ဆရာမတင်ထားတဲ့ post လေးပါ ပြန်မျှဝေပါတယ်
တခါတုန်းက ကျွန်မယောက်ျားဖက်က ဆွေမျိုးတော်စပ်သူတစ်ယောက်က ကျွန်မကို "ငါတို့မောင်ကို သိပ်မနိုင်ပါနဲ့အေ "လို့ ပြောဖူးတယ်။
ကျွန်မက ရယ်ရုံပဲနေလိုက်ပြီး မနိုင်ရပါဘူးအစ်မရယ် လို့ပဲ တိုတိုပြန်တုန့်ပြန်လိုက်တယ်။
သူက တောသူအပျိုကြီး ဆိုတော့ ရှည်ရှည်ဝေးဝေးရှင်းပြလဲ နားလည်ချင်မှလည်မှာလေ။
ဒီအကြောင်းနဲ့ဆက်စပ်ပြီးတွေးမိတာက ကျွန်မတို့မြန်မာတွေမှာအရိုးစွဲနေတဲ့ Culture အကြောင်းပေါ့။
လင်ယောက်ျားဆိုရင် ငွေရှာပေးရင်၊မသောက်မစား၊မဖောက်မပြားနေရင်ပဲ တော်လှပြီ လို့မှတ်ထားကြတယ်။
အဲဒီထက်ထူးခြားပြီး မိန်းမကို ထမင်းချက်ကျွေးတယ်တို့၊ ကလေးကူထိန်းပေးတယ်တို့ ကြားရရင် "ဟယ် ဒီမိန်းမ လင်နိုင်လိုက်တာ" တဲ့။
ကျွန်မအတွက်ကတော့ ဒါဘာဆန်းလဲဟဲ့ လို့ပြန်မေးချင်တာ။
နှစ်ဖက်မိဘအထောက်အပံ့မပါပဲ ကိုယ့်မင်္ဂလာဆောင်ကိုယ်ဆောင်ပြီး ကိုယ့်အိမ်ထောင်ကိုယ်ပြု လင်တစ်ကျပ် မယားတစ်ကျပ် တန်းတူရှာတဲ့ အိမ်ထောင်ရေးမှာ မိန်းမက ကိုးလကိုယ်ဝန်ဆောင်လို့ ယောက်ျားက တစ်လလောက် အနှီးကူလျှော်ပေးရတာ အနိုင်အရှုံး မဟုတ်ဘူး။
မိန်းမက ထမင်းချက်ကျွေးလို့ ယောက်ျားက ပန်းကန်ဆေးတာ အနိုင်အရှုံးမဟုတ်ဘူး။
မိန်းမက အဝတ်လျှော်လို့ ယောက်ျားက မီးပူတိုက်တာအနိုင်အရှုံးမဟုတ်ဘူး။
မိန်းမက ကလေးတစ်ဖက်ရှိနေပေမယ့် လင်ယောက်ျားရဲ့ဝင်ငွေအပြင် အပိုလေးရပါစေတော့ဆိုပြီး အိမ်နေရင်းငွေထပ်ရှာပေးလို့ ယောက်ျားက အလုပ်ကပြန်ချိန်ကလေးကူထိန်းတာဟာ အနိုင်အရှုံးမဟုတ်ဘူး။
မိန်းမဖက်ကလဲ အပါးမခို အချောင်မခိုပဲ အိမ်ထောင့်တာဝန်ကို အိမ်ရှင်မနေရာ၊မိခင်နေရာကအပြင် ခေတ်သစ်မိန်းမတစ်ယောက်လိုတာဝန်ကျေမှတော့ ယောက်ျားဖက်ကလဲ တွက်ကပ်စရာမရှိဘူးလို့ ကျွန်မမြင်တာပဲ။
ဒါဟာ ချစ်ခြင်းမေတ္တာပါ။
အပြန်အလှန် နားလည်မှုပါ။
အတုံ့အလှည့် ပေးဆပ်မှုပါ။
စိတ်ဓါတ်အဆင့်အတန်းမြင့်မားတဲ့ယောက်ျားသားတွေရဲ့ အပြုအမူပါ။
တကယ်ဆို ကိုယ့်ဆွေမျိုး မောင်လေးတစ်ယောက် ဒီလိုရည်မွန်တာကို
ဂုဏ်ယူရမှာပါ။
ကျွန်မကတော့ ကျွန်မမွေးတဲ့သားလေးတွေကအဲဒီ့လို တရားမျှတပြီးစာနာ တတ်သူတွေများ ဖြစ်ရင် သိပ်ဂုဏ်ယူမိမှာပဲ။
တစ်ခုတော့ ရှိတာပေါ့။ သူ့မိန်းမကလဲ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ပြီး တာဝန်ကျေသူဖြစ်ဖို့လိုတာပေါ့။
အိမ်ထောင်ရေးဟာ ဘက်မျှမှ အဆင်ပြေတာလေ။
ယောက်ျားသားမို့၊ မိန်းမသားမို့ ဆိုတဲ့စိတ်နဲ့ ဘယ်သူမှ အခွင့်ထူးပိုခံနေလို့မဖြစ်ဘူး။
ကျွန်မတို့လင်မယားမှာ အနိုင်အရှုံးမရှိဘူး။
အားလုံးမျှမျှတတပဲ။
ကျွန်မရဲ့ဒီအယူအဆကိုကျွန်မယောက်ျားက လက်ခံနေသေးသရွေ့တော့
ကျွန်မက ကံကောင်းနေသေးရုံပါပဲ။ ဒီထက်မပိုဘူး။
ဒါကို ယောက်ျားကိုနိုင်လေခြင်း လို့ထင်ရင်၊ ထင်တဲ့သူကိုယ်တိုင်ကိုက မိန်းမသားဖြစ်နေရင်တော့ ကျွန်မဆုတောင်းတယ်။
သူအိမ်ထောင်ပြုတဲ့အခါ
"မင်းကံကောင်းပါဇေးးးး "လို့။
so sweet.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You mai vote me your vote screenshot
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Vote ပြီးပြီ နော် fri
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Vote ပြီးပြီ နေိာ fri
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit