တနေ့ကျရင်
သူ ဘာဖြစ်လာမှာလဲလို့
မကြာခဏ ဘဝနဲ့ ဝေးရာ
တွေးတွေး နေမိ
သတိလက်လွတ် မေ့လျော့လိုက်ဖို့က
ခက်ခဲလိမ့်မယ်လို့
မကြာခဏ
အတိတ်ကို လည်ပြန်ငေးနေမိတယ်
တကယ်လို့များ
တစက္ကန့် တမိနစ် တနာရီ တနှစ်က စလို့
နောင်လာမယ့် နှစ်ပေါင်းများစွာ
အချိန်ဟာ
ရေလို ရွေ့လျား
အခိုးအငွေ့တွေလိုများ
မှုန်ဝါး ပျောက်ကွယ်သွားနိုင်သလားဆိုပြီး
မကြာခဏ
ငြိမ်သက်တွေဝေ နေမိပြန်တယ်
အချစ်ဆိုတာကလည်း
သင်္ခန်းစာအသစ်တွေကို
သင်ယူ ကျက်မှတ်နေရသလို
မကြာခဏ
ခက်ခဲနေရမှာ အမှန်ပါဘဲ
အကြိုက်ဟာလည်း
တနေရာကနေ အခြားတနေရာ
ရွေ့လျား ကူးပြောင်းနေတတ်တာမျိုးဘဲ
မဟုတ်လား
ဘယ်သူမှ မရှိတော့ရင်
အရင်လိုဘဲ
ဘဝကို ဖြတ်သန်း ကျော်ဖြတ်နေမှာ အမှန်ဘဲ
လမ်းတွေက ကောက်ကွေ့လွန်းသမို့
နံရံကို ကျောနဲ့ ကပ်ထားမိ
မေးခွန်းတွေက ရက်စက်လွန်းသမို့
အဖြေကို စာရွက်အလွတ်ပေါ် လွှတ်ချမိ
အကြည့်တွေက စူးရှလွန်းသမို့
မျက်လွှာကို ချထားမိ
ရင်ဆိုင် ဖြတ်သန်းရမယ့် မနက်ဖြန်ဟာ
အဝေးပြေးလမ်းမထက်က မိုင်တိုင်တွေလို
ဒီတနေ့ပြီး နောက်ထပ်တနေ့
ပြေးစရာ ရွေ့စရာ မြေမရှိတော့သလိုမျိုး
ခြေအစုံကို ရပ်တန့်လိုက်မိတယ်
တဘဝပြီး နောက်ဘဝ
တနေ့ကျရင် သူ ဘာဖြစ်လာမှာလဲလို့
အစပြီးရင် အဆုံးကို
မျှော်လင့်မနေသင့်တော့ဘူး
အစပြီးရင် နောက်ထပ်
အစဘဲ ပြန်လာနေတဲ့ ကမ္ဘာလေ
လူတွေနဲ့ ဝေးရာ
ရှင်သန်နေမှုရဲ့ ဝေးရာ
တွေဝေစောင့်ဆိုင်းခြင်းတွေရဲ့ ဝေးရာ
ယုံကြည်မှု လွန်ကဲခြင်းရဲ့ ဝေးရာ
မကြာခဏ
ထွက်ပြေး နေချင်တော့တယ်
သူဟာ
အိပ်မက်မက်နေသလို ခဏခဏ
သူဟာ
တစ္ဆေခြောက်လှန့်နေသလို ခဏခဏ
သူဟာ
အရူးမီးဝိုင်းနေသလို ခဏခဏ
သူဟာ
စိတ်နောက်ပေါ့သွပ်နေသလို ခဏခဏ
သူဟာ
အတိတ်မေ့သလိုရွှေပျောက်သလို ခဏခဏ
သူဟာ
ဥစ္စာပျောက်ငရဲရောက်သလို ခဏခဏ
သူဟာ
ဖောက်လွဲဖောက်ပြန် ခဏခဏ
ဒီဘဝဟာ
မသေချာတော့ဘူး ဆိုပြီး
ဘဝကူးကောင်းဖို့
သူက
ရည်ညွှန်းချက်မပြည့်စုံသော
အဓိပ္ပါယ်မဲ့ကဗျာတွေ ရေးနေလျက် ...။
Very good poem
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by marmarkhaing92 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit