သင်ခန်းစာ(၁၁၁)
نحمده ونصلي على رسوله الكريم
" နမားဇ်ဖတ်စဉ်ရွတ်ဆိုရသောစာသားများ၏အဓိပ္ပါယ်"
وَ لَاۤ اَنَا
ထို့မပြင် မဟုတ်ပါ ကျွန်ုပ်သည်
عَابِدٌ
ခဝတ်ကိုးကွယ်သူ
مَّا عَبَدۡتُّم
သင်တို့၏ ကိုးကွယ်ရာကို
وَ لَاۤ اَنَا عَابِدٌ مَّا عَبَدۡتُّم
ထို့အပြင် ငါသည် သင်တို့ ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်မည့်သူ မဟုတ်ပေ။
"ပလီမှထွက်ခြင်း၏စွန္နသ်တော်များ''
(၁)ဦးစွာ ဗိစ္စမိလ္လာဟ် ဆိုခြင်း
(၂)ဒရူးဒ်ရှရီးဖ် ဖတ်ခြင်း
(၃)ဒိုအာဖတ်ခြင်း
တစ်မှ သုံးအထိ ပေါင်း ၍ အောက်ပါအတိုင်း ရွတ်ဖတ်ရမည်။
بِسْمِ اللہِ وَالصَّلٰوۃُ وَالسَّلَامُ عَلٰی رَسُوْلِ اللہِ۔ اَللّٰھُمَّ اِنِّیْ اَسْئَلُکَ مِنْ فَضْلِکَ
" ကြီးလေးသော ဂိုနာဟ်အကုသိုလ်များ "
ဖော်ပြပါ ဂိုနာဟ်အကုသိုလ်များကိုတရားတော်မှပြင်းပြင်းထန်ထန် တားမြစ်တားသည်။ သောင်ဗာဟ် အမှားဝင်ခံခြင်းမရှိသ၍ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်သည့်အပြင် အကုသိုလ်တစ်ခုသည်ပင်လျှင် မိမိအား ဂျဟန္နမ်ငရဲသို့ဆွဲခေါ်သွားရန်လုံလောက်သည်။
(၁) လာဘ်ပေးခြင်း (အကယ်၍ လာဘ်မပေးပါက မတရားပြုလုပ်ခံရမည်ကို စိုးရိမ်းရလျှင် လာဘ်ပေးသူတွင် အပြစ်မရှိ၊ လက်စားသူသာ အပြစ်ခံရမည်။)
(၂) အရက်သောက်ခြင်း။
(၃) အရက်တိုက်ခြင်း။
"အကုသိုလ်၏လောကီဆိုးကျိုးများ"
(၁) အကုသိုလ်ကျူးလွန်ခြင်းကြောင့် အမည်ကောင်းဂုဏ်ဒြပ်များ ပျောက်ဆုံးကာ အမည်ဆိုးဖြင့် ကျော်ကြားလာမည်။ဥပမာ-လူတစ်ဦ သည် ရိုးသားဖြောင့်မတ်၍ အလ္လာဟ်အသျှင်မြတ်၏အမိန်များကို နာခံနေပါက ထိုသူသည် ရိုးသားသူ၊ အမိန်နာခံသူ၊ လူကောင်းလူမွန် စသဖြင့်အခေါ်ခံရမည်ဖြစ်သော်လည်း အလ္လာဟ်အသျှင့်အမိန်တော်များအား ဖီဆန်လာပါက မုဒိန်းကောင်၊ လူမိုက်၊ တရားမဲ့သူ စသဖြင့် အမည်ဆိုးများဖြင့်ကျော်ကြားမည်။
(၂) အကုသိုလ်ကျူးလွန်သူကို ရှိုင်သွာန်မိစ္ဆာကောင်က အနိုင်ယူလွမ်းမိုးသွားသည့်အတွက် အကုသိုလ်များအလွယ်တကူကျူးလွန်လာမည်။
(၃) အကုသိုလ်ကျူးလွန်သူသည် မိမိ၏အပြစ်ကို တစ်ဦ တစ်ယောက်သိသွားမည်ကိုသော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကလာ၍ ကလဲ့စားချေသွားမည်ကိုသော်လည်းကောင်း၊ တစ်ချိန်ချိန်မိမိသိက္ခာများကျဆင်းသွားမည်ကိုသော်လည်းကောင်း အမြဲတန်းစိုးရိမ်ပူပန်နေရသည့် ကျီးလန့်စာစား ဘဝမျိုးကို ကြုံတွေ့ရတတ်သည်။
" အမိန့်နာခံခြင်း၏လောကီကောင်းကျိုးများ''
(၁) အချို့ဒိုအာများ၏အကျိုးကြောင့် ရောဂါဘယနှင့်ဘေးဒုက္ခများရန်မှ စိတ်အေးရမည်။ဟဒီးစ်တော်တစ်ပုဒ်တွင် ရောဂါတစ်ခုခု သို့မဟုတ် ဒုက္ခတစ်ခုခုတွင် နစ်မွန်နေသူအားမြင်တွေ့ပါက အောက်ပါဒိုအာကို ရွတ်ဖတ်လျှင် ထိုရောဂါဒုက္ခများမိမိထံ ရောက်လာမည်မဟုတ်ဟု လာရှိထားသည်။
اَلْحَمْدُ لِلّٰهِ الَّذِيْ عَافَانِيْ مِمَّااْبْتَلَاكَ بِهِ وَفَضَّلَنِيْ عَلٰى كَثِيْرِِ مِّمَّنْ خَلَقَ تَفْضِيْلَا
(၂) အချို့သောဆုမွန်ဒိုအာများတောင်းခံခြင်းဖြင့် သောကများပြေပျောက်၍ ကြွေးမြီများဆပ်နိုင်စွမ်းရရှိမည်။ဟဒီးစ်တော်တစ်ပုဒ်တွင် အောက်ဖေါ်ပြပါဒိုအာကို သင်ပေးထားသည်။
اَللّٰهُمَّ إنِّيْ أَعُوْذُبِكَ مِنَ الْهَمِّ وَالْحُزْنِ وَأَعُوْذُبِكَ مِنَ العِجْزِ وَالْكَسْلِ وَأَعُوْذُبِكَ مِنَ الْجُبْنِ وَالْبُخْلِ وَأَعُوْذُبِكَ مِنَ غَلَبَةِ الدَّيْنِ وَقَهْرِ الرِّجَالِ
အဓိပ္ပါယ်။ ။အိုးအလ္လာဟ်အသျှင်မြတ် ကျွန်တော်မျိုးသည် စိတ်သောကဖြစ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ မတက်စွမ်းနိုင်ခြင်း၊ ပျင်းရိခြင်း၊ စေးနဲခြင်း၊ သတ္တိကြောင်ခြင်း၊ ကြွေးမြီများနစ်မြုတ်ခြင်း၊ သူတပါး၏အနိုင်ကျင့်ခံရခြင်းတို့မှ ကင်းဝေးစေရန် အသျှင်မြတ်ထံခိုလှုံပါ၏။
(၃) အချို့သောဒိုအာများ၏အကြောင်းခံဖြင့် သတ္တဝါအလုံးစုံ၏ရန်အမျိုးမျိုးမှ လုံခြုံ မှု့ရရှိမည်။ ဥပမာ- စူရာဟ်အိခ်လားစွ်၊ စူရာဟ်ဖလက်၊ စူရာဟ်နားစ် စသည့်စူရာဟ်သုးံပုဒ်ကို မနက်ညသုံးကြိမ်ရွတ်ဖတ်ပါက ဘေးရန်ပေါင်းစုံမှ လုံခြုံ မှု့ရရှိမည်ဟု ဟဒီးစ်တော်တွင်လာရှိထားသည်။
မေတ္တာရပ်ခံချက်။ ။ ကိုယ်တိုင်ကျင့်သုံး၍ အခြားသူများပါ အကျိုးခံစားနိုင်စေရန် ဤpage အား Like &Share လုပ်ထားရန် မေတ္တာရပ်ခံပါသည်။
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://hasanbzoor.com/
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit