မုန့်စိမ်းပေါင်းလုပ်နည်း

in steemit •  7 years ago 

မုန့်​စိမ်း​ပေါင်းလုပ်​နည်း(၂)နည်း။

#မုန့်စိမ်းပေါင်းလုပ်နည်း1

===================

ငစိန်ဆန် တစ်ပြည်ကိုရေစင်အောင်ဆေးပြီး ကြိတ်ဆုံမှာကြိတ်ပါ။
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ထားပါ။

ရေစစ်သွားတဲ့အခါ မုန့်နှစ်ကိုအလုံးလိုက် ပေါင်းပါ။

မုန့်သား အနည်းငယ် ကျက်တာနဲ့
မုန့်လုံး ကို လက်ဆုံမှာထည့်ထောင်းပါ။
မုန့်ညက် အမှုန့်တွေကို အခဲတွေမပါအောင် ဆန်ခါ ချထားပါ။
အဖြူ သား လုပ်ဖို့မုန့် အချို့ကိုချ န်ထားပြီး
ကျန်တဲ့မုန့်သားတွေကို ပေါက်စေးကျ အောင်ကြို ထားတဲ့
ထန်းညက်ရည်နဲ့ နှံ့အောင် ရောနယ်ပါ။
ထန်းညက် (၅၀)ကျ ပ်သားလောက် ကြို ရင် ရပါပြီ ။
အဖြူ သားအတွက်ချန်ထားတဲ့ မုန့်သားထဲကို
အုန်းသီးတစ်လုံးကိုညှစ်လို့ရတဲ့ အုန်းနို့ပျ စ်ပျ စ်နဲ့
သကြားနည်းနည်းရောထည့်နယ် ထားပါ။
တချို့က မုန့်အဖြူ ထဲကို ပဲလွန်းပြု တ်ပြီးထည့်ကြပါတယ်။
မုန့်စိမ်းပေါင်းအိုး(မြေအိုး) ကို အိုးရောင်းတဲ့ဆိုင်မှာ မေးဝယ်လို့ရပါတယ်။
ပေါင်းအိုးမှာ ကပ်ပြားခံပြီး ပိတ်စိမ်းပါး(အ၀တ်ဖြူ ချည်သားကျဲကျဲ ) ခင်းပါ။
ပထမဆုံး ထန်းညက်နဲ့နယ်ထားတဲ့ မုန့်သားကို ဆန်ခါချ ပြီး ခပ်ရွရွ ခင်းထည့်ပါ ။
အပေါ်မှာတစ်ထပ်အုပ်ဖို့ နည်းနည်းချန်ထားပါ။
ထန်းညက်နဲ့မုန့်သားထည့်ပြီးရင် အပေါ်ကနေ မုန့်သားအဖြူ ထည့်ပါ ။
အဖြူ သားပေါ်ကနေ ရောင်စုံဖရုံယိုအတုံးလေးတွေ သီဟိုဠ်စေ့တွေထည့်လို့ရပါတယ်။
အဖြူသားပေါ်ကနေ ချန်ထားတဲ့ ထန်းညက်နယ်ထားတဲ့မုန့်သားတစ်ထပ် ထပ်ထည့်ပါ။
ပေါင်းလို့ကျက်တဲ့အခါ ဓါးနဲ့လှီးပြီး အုန်းသီးဖြူးစားပါ။

ကော်ဖီ/လက်ဖက်ရည်နဲ့ဖြစ်စေ-
ရေနွေးကြမ်းနဲ့ဖြစ်စေ တွဲဖက်စားလို့ရတဲ့ မြန်မာ့ရိုးရာစားစရာပါ။

============

သဘာဝရဲ့အာဟာရ

#မုန့်စိမ်းပေါင်း၂

မင်္ဂလာရှိတဲ့ နံနက်ခင်းနဲ့အတူ လူမျိုးဘာသာမရွေး နံနက်ခင်းတွေမှာ ကော်ဖီ၊ ရေနွေးကြမ်း၊ လဖက်ရည်တို့နဲ့ နှစ်သက်စွာ တွဲဖက်စားသုံးလေ့ရှိတဲ့ မုန့်စိမ်းပေါင်း လုပ်နည်းလေးကို မိတ်ဆက်ပေးပါမယ်။ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ မုန့်လုပ်နည်းလေးတွေတော့ သိထားချင်မယ် ထင်ပါတယ်။

၁။ ငစိန်ဆန် (၁)ပြည်စာကို ကြိတ်ကာ၊ရေစစ်ပြီးသား မုန့်နှစ်ကို ပေါင်းအိုးဖြင့် အလုံးလိုက်ပေါင်းပါ။

၂။ မုန့်သား အနည်းငယ် ကျက်တာနဲ့ မုန့်လုံး ကို လက်ဆုံမှာထည့်ထောင်းလိုက်ပါ။

၃။ မုန့်ညက် အမှုန့်တွေကို အခဲတွေမပါအောင် ဆန်ခါ ချထားပါ။

၎။ အဖြူ သား လုပ်ဖို့မုန့် အချို့ကိုချန်ထားပြီး ကျန်တဲ့မုန့်သားတွေကို ပေါက်စေးကျ အောင်ကြို ထားတဲ့ ထန်းလျက် (၅၀)သား အရည်နဲ့ နှံ့အောင် ရောနယ်ပါ။

၅။ အဖြူသားအတွက် ချန်ထားတဲ့မုန့်သားထဲကို ညှစ်ထားတဲ့ အုန်းသီးတစ်လုံးစာ အုန်းနို့ပျစ်ပျစ်နဲ့
သကြားနည်းနည်းရောထည့်နယ်ထားပါ။

မှတ်ချက် ။ တချို့က မုန့်အဖြူ ထဲကို ပဲလွန်းပြု တ်ပြီးထည့်ကြပါတယ်။ မုန့်စိမ်းပေါင်းအိုး(မြေအိုး) ကို အိုးရောင်းတဲ့ဆိုင်မှာ မေးဝယ်လို့ရပါတယ်။ ပေါင်းအိုးမှာ ကပ်ပြားခံပြီး ပိတ်စိမ်းပါး(အ၀တ်ဖြူ ချည်သားကျဲကျဲ ) ခင်းပါ။ ပထမဆုံး ထန်းလျက်နဲ့နယ်ထားတဲ့ မုန့်သားကို ဆန်ခါချ ပြီး ခပ်ရွရွ ခင်းထည့်ပါ ။ အပေါ်မှာတစ်ထပ်အုပ်ဖို့ နည်းနည်းချန်ထားပါ။ ထန်းညက်နဲ့မုန့်သားထည့်ပြီးရင် အပေါ်ကနေ မုန့်သားအဖြူ ထည့်ပါ ။ အဖြူ သားပေါ်ကနေ ရောင်စုံဖရုံယိုအတုံးလေးတွေ သီဟိုဠ်စေ့တွေထည့်လို့ရပါတယ်။ အဖြူသားပေါ်ကနေ ချန်ထားတဲ့ ထန်းလျက်နယ်ထားတဲ့မုန့်သား တစ်ထပ် ထပ်ထည့်ပါ။ ပေါင်းလို့ကျက်တဲ့အခါ ဓါးနဲ့လှီးပြီး အုန်းသီးဖြူးစားပါ။

သိပြီးရင် ဒီအတိုင်းလည်း ပစ်မထားနဲ့။ စမ်းလုပ်ကြည့်ပါ..

ယောက္ခမက ဒီလိုခေတ်မှာတောင် မုန့်စိမ်းပေါင်း လုပ်ကျွေးနိုင်တဲ့ ချွေးမလေးဆိုပြီး ဖူးဖူးမှုတ် ချစ်သွားအောင်ပေါ့.နော့်.

Credit :ဟင်းချက်နည်းများ
ဓမ္မနှင့်​အ​ထွေ​ထွေဗဟုသုတ image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!