(၄) လျှာအရှည်ဆုံးလူသား

Adrianne Lewis လို့ အမည်ရပါတယ်။ လျှာအရှည် ၃.၉၇ လက်မနဲ့ ကမ္ဘာ့လျှာအရှည်ဆုံး မိန်းကလေးအဖြစ် မှတ်တမ်းတင်ထားသူ ဖြစ်ပါတယ်။

21-36-54-%5BUNSET%5D.jpg

21-36-59-%5BUNSET%5D.jpg

(၅) အရပ်အရှည်ဆုံး ဆယ်ကျော်သက်မိန်းကလေး

Elisany da Cruz Silva လို့အမည်ရပါတယ်။ အရပ်အမြင့် ၆ပေ ၈လက်မရှိပြီး ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်မိန်းကလေး ဖြစ်ခဲ့သူပါ။ သူမချစ်သူကတော့ အရပ်အမြင့် ၅ပေ ၄လက်မသာရှိပြီး သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ အတော်လေးကြာနေပြီဖြစ်ပါတယ်။

21-37-18-%5BUNSET%5D.jpg

21-37-22-%5BUNSET%5D.jpg

21-37-26-%5BUNSET%5D.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!