အိမ်

in steemit •  6 years ago 

အိမ်

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုခဲ့ အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်း အိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုး အိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ

ကလေးလေးတွေ
နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ
ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင် စိုက်မယ်
ကိုယ်တိုင်ထွန် ဝါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန်
ကိုယ်တိုင် စိုက်တဲ့
စပါးရိပ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

ရင်ခွင်မှာ ရှင်သန်ရာ
ခိုမှီရာ အိမ်တစ်အိမ်ကို
ကမ္ဘာမြေမှာ တည် ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ရင်စေ
ရင်ခွင်အိမ် ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ်
စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ
ကမ္ဘာမြေမှာတို့အိမ်
ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်

(စာသား နေထွန်း)
(သံစဉ် ဓီရာမိုရ်)

ကျောင်းမှာ ရှိတဲ့ သစ်တို သစ်စ ထန်းတို ထန်းစ တွေနှင့် နားခိုရာလေး တစ်ခု တည်ဆောက်လိုက်တယ်။
‘‘ဝိဟာရဒါနံ သံဃဿ, အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ - ကျောင်းအလှူကို ဘုရားရှင် ချီးမွမ်းတော် မူ၏"တဲ့။

ဘုရားရှင် မချီးမွမ်းချင် နေပါစေ စိတ်ကူးတဲ့ရာလေး လုပ်ပစ်လိုက်ရတာ စိတ်ထဲမှာတော့ ကျေနပ်သွားတယ်။

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုခဲ့ အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်း အိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုး အိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ် image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!