အချိန်ရမယ်ဆို ဖတ်ကြည့်စေချင်ပါတယ် စာပေတွေထဲ ရသစာပေဖတ်တာကလည်း
အကျိုးကျေးဇူးအများကြီးရတာပါပဲ ရသအမျိုးမျိုးကိုလည်း ခံစားရှိစေပါတယ် ခံစားချက်တွေကိုလည်း ဆမ်းစစ်နိုင်လို့ ဖတ်ဖို့တိုက်တွန်းပါရစေနော်
ခါးမသန် အားမာန်တင်းပေမဲ့
အခန်း(၁)
“စာပုလွေ ရင်မှာ ပိုက်ပါလို့ ....
စာပုလွေ .... ရင်မှာ ပိုက်ပါလို့  ....
ကျောင်းတော်ကို တဲ့ လိုက်မယ်ပြင် ... ကျောင်းတော်ကို တဲ့ လိုက်မယ့်ပြင်.... ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုန်းရယ်လို့  ပြော ... ပြောခဲ့ပါဦး ”
ဘိသိက် ဆရာ၏ အောင်မြင်သော အသံဝါကြီးမှာ ဆောင်းဘောက် များဆီမှ ဟိန်းကာထွက်နေသည်။မနေ့ ညက ဟင်းချက်ဖို တာဝန်ကျထား၍ ကျိန်းစပ်နေသော မျက်ဝန်းတို့ ပုတ်ခတ်ကာ အိပ်ချင်ပြေ လက်ဖက်တစ်ဇွန်းစားလိုက် ဆေးလိပ်ကလေး ဖွာလိုက်နှင့် ကိုထွန်းမောင် အိပ်ချင်စိတ်ကို မနည်းတွန်းလှန်နေရသည်။ရှင်လောင်းစင်ပေါ် စီတန်းထိုင်နေကြသော သာမဏေအလောင်းအလျာလေးတွေကိုကြည့်ကာ ပီတိဖြာမိရင်းမှအလှူ့ ဒါယိကာ ဒါယိကာမတွေဆီ အကြည့်ရောက်သွားမိပြန်သည်။ ဒီနေ့ အလှူသည် ရွာလယ်ခေါင်မှ သိန်းဋ္ဌေး၏ အလှူဖြစ်သည်။အလှူ့ ဒကာ ဒကာမတို့ ၏ အပြုံးအရယ် တွေပေါ်မှ တဆင့် မောင်ရှင်လောင်းလေးတွေကို တစ်ခါမှ မမြင်ဘူးသလို ပါးစပ်လေးဟကာ ငေးကြည့်နေသော သားကြီးနှင့် သားငယ်ဆီ အကြည့်ကရောက်သွားမိပြန်သည်။ရုတ်တရက် ကိုထွန်းမောင်၏ မျက်လုံးအစုံသည် မြင်ကွင်းတွေအားလုံးေ၀၀ါးသွားသည်။ ထိုင်နေရာမှ ကမန်းကတမ်းထကာ အလှူမဏ္ဍပ် နှင့်
ဝေးရာဆီသို့ ထွက်လာမိသည်။ ထို့ နောက်တော့ သစ်ပင်ကြီးတစ်ခုအကွယ်တွင် အရုပ်ကြိုးပြတ် ထိုင်ချကာ ရှိုက်ကြီးတငင်
ငိုချလိုက်မိတော့သည်။ ကိုထွန်းမောင် ဘယ်လောက်ကြာအောင်ငိုနေမိသည်မသိ ပုခုံးပေါ်သို့ လက်လာတင်မှ မော့ကြည့်မိသည်။ မသိန်းရင်။ ဟုတ်ပါသည်။ သူ၏ချစ်လှစွာသောဇနီးသိန်းရင်ဖြစ်ပါသည်။ သိန်းရင်၏မျက်ဝန်းတွင်လည်းမျက်ရည်စတွေနှင့်ဖြစ်သည်။ လင်မယားနှစ်ယောက်အတန်ကြာအောင် မျက်ဝန်းချင်းဆိုင်ကာ ကြည့်နေမိရာမှ သိန်းရင်က စကားစသည်။
“ကိုထွန်းမောင်ရယ် သူများတွေမင်္ဂလာယူနေတဲ့ အချိန်မှာ တော်က ဘယ်လိုဖြစ်ရတာလဲ ”
“ငါသိပါတယ် သိန်းရင်ရယ် ဒါပေမဲ့ ဒါပေမဲ့ ငါ့သားလေးတွေကို ကြည့်စမ်းပါဦးဟာ ဘယ်လောက်သနားစရာ ကောင်းသလဲ မောင်ရှင်လောင်းလေးတွေကိုကြည့်နေလိုက်တာများ ပါးစပ်လေးတွေတောင်ဟလို့  ငါ ငါ လေ အဖေတစ်ယောက်တာဝန်ကို မကျေသလိုများဖြစ်နေပြီလား
လို့ တွေးရင်း အရမ်းဝမ်းနည်းလာလို့ ပါဟာ”
“အိုတော် အဲ့လိုမတွေးစမ်းပါနဲ့  တော့်မှာ
ဘာတာဝန်များမကျေတာရှိလို့ တုန်း တော်က အသောက်အစားလောင်းကစားရယ်လို့ လည်းလုပ်တာမဟုတ် ဆေးလိပ်ကလေးလောက်သာ သောက်တာရှိတာ အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး
ကျုပ်တို့ မိသားစုအပေါ် ကြင်ကြင်နာနာ နဲ့  သစ္စာရှိရှိ လုပ်ကျွေးလာတာ ကျုပ်အသိဆုံးပဲကို ဒါဆိုရင်ကို တော့်အဖို့  တာဝန်ကျေလှပါပြီတော် ချမ်းချမ်းသာသာဖြစ်မလာတာတော့
ကျုပ်တို့ ရဲ့ အတိတ်ဘ၀က ကုသိုလ်ကံနည်းခဲ့လို့ ပဲလို့ ကျုပ်က မှတ်ယူထားပါတယ်
ကိုသိန်းဋ္ဌေးက ကျုပ်တို့  သားနှစ်ယောက်လုံး သူ့ အလှူထဲ ထည့်လိုက်ပါလားလို့ မေးတုန်းက တော်မှ လက်မခံတာကို”
“တော်စမ်းပါသိန်းရင်ရယ် ငါ့သားနှစ်ယောက်ဟာ ငါ့ရင်က ဖြစ်တဲ့သားတွေပါဟာ ငါ့ရင်ကဖြစ်တဲ့သားကို ငါ့ကိုယ်က ထွက်တဲ့ ချွေးနည်းစာနဲ့ ပဲ ရှင်ပြုမယ် သင်္ဃန်းလေးတစ်စုံတောင်ဝယ်မပေးနိုင်ဘဲ သူများလုပ်တဲ့ အလှူမှာ ထည့်ပြီး ငါ့သားတွေကို ရှင်ပြုပေးဖို့ 
ငါစိတ်မသန့် ပါဘူး ငါ့အတွက် ဒီဆင်းရဲသားမာနလေးတစ်ခုတော့ ချန်ထားခွင့်ပြုပါဦးဟာ ”
“ဟုတ်ကဲ့ပါတော် ကျုပ်က ရှင်ခံစားနေရတာ မကြည့်ရက်လို့  ပြောမိတာပါ အမှန်တော့ ကျုပ်လည်း မထည့်ချင်ပါဘူး
ကျုပ်တို့ ရဲ့သားတွေကို ကြီးကြီးကျယ်ကျယ်မလုပ်နိုင်ရင်တောင် ကိုယ်လုပ်အားနဲ့  လှူတဲ့ အလှူသေးသေးလေး လုပ်နိုင်အောင်ကျုပ်တို့ လင်မယား ကြိုးစားကြတာပေါ့တော်”
“အေးပါဟာ ငါ့ကို နားလည်ပေးတာ ကျေးဇူးတင်ပါတယ် မိန်းမရယ်”
“အိုတော် ပြေးကြည့်မှ ဒီလင်မယားနှစ်ယောက်ပဲရှိတာ တော့်ကိုမှ နားလည်မပေးရင် ကျုပ်က ဘယ်သူ့ ကိုသွားပြီး နားလည်ပေးနေရမှာတုန်း ကဲပါတော် လာပါ ဒါနမြောက်အောင် သူများရဲ့ အလှူမှာ သွားပြီး ၀ိုင်းကြပါဦးစို့ ”
အခန်း(၂)
ဆောင်းကျွတ်ကာနီး ပီသစွာပင် နေ့ လယ်ခင်း၏ပူပြင်းသော နေရောင်က ကိုထွန်းမောင်၏ မည်းပြောင်သော ကျောပြင်ပေါ်သို့  အညှာအတာ ကင်းမဲ့စွာ ထိုးကျလျှက်ရှိသည်။ သို့ သော် ကိုထွန်းမောင် ကျောပြင်က အပူကို မမှုအားပေ။ ဆောင်းမကုန်ခင် လယ်ထဲက သဲကြမ်းတွေကို အပြီးဖယ်နိုင်ဖို့  အရေးက ပိုပြီးပူနေရသည်။ဒီနှစ်မိုးတွင်း ကြီးခဲ့သည့်ရေမှာ သူတို့ မိသားစု၏ အိမ်မက်တွေကို တိုက်စားယူသွားရုံမကဘဲ လယ်ထဲသို့  သဲကြမ်းတွေပါဖို့ ကာ နောင်မက်မည့်အိမ်မက်တွေကိုပါ ပိတ်ဖုံးထားခဲ့လေသည်။
ထိုသဲတွေကို အောက်က မြေသားပေါ်သည်အထိ မဖယ်နိုင်ပါက ဘယ်လိုနည်းနှင့်မျှ နွေစပါးစိုက်လို့ မရနိုင်ပေ။ ထို့ ကြောင့်ပင် ဆောင်းရာသီ မကုန်မှီ အပြီးဖယ်နိုင်ဖို့  ကြိုးစားနေရခြင်းဖြစ်သည်။တောင့်တင်းနာကျင်နေသော ခါးကို ဆန့် ရင်း သဲကြမ်းတွေကို ချောင်းကမ်းဘေး သစ်ပင်ရင်းသို့  သွားပုံနေသော သိန်းရင်နှင့် သားနှစ်ယောက်ဆီ လှမ်းမျှော်ကြည့်မိသည်။
“သားကြီးရေ သဲတွေကို ချောင်းထဲမကျစေနဲ့ ဟေ့ သေချာလေးပုံဟ
သိန်းရင် ချောင်းဘက်က ကာထားတဲ့ တန်းကို မဆန့် ရင် နောက်ထပ် ထပ်ပြီးပိုးလိုက်နော် ချောင်းထဲ ပြိုကျမယ် ကြားလား”
“အဖေကလဲဗျာ ချောင်းထဲက သဲ ချောင်းထဲ ပြန်ကျတော့ကော ဘာဖြစ်မှာမို့ တုန်းဗျ ”
“ဟ သားကြီးရ ချောင်းထဲ ပြန်ကျ လို့ ချောင်းကောသွားရင် ရေက ဘယ်က ရလို့ လယ်စိုက်ရမတုန်းကွ မင်းကလဲ နည်းနည်းပါးပါး စဉ်းစားပါဦးလား ”
“အဲ့ဒါကြောင့် အဖေ့ကိုပြောတာ ဦးကြီးသိန်းဋ္ဌေးတို့ လို ဟိုဖရဲသီးစိုက်မယ်ဆိုတဲ့လူတွေဆီ လယ်ကို ရောင်းလိုက်ရင် ပြီးရောဟာကို ဒီလိုလဲ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး ပြီးတော့
သူတို့ မှာ အလှူတွေဘာတွေတောင် လုပ်နိုင်နေပြီ ”
ကိုထွန်းမောင် မျက်နှာတစ်ချက်တင်းသွားမိသည်။ ပြီးမှ
“ကဲ ထမင်းစားဖို့  ခဏနားကြရအောင်ဟေ့ သိန်းရင် ထမင်းပြင်ကွာ ”
ကိုထွန်းမောင် ပြောရင်း ချောင်းဘက်သို့ ဆင်းကာ လက်ရေဆေးလိုက်သည်။ ပြီးမှ သိန်းရင်တို့ ရှိရာ သစ်ပင်ရိပ်ဆီသို့  လှမ်းလာခဲ့သည်။ ထို့ နောက် တင်ပလ္လင်ခွေထိုင်ချကာ အနားကွပ်က ကြွေရည်တွေကွာပြီး ပန်းကန်ပြားဟု ပြောလို့ ရရုံသာရှိသည့် ထမင်းပန်းကန်ကို မကာ အချဉ်ရည် ရွဲရွဲ ဆမ်းလိုက်သည်။ ထို့ နောက် ငရုပ်သီးနှင့် ငပိပါလေကာမျှ ထောင်းကာထားသည့် ငပိထောင်းကို ပန်းကန်စွန်း၌ပုံကာ ထမင်းလုပ်ကြီးကြီး တစ်လုပ်ပါးစပ်တွင်းသို့  သွတ်လိုက်သည်။ ထမင်းကို အရသာခံကာဝါးရင်း အချဉ်ရည်တစ်ဇွန်း ခပ်သောက်လိုက်သည်။ ပြီးမှ ကိုထွန်းမောင်စကားစသည်။
“သိန်းရင်ကော သားကြီးနဲ့ သားငယ်ကော အဖေပြောမယ် သေချာနားထောင်ကြ”
“ဟုတ်ကဲ့ အဖေ ပြောပါဦး ”
“ဒီလို ကွ ငါ့သားက မေးတယ် အဖေ ဘာလို့ လယ်ကို မရောင်းလိုက်တာတုန်းတဲ့ ကဲ အခုကြည့်စမ်းပါဦး အဖေတို့ ဘေးနားက လယ်တွေ အကုန်လုံးနီးပါး အဲ့ဒီဖရဲစိုက်မဲ့ လူမျိုးခြားတွေကို ရောင်းလိုက်တာ သားတို့ မြင်တယ်မို့ လား ”
“ဟုတ်ကဲ့အဖေ မြင်တယ် အဲ့ဒါကြောင့် အဖေကော
ဘာလို့ မရောင်းလဲလို့  သားမေးတာပေါ့”
“အေး ငါ့သားပြောသလို လယ်ကို ရောင်းလိုက်ပါပြီတဲ့ ပိုက်ဆံဘယ်လောက်ရမယ် ထင်တုန်း ”
“မသိဘူးလေ အဖေ ဦးကြီးသိန်းဋ္ဌေးတို့  က အလှူတွေတောင် လုပ်နိုင်တာပဲကို တော်တော်ရမှာပေါ့”
“သိန်းသုံးဆယ်တဲ့ ငါ့သား သိန်းသုံးဆယ်တဲ့
သိန်းဋ္ဌေးတို့ အလှူလုပ်တာ ဘယ်လောက်ကုန်လဲကော သိလား”
“အဲ့ဒါလဲ မသိဘူးအဖေ ၀က်သားကျွေးအလှူရယ် ဘိသိက် ငှားတာရယ်ဆိုတော့ တော်တော်ကုန်မှာပေါ့ ”
“ဆယ့်သုံးသိန်းတောင် ကုန်သတဲ့ အဲ့ဒါတောင် ရွာထဲက ကူငွေတွေ အမျိုးတွေရဲ့ ကူပံ့ငွေတွေ နုတ်ပြီးသားနော် အဲ့တော့လက်ထဲမှာ ဆယ့်ခွန်နှစ်သိန်း ကျန်ရော ကဲ လယ်မစိုက်ရတဲ့ အတွက် ၀မ်းစာစပါး မရှိတော့ ၀ယ်ရမယ် သာမှုနာမှုတွေ ပြန်လိုက်ရမယ်
ဒါတွေက တစ်နှစ်ထဲ ပြီးသွားမဲ့အရာတွေမဟုတ်ဘူး ငါ့သား မသေမချင်း လူမှုရေးဆိုတာ ရှိနေမှာ အဖေတို့ မှာ တုံးလုံးစာ မပြောနဲ့  မတ်တပ်စာတောင် ဘာမှ မရှိဘူး ဒီလယ်ကိုရောင်းပြီး ဘာလုပ်စားကြမှာလဲ အရှည်ကို မျှော်ကြည့်စမ်းပါသားတို့ ရယ်
ငါ့သားတို့  ရှင်ပြုချင်တာ အဖေသိပါတယ် အဖေလဲ သိပ်ပြီးတော့ ပြုပေးချင်တာပေါ့ အခုအဆင်မပြေနိုင်သေးတဲ့ ခဏမှာ နည်းနည်း သည်းခံပြီး စောင့်ပေးပါကွာ သူများလို ကြီးကြီးကျယ်ကျယ် မလုပ်ပေးနိုင်ရင်တောင် ကျောင်းတွင်းရှင်ပြု လေးတော့ အဖေလုပ်ပေးနိုင်အောင်ကြိုးစားပါ့မယ် ”
ကိုထွန်းမောင် ပြောရင်းမှ ထမင်းစားတာကို လက်စသတ်လိုက်သည်။ ထို့ နောက် လက်ရေ ဆေး၍ လက်သုတ်ကာ ဆေးလိပ်တိုကို မီးညှိပြီးတစ်ဖွာနှစ်ဖွာ ဖွာလိုက်သည်။ပြီးနောက်
“ကဲ စားပြီး ရင် ခဏ နားကြ ပြီးရင် ဆက်လုပ်ရအောင်ဟေ့
သိပ်မလိုတော့ပါဘူး မြေပေါ်တော့မှာပါ ”
သိန်းရင်နှင့် သားတွေအဖြေကို စောင့်မနေတော့ဘဲ
ပြောပြီးသည်နှင့် ကိုထွန်းမောင် လယ်ထဲ ဆင်းလာခဲ့သည်။
အချိန်ရှိခိုက် လုံ့ လစိုက်မှ ဖြစ်မည်ကိုး။
အခန်း(၃)
မီးစက်သံတွေ တစ်ဒိုင်းဒိုင်းနှင့် ဆူညံစွာ ရေတင်နေကြသည့်ကြားမှာ ရေတုံကင်ကို တကျီကျီ နှင့် မပျင်းမရိ နှိပ်နေသည့် ကိုထွန်းမောင်ကို ဖရဲခင်းက လူမျိုးခြားတွေက အထူးအဆန်းလို ကြည့်နေကြသည်။ကြည့်ကာမှ ကြည့်ရော့ပင်။ ကိုထွန်းမောင်ကလည်း
သူ့ အကြောင်းနဲ့ သူ။ဒီမီးစက်ဆီဖိုး နှင့် ရေတင်ခကို သူမပေးနိုင်။ မပေးနိုင်ဆိုသည်ထက် မပေးချင်။ အဲ့တော့ ရေတုံကင်နှင့် ချောင်းထဲကရေကို စုတ်ကာ ထန်းပင်လုံးကို အူတိုင်ထွင်းပြီး လုပ်ထားသည့် ရေတံလျှောက်နှင့်
လယ်ထဲသို့ ရေတင်သည်။ တတ်နိုင်သမျှ ချွေတာနိုင်သမျှ ချွေတာပြီး လုပ်ကာမှ တော်ရုံကျ မည်လေ။ နို့ မဟုတ်လျှင် အမြီးကနုတ် ခေါင်းကနုတ် နှင့် ၀မ်းစာ စပါးသာသာမျှသာ ကိုယ့်ဖို့ ကျန်သည်။ဒါတောင် ရာသီဥတုက ကိုယ့်ဘက်ကို ပါပါဦးမှ ။ ရေတုံကင်ကို နှိပ်ရင်း ကိုထွန်းမောင်စဉ်းစားနေမိသည်။ ဖရဲစိုက်မည့် သူတွေသည် လယ်ထွန်ရာတွင်လည်း ထွန်စက်ကြီးများနှင့် တ၀ုန်းဝုန်း ထွန်ချသွားသည်မှာ ဘေးနားပတ်ပတ်လည်ရှိလယ်ကွက်တွေ အကုန်လုံး ထွန်ဖို့  ဘယ်လောက်မှ မကြာလိုက်ပေ။ သူ့ မှာသာ လယ်တစ်ကွက်ကို နွားတစ်ရှဉ်းနှင့် ထွန်လိုက်သည်မှာ နှစ်ရက်ကြာသည်။အခု ပျိုးထောင်ဖို့  ကိုယ်ကရေတင်တော့လည်းဖရဲခင်းတွေ
ရေတင်လို့ အကုန်ပြီးတော့မည်သူ့ မှာ မပြည့်နိုင်သေး။
ဒါပေသိ သူတို့ ကို အားကျနေရုံဖြင့် ကိုယ့်အလုပ်က ပြီးမှာ မဟုတ် ဆိုတော့ ကြိုးစားပြီး လုပ်ရုံသာ။ပြောမည့်သာပြောရ သူတို့ ကလည်းကိုယ့်ကို လူထူးလူဆန်း တစ်ယောက်လို ကြည့်ကြည့်နေကြသည်။ ဟိုတစ်နေ့ ကလည်း လယ်ထွန်နေတာ လာ ကြည့်ပြီး ကွိစိကွစိနှင့် သူတို့ အချင်းချင်းပြောနေကြသည်မှာ နားတောင်ငြီးသည်။ ပြီးတော့ ကိုယ်လည်းတစ်လုံးမှ နားမလည်။နောက်တော့လည်း ရိုးသွားတော့ သူတို့ လည်းသူ တို့ 
အလုပ်သူတို့ လုပ်သလို ကိုယ်လည်းကိုယ့်အလုပ် ကိုလုပ် နှင့် ဖာသိဖာသာ ဖြစ်သွားကြသည်။ တစ်ခါတစ်ခါတော့လည်း လယ်နီးနားချင်း တွေကို လွမ်းမိသလိုလို ရှိ၏။ တစ်ယောက်နှင့် တစ်ယောက် အော်ဟစ်စနောက်ရင်း အလုပ်လုပ်ရသည်မှာ
မောလို့ မောမှန်း မသိသာလှပေ။အခုတော့ ။ကိုထွန်းမောင် သက်ပြင်းကြီးတစ်ချက် လေးလေးပင်ပင်ချလိုက်မိသည်။ ထို့ နောက် ရေတုံကင်ကိုသာ တွင်တွင် ဖိဖိနှိပ် နေတော့သည်။
အခန်း(၄)
ကိုယ့်တစ်ကွက် တည်း၌သာ ရှိသည့် စပါးပင်တွေကို ကြည့်ကာ ကိုထွန်းမောင် ကျေကျေနပ်နပ်ကြီးကို ပြုံးလိုက်မိသည်။ မြင်မြင်လေရာ ဖရဲခင်း ပုအိုက်အိုက်တွေကြားတွင် စိမ်းမှောင်နေအောင်ကောင်းလှသည့် စပါးပင်တွေက အတိုးချပြီး သန်နေသလိုပင်။ဒီနှစ်တော့ အထွက်နူန်းပင် စံချိန်တင်လောက်အောင်ကို စပါးတွေက အောင်မြင်လှသည်။ကြိုးစားအားထုတ်မှု၏ အသီးအပွင့်တွေကို ကြည့်ကာ ပေါင်းနုတ်ရင်းဖြင့် မညည်းစဖူး ကိုထွန်းမောင် သီချင်းတွေဘာတွေပင် ညည်းမိလေသည်။သားနှစ်ယောက်ကို ရွာဦးကျောင်းတွင် ရှင်ပြုပေးမည်။ရွာထဲက ဆွေမျိုးသားချင်း အနည်းငယ်လောက်သာ ဖိတ်ကာ အလှူကို အကျဉ်းလေး သာလုပ်မည်။ဘယ်လိုဆိုဆို သားနှစ်ယောက်အတွက် မောင်ရှင်လောင်း ၀တ်စုံကတော့ ငှားကို ငှားရမည်။ပြီးတော့ ရွာထဲ မလှည့်ချင်နေ ကျောင်းတွင်းတစ်ပတ်တော့ ထမ်းစင်ဖြင့် လှည့်ပေးရဦးမည်။ ဒါမှ ထမ်းစင် စီးချင်သော အကြီးကောင်၏ ဆန္ဒလည်း ပြည့်မည်လေ။ ကိုထွန်းမောင် ကိုယ့်အတွေးလေးနှင့်ကိုယ်ကြည်နူးနေစဉ် နှာခေါင်းတွင်းသို့  စူးစူးရွားရွား နံစော်လှသော အနံ့ ကြီးဝင်လာသဖြင့် ခေါင်းထောင်ကြည့်မိသည်။ဖရဲခင်းအတွင်းသို့  လူမျိုးခြားတွေ ဆေးဖြန်းနေသည်ကို မြင်လိုက်ရသည်။ ကိုယ့်လယ် ပတ်ပတ်လည် ဖရဲခင်းတွေကြီးပဲဆိုတော့ ဆေးဖြန်းသည်မှာ သူတို့ သာ နှာခေါင်းစီးတွေနှင့်မို့  ခံနိုင်ပေသိ ကိုယ့်မှာ မခံနိုင်ပေ။ခေါင်းတွေပင် မူးလာသလို ခံစားရ၍ အပေါ်စွပ်ကျယ်ကို ချွတ်ကာ နှာခေါင်းကို အုပ်ရင်း ရွာထဲသို့  အမြန် ပြန်လာခဲ့ရလေသည်။
အခန်း(၅)
“ တောက် ”
ကိုထွန်းမောင် အံတင်းတင်းကြိတ်ကာ တောက်ခေါက်မိသည်။
ပြီးခဲ့သည့် တစ်ရက် နှစ်ရက်က မှ စိမ်းမှောင်နေသည့် စပါးပင်တွေသည် မျက်လှည့်ပြလိုက်သလိုပင်။စမြင်ကာစက ကိုယ့်မျက်လုံးပင် ကိုယ်မယုံမိ။ ဟိုတနေ့ က ပေါင်းနုတ်သည့် လက်စ မပြတ်ခင် ဖရဲခင်းတွေ ဆေးဖြန်း၍ ဆေးနံ့  မခံနိုင်သောကြောင့် ပြန်ပြေးခဲ့ရသည်။ဆေးက ဘယ်လောက်ပြင်းသည်မသိပေ။သူ့ မှာ နှစ်ရက်လောက်ခေါင်းတွေ မူးနေ၍ လယ်ထဲသို့ ပင်မသွားနိုင် ။သိန်းရင်နှင့် အကြီးကောင် သွားမည်ဟုပြောသော်လည်း သူတို့ ပါ ထိနေမည်စိုး၍ မသွားရန်တားထားခဲ့သည်။ဒီနေ့ တော့
အနံ့ ပျောက်လောက်ပြီဟု ထင်၍ လူလည်း နည်းနည်းသက်သာလာတာနှင့် ကိုင်းခုတ်ဓါး တစ်ချောင်း ခါးချပ်ကာ လယ်ထဲ ထွက်လာခဲ့သည်။ရောက်တော့ မြင်ရသည့် မြင်ကွင်းမှာ ၀ါလျော်ကာ ညိုးခြောက်နေသည့် စပါးပင်တွေ ဖြစ်သည်။ဖရဲခင်းတွေ ကြည့်တော့ စိမ်းစိမ်းစိုစို နှင့် ပုံမှန်သာ ဖြစ်သည်။ကိုယ့်လယ်တစ်ကွက်တည်းသာ ကွက်ပြီး ဖြစ်နေတာ ဖြစ်သည်။ကန်သင်းရိုးပေါ်က မြက်တွေပါ ၀ါထိန်ပြီး ခြောက်ကုန်တာ
တွေ့ ရသည်။ စပါးပင်ကို လက်နှင့် ကိုင်ကြည့်လိုက်တော့ အနှံတွေ ကြွေကျသွားသည်။ကိုထွန်းမောင် သူ့ ၏နှလုံးသည်းပွတ်တွေပါ ကြွေကျသွားသလိုပင် ခံစားလိုက်ရသည်။အိမ်မက်တွေ။ဟုတ်သည်။
သူ့ အိမ်မက်တွေ သူ့ မျှော်လင့်ချက်တွေ ဒီတစ်ခါလည်း သွားပြန်ပြီ။ကိုထွန်းမောင် ကိုင်လိုက်တိုင်းကြွေကြွေကျသွားသည့် စပါးပင်တွေကို အရူးကြီးတစ်ယောက်လို ချေမွရင်း မျက်ရည်တွေစီးကျလာသည်။ဒီဘက်နားမကောင်းပေမဲ့ ဟိုဘက်နားတော့ ကောင်းနိုးနိုး လျှောက်ကိုင်ကြည့်နေမိသည်။ သို့ သော်လည်း လယ်တစ်ကွက်သာ ကုန်သွားသည် ကောင်းသည့်နေရာ မတွေ့ ရ။ကိုထွန်းမောင် ကူကွယ်ရာမဲ့သလိုပင် မတ်မတ်ရပ်ခြင်းငှာ မစွမ်းသာတော့ဘဲ ဒူးထောက်ကျသွားတော့သည်။ထိုစဉ် နားထဲ ကွိစိကွစ နှင့် စကားပြောသံတွေ ၀င်လာသဖြင့်လှည့်ကြည့်မိသည်။ ဖရဲခင်းမှ လူတွေသည် သူ့ လယ်ကို ကြည့်ကာ သူတို့ အချင်းချင်းပြောနေတာဖြစ်သည်။ ကိုထွန်းမောင်လှည့်ကြည့်တော့
မလုံမလဲ ရုပ်တွေနှင့် ပြန်လှည့်ကာ သွားကြသည်။ကိုထွန်းမောင် ရုတ်တရက် အတွေးတစ်ခု ခေါင်းထဲဝင်လာသည်။ ဒီကောင်တွေ ဟိုတစ်နေ့ က ဖြန်းသည့်ဆေးတွေကြောင့် သူ့ စပါးခင်းပျက်တာ ဖြစ်ရမည်။တွေးရင်းနှင့် ဒေါသထွက်လာကာ ခါးမှာ ချပ်ထားသည့်
ကိုင်းခုတ်ဓါးရိုးကို လက်က စမ်းမိသည်။သို့ သော် သိန်းရင်နှင့် သားနှစ်ယောက်၏ မျက်နှာကို မြင်ယောင်ကာ စိတ်ကို လျှော့လိုက်ရသည်။ ထို့ နောက်တော့ ကိုထွန်းမောင် ခြေလှမ်းများ မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့  အင်အားမဲ့စွာ တစ်လှမ်းချင်း ပြန်ခဲ့လေတော့သည်။
အခန်း(၆)
“ကျုပ်တို့  ဘယ်လိုလုပ်ပြီး ဘယ်လို စားသောက်ကြမတုန်းကိုထွန်းမောင် ဒုက္ခတော့ ရောက်ပြန်ပါပြီတော် စပါးခင်းလေး ကောင်းပါပြီဆိုနေမှ လုပ်ရက်လိုက်ကြတာတော်”
“တိတ်တိတ်နေစမ်းပါ သိန်းရင်ရယ် အုပ်ချုပ်ရေးမှူးက သူရှင်းပေးမယ်လို့ ပြောထားပါတယ် စိတ်တိုရတဲ့အထဲ နားပူနားဂျီ နဲ့  ဒေါသက နင့်အပေါ်ရောက်သွားမယ်”
ကိုထွန်းမောင် သိန်းရင်ကို အော်လိုက်မိသည်။ ဟုတ်သည်လေ။ကိုယ့်ယောက်ျား စိတ်တိုနေတာ သူလည်း မသိတာမဟုတ်ပေမင့် မိန်းမ သဘာဝ နားငြီးအောင်တော့ အတော်ပြောချင်သည်။အကြီးကောင်ကတော့ လယ်ထဲသွားကာ စပါးခင်းကို ကြည့်ကြည့်ပြီး ငိုငိုနေသည်။ စိတ်လိုက်မာန်ပါ လျှောက်မလုပ်ဖို့ ပြောထားရသည်။ အသက်ကသာ ၁၅ နှစ်ရှိသည်။နွားနှင့်ဖက်ကာ ရွှံ့ ထဲ ရုန်းနေသူဆိုတော့ လူကောင်က မနည်းမနောကြီး ။စိတ်ရူးပေါက်ပြီး ဖရဲခင်းက လူတွေ ရန်ရှာနေမှာ စိုးရသည်။ ဖြစ်ကျလျှင် ဟိုဘက်လည်းမသက်သာ ဒီဘက်လည်း မသက်သာလောက်။သားငယ်ကိုတော့ ဦးကြီးခွေးမောင်တို့ က သူတို့  အိမ်မှာထားပါ
သူတို့ ကျောင်းထားပေးမည် ဟုဆို၍
မပို့ ချင်သော်လည်း ပို့ ထားလိုက် ၍ တော်သေးသည်။မဟုတ်လျှင် ကလေးတစ်ယောက်ကျောင်းစာရိတ်ကလည်း မလွယ်လှ။မရှိပါဘူးဆို မှ ဖွတ်က အိမ်ပေါ်တက်လာသေးတယ်ဆိုတဲ့ အပေါက်မျိုးညားနေလေပြီ။ကိုထွန်းမောင် အတွေးမဆုံးခင် အိမ်ခြံဝမှ ခေါ်သံကြားရသည်။
“ကိုထွန်းမောင် ဗျို့ ကိုထွန်းမောင် ကျုပ်တို့ ဝင်ခဲ့ဦးမယ်ဗျို့ ”
“ဟာ အုပ်ချုပ်ရေးမှူးကြီး လာဗျာ ၀င်ဝင် ဟိုလူတွေကောဝင်ခဲ့ဗျို့ 
သိန်းရင် ရေနွေးကြမ်းဘူးချပြီး လက်ဖက်လေးကော သုတ်ခဲ့ကွာ
လာဗျို့ ထိုင်ကြ နေရာက တော့ ဖြစ်သလိုပဲ လွတ်မယ်ထင်တဲ့နေရာသာထိုင်ဗျာ”
ကိုထွန်းမောင် ပါးစပ်က တလစပ် ပြောသလို မျက်စိကလည်း အုပ်ချုပ်ရေးမှူးနှင့် ပါလာသူတွေကို အကဲခတ်နေမိသည်။တစ်ယောက်က ကိုယ့် မြန်မာလူမျိုးဖြစ်ပေမဲ့ နောက်တစ်ယောက်က အသားဖြူဖြူ မျက်ပေါက်မှေးမှေးနှင့် ဖရဲခင်းမှ လူမျိုးခြားတွေနှင့် တူ၏။ကိုထွန်းမောင်
ခန့် မှန်းကြည့်နေစဉ် အုပ်ချုပ်ရေးမှူးက စကားစသည်။
“ကိုထွန်းမောင်ရေ ဒီဘက်ကလူက ကိုစောဝေတဲ့ ဟိုလူပြောသမျှ သူက စကားပြန်ပေးလိမ့်မယ် ဟိုတစ်ယောက်ကတော့ ကျုပ်လည်းနာမည်မသိဘူး ဖရဲခင်းပိုင်ရှင်သူဋ္ဌေးရဲ့ မန်နေဂျာလို့ တော့ ကိုစောဝေကပြောတာပဲ ကျုပ်က အရင်က ကိုစောဝေနဲ့ ပဲ အလုပ်လုပ်ဖူးတာဗျ ”
ကိုစောဝေ က ၀င်ပြောသည်။
“ဟုတ်ပါတယ် ကိုထွန်းမောင် ကျွန်တော့်နာမည်စောဝေပါ ဒီဘက်က သူကိုတော့ အလွယ် မစ္စတာဝူ လို့ ပဲ မှတ်ထားပါ
ကျွန်တော်တို့  အခုလာတဲ့ ကိစ္စက ကိုထွန်းမောင် စပါးခင်း ပျက်တဲ့ကိစ္စပါခင်ဗျ ကိုထွန်းမောင်က အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားတယ်ဆိုလို့ ပါ ”
“ဟုတ်တယ် ကိုစောဝေ ကျုပ်စပါးခင်း က အကုန်လုံး ၀ါပြီးခြောက်ကုန်တယ် အဲ့ဒါ သူတို့ ဆေးဖြန်းပြီး နှစ်ရက်သုံးရက်နေတော့ ဖြစ်သွားတာ ပဲ အဲ့တော့ သူတို့ ဆေးဖြန်းလို့  ကျုပ်စပါးခင်း ပျက်တယ်လို့  ကျုပ်ထင်တယ် အဲ့ဒါကြောင့် ကျုပ်အုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားထားတာပါ”
“ဟုတ်ကဲ့ပါ ကိုထွန်းမောင် ကျွန်တော်နဲ့  မစ္စတာ ၀ူနဲ့ ဒီကို မလာခင်မှာ တိုင်ပင်ခဲ့ပါတယ် မစ္စတာ ၀ူက ကိုထွန်းမောင်ရဲ့စပါးခင်းပျက်တာ သူစိတ်မကောင်းပါဘူးတဲ့
သူတို့ အပြစ်လဲ မကင်းသလို ဖြစ်နေပါတယ်တဲ့ အဲ့ဒီအတွက် နစ်နာကြေးအနေနဲ့  ငွေသုံးသိန်းပေးပါ့မယ်တဲ့”
“ဘာဗျ သုံးသိန်း ဟုတ်လား ကျုပ်စပါးခင်း တစ်ခင်းလုံး တစ်စေ့မှ မရအောင်ပျက်သွားတာကို မှ သုံးသိန်းပဲ လျော်မယ်ဆိုတော့ ခင်ဗျားလူက မလွန်လွန်းဘူးလားဗျာ ကျုပ်လယ်က အနည်းဆုံး စပါး ၁၅၀ အောက်ထစ်ထွက်တယ်ဗျ ”
ကိုစောဝေက ကျွန်တော်မပြောဘူးလား ဆိုသည့်မျက်နှာပေးမျိုးနှင့် မစ္စတာဝူဘက်သို့  ခပ်ပြုံးပြုံးလှည့်ကြည့်သည်။ နောက်မှ ကိုထွန်းမောင်ဘက်လှည့်ကာ
“စိတ်မရှိပါနဲ့  ကိုထွန်းမောင် ကျွန်တော်ကလည်းသူပြောတဲ့အတိုင်း ပြောရတာပါ ကျွန်တော် ပြန်မေးကြည့်ပေးပါ့မယ်”
ကိုစောဝေက ပြောပြီး မစ္စတာ ၀ူဘက်သို့ ပြန် လှည့်ကာ
သူတို့ ဘာသာစကားဖြင့် ပြန်မေးနေလေသည်။မစ္စတာဝူက နားထောင်ပြီးနောက် ပြန်ပြောသည်ကို ကိုစောဝေ ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်ကာ ကိုထွန်းမောင်ဘက်ပြန်လှည့်လာသည်။ထိုစဉ် မသိန်းရင်က လက်ဖက်သုတ်ပန်းကန်လာချကာ အနားဝင်ထိုင်သဖြင့် စကားစ ခဏပြတ်သွား၏။အတန်ကြာမှ
“ဟုတ်ကဲ့ကိုထွန်းမောင် မစ္စတာဝူကပြောတယ် ကိုထွန်းမောင်ရဲ့စပါးခင်းပျက်သွားတာ
သူတို့ အပြစ်မကင်းဘူးဆိုပေမဲ့ ကိုထွန်းမောင်မှာ သက်သေပြစရာ ဘာမှ မရှိဘူးတဲ့ သူတို့ က သူတို့ ဖရဲခင်းကိုပဲဆေးဖြန်းတာ ကိုထွန်းမောင်ရဲ့လယ်ကို ဖြန်းတာမဟုတ်ဘူးတဲ့ အဲ့ဒီတော့ ငွေသုံးသိန်းကို မလျော်နိုင်တော့ဘူးတဲ့ အဲ့ဒီအစား ကိုထွန်းမောင်ရဲ့လယ်ကို သူ့ ကို အပြတ်ရောင်းပါ သူများလယ်တွေကို ပေးသလို တစ်ဧက ကို သိန်းသုံးဆယ်နူန်း ပေးပါ့မယ်တဲ့ ကိုထွန်းမောင် ဘယ်လို သဘောရသလဲ ပြီးတော့”
ကိုစောဝေ စကားခဏရပ်ကာ အိမ်ကို တစ်ပတ်ဝေ့ကြည့်လိုက်သည်။ပြီးနောက်
မခိုးမခန့် ပြုံးကာစကားပြန်ဆက်သည်။
“ကျွန်တော့်အထင်တော့ ခင်ဗျား ရောင်းလိုက်သင့်တယ် ကိုထွန်းမောင် မဟုတ်ရင် အလျော်လည်းမရတော့ ခင်ဗျားတို့  ဘာနဲ့  ဆက်သွားကြမလဲ ဒီအတိုင်းဆိုရင် မိုးစပါးအတွက်လည်းခင်ဗျားတို့  စိုက်နိုင်စရာ အကြောင်းမရှိတော့ဘူးလေ ရောင်းလိုက်ရင် ခင်ဗျားလည်း အဆင်ပြေ ကျွန်တော်သူဋ္ဌေးလည်း အဆင်ပြေတာပေါ့”
ကိုစောဝေ စကားအဆုံးမှာတော့ ကိုထွန်းမောင်ခေါင်းထဲတွင် အတွေးတွေဝေစီသွားလေသည်။ သားနှစ်ယောက်၏မျက်နှာ
သူတို့ ၏ရှင်ပြုပွဲလေး ပျက်စီးသွားသောစပါးခင်းကြီး ပြီးတော့ သိန်းရင်၏ မျက်နှာ တို့ သည် ကိုထွန်းမောင်၏အတွေးထဲတွင် တစ်လှည့်စီ ၀ဲလှည့်နေလေသည်။ထိုစဉ် အုပ်ချုပ်ရေးမှူးက
“ဟုတ်တယ် ကိုထွန်းမောင် ခင်ဗျား အတွေးမမှားနဲ့ တော့ လယ်ကိုသာ ရောင်းလိုက်ပါဗျာ သိန်းဋ္ဌေးတို့ လယ်ကို ရောင်းဖို့ လည်း ကျုပ်ပဲ တိုက်တွန်းပေးခဲ့တာ အခုသူတို့ ဆို အလှူတွေဘာတွေတောင်
လုပ်လို့ ခင်ဗျားလည်း ခင်ဗျားသားနှစ်ယောက်ကို
အလှူလုပ်ချင်တယ်မို့ လား အဲ့တော့ ရောင်းသာရောင်းလိုက်ပါဗျာ ”
ကိုထွန်းမောင် ပိုပြီးငိုင်သွားမိသည်။နားထဲတွင်လည်း “ကျုပ်က ကိုစောဝေနဲ့ ပဲ အလုပ်လုပ်ဖူးတာဗျ ”ဟုဆိုသော အုပ်ချုပ်ရေးမှူး၏စကားသံကို ပြန်ကြားယောင်လာမိသည်။
သူတို့ ဘက်တွင် ဘယ်သူမှ မရှိတော့။ အရင်က အားကိုးရာဟု တွက်ဆထားသည့် အုပ်ချုပ်ရေးမှူးသည်ပင် ဟိုဘက်က ဖြစ်နေလေပြီကော။
ကိုထွန်းမောင် တွေးရင်းတွေးရင်း မျက်စိက ထရံတွင် ထိုးထားသည့် ကိုင်းခုတ်ဓါးဆီ အကြည့်ရောက်သွားမိသည်။
ထို့ နောက်တော့ ထရံမှ ဓါးကို ပြေးဆွဲကာ စကားပြန်လုပ်ပေးသူ ကိုစောဝေ အုပ်ချုပ်ရေးမှူးနှင့် မစ္စတာဝူ ကိုပါ ဓါးနှင့် အချက်ပေါင်းများစွာ ခုတ်လေတော့သည်။ စိတ်ထဲမှလဲ သက်သက်မဲ့ ညစ်သည့် သူဋ္ဌေးကော ကိုယ့်လူမျိုးဘက်က ဖေးဖေးမမပြောမယ်မရှိ လူမျိုးခြားဘက်မှ ပါကာ နှိမ်ပေါက်နှင့်ပြောချင်သော သစ္စာဖောက် စကားပြန် နှင့်
အုပ်ချုပ်ရေးမှူးကိုပါ “ မှတ်ပြီလား မှတ်ပြီလား ”ဟု ကြိမ်းဝါးမိသည်။စိတ်ရှိလက်ရှိ ဘယ်နှစ်ချက် ခုတ်နေမိသည်မသိပေ။ သိန်းရင်၏ခေါ်သံကြားမှ ကိုထွန်းမောင် အသိပြန်ဝင်လာလေတော့သည်။
အခန်း(၇)
“တော် ဘယ်လို လုပ်လိုက်တာလဲ ကိုထွန်းမောင်ရယ် ကျုပ်က တော့်ကို အဲ့လို မလုပ်လောက်ဘူးထင်နေတာ”
“ငါလဲ ဘယ်လုပ်ချင်ပါ့မလဲ သိန်းရင်ရယ် ဒါပေမဲ့ နင်ပဲ စဉ်းစားကြည့်ပေါ့ဟာ စပါးခင်းပျက်တဲ့ အတွက် ငါတို့ မှာ အလျော်လည်းမရတော့ဘူးလေ ဒီတစ်နွေလုံး ငါတို့ 
ဘာနဲ့ သွားစားကြမှာလဲ ငါတို့ သားနှစ်ယောက်ကို
ရှင်ပြုပေးမယ်လို့ ကတိပေးထားတာကလည်းရှိသေးတယ် သားငယ်က ဘာမှမဖြစ်ဘူး သားကြီးက တငိုငိုတရယ်ရယ်နဲ့ လေဟာ ပြီးတော့ မနှစ်မိုးတွင်းက ချေးထားတဲ့ ဘဏ်ချေးငွေတွေ ဘာနဲ့  ပြန်ဆပ်ကြမှာလဲ
ပြီးတော့ ပြီးတော့ ငါတို့ ဘက်မှာ ဘယ်သူမှ မရှိကျတော့ဘူး သိန်းရင် ငါတို့ ကူကွယ်ရာမဲ့ပြီဟ အစက အားကိုးတကြီး သွားတိုင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတောင် ငါတို့ ဘက်မှာမရှိတော့ဘူးလေ အဲ့ဒါကြောင့် ငါသေချာစဉ်းစားပြီးမှ ဒီလို လုပ်လိုက်ရတာပါ”
မသိန်းရင် စကားသံ ထွက်မလာတော့ပေ။ အတန်ကြာမှ
“အေးပါတော် ဘာတတ်နိုင်တော့မှာလဲ တော်ပြောသလို နောက်ပြဿနာ နောက်မှ ရှင်းရုံပဲ ရှိတော့တာပေါ့ ကျုပ်က တော်ခေါင်းငြိမ့်လိုက်တာကို အံ့သြနေတာ ပထမ ကိုင်းခုတ်ဓါးကြီးကို ကြည့်ပြီးအကြာကြီးတွေးနေလို့  ကျုပ်ဖြင့် လန့် သွားတာပဲ တော်ဘယ်လို မှ လယ်ကို မရောင်းဘူးလို့ ထင်ထားတာလေ ခေါင်းလည်းငြိမ့်ပြီးရော တော်ဘာစကားသံမှ ဆက်မထွက်လာတော့ဘဲ ငူငူကြီးထိုင်နေတာ အကြာကြီးပဲတော့ ဟိုက ပြန်တော့မယ် နက်ဖြန်မှ စာချုပ်လာချုပ်မယ် အခုစရံငွေ ဆယ့်ငါးသိန်းပေးထားခဲ့မယ်
လို့ ပြောတော့လဲ တော်တစ်ခွန်းမှ ပြန်မပြောဘူး အဲ့ဒါနဲ့ တော်လည်း ခေါင်းငြိမ့်ပြီးပါပြီလေ ဆိုပြီး ကျုပ်လည်း
ထားခဲ့လိုက်လို့ ပြောလိုက်တယ် ”
ကိုထွန်းမောင် သိန်းရင်ပြောမှ ရှေ့ မှာ ချထားသည့် ငွေပုံ ကိုမြင်မိလေသည်။ ထို့ နောက်တော့ သက်ပြင်းကြီးသာ ခပ်လေးလေး ချလိုက်မိလေတော့သည်။
ဒီ စာမူကိုရေးသူက ဆရာ ကိုစိုး(ကောလင်း)ြ
ဖြစ်ပါတယ်
ခံစားရတဲ့ရသကတော့ ပြောမပြတတ်အောင်ပါပဲ ဖတ်ကြည့်စေချင်ပါတယ် စာမူကောင်းတခုရဖို့ စာရေးသူဟာ ခံစားချက်နဲ့အတူ ရင်ဘတ်တစ်ခုလုံးကို နှစ်မြုပ်ပစ်လိုက်ရပါတယ်
ရသစာပေနစ်ပုဒ်ဖြစ်လာဖို့ နှလုံးသားကိုအရင်း အရင်ဆုံးပြုလုပ်စတေးရတာပါပဲ အမြတ်ရ မရ ကို ဘယ်စာရေးသူမှ စိတ်မဝင်စားကြပါဘူး
ဒါဟာ စာရေးသူဘဝပါပဲ
ဒီလို ခံစားရေးထာတဲ့ စာကောင်းကောင်းလေးတွေမို့ ဖတ်ကြည့်ကြပါနော်
ကောင်းလို့ ညွှန်းလိုက်ပါရစေ
MEECHIT
Congratulations @meechit! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @meechit! You received a personal award!
Click here to view your Board of Honor
Do not miss the last post from @steemitboard:
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @meechit! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @meechit! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit