ဖတ်​ကြည့်​ပါ

in steemit •  6 years ago 

image

၆၀။ အို နဗီတမန်တော် ဤအဆိုပါ နဗီတမန်တော်
အီစာ(ယေရှုသခင်)၏ အတ္ထုပ္ပတ္တိ အကြောင်းအရာ
များသည် အသင့်အား မွေးမြူတော်မူသော အရှင်
မြတ်၏ အထံတော်မှ ' ထုတ်ပြန်မိန့် ကြားတော်မူ
သော ' အတ္ထုပ္ပတ္တိ အကြောင်းအရာ များပင် ဖြစ်ပေ
ရာ အသင်သည် ဒွိဟ သံသယရှိသူတို့အနက် အပါ
အဝင် မဖြစ်လေနှင့်။
၆၁။ သို့ဖြစ်ပေရာ' အိုနဗီတမန်တော်' အသင့်ထံ၌
(ငါအရှင်မြတ် အထံတော်မှ မှန်ကန်သော)
အသိတရားရောက်ရှိလာပြီးသည့်  နောက်သော်မှ
ပင် အကြင်သူတဦးတယောက်သည် ယင်း
(နဗီတမန်တော်အီစာ)ယေရှု နှင့်ပတ်သက်၍
အသင့်အား အခြေအတင် ပြောဆိုခဲ့ပါမူ '၁' အသင်
သည် ယင်းသူတို့ အား (" ဟယ်အချင်းတို့ ")
လာကြကုန်လော့။
( အသင်တို့ နှင့်) အကျွန်ုပ်တို့ သည် 'ပူးပေါင်းကာ'
အကျွန်ုပ်တို့ ၏ သားမြေးတို့ ကိုလည်းကောင်း။
အသင်တို့ ၏သားမြေးတို့ ကိုလည်းကောင်း
အကျွန်ုပ်တို့ ၏မိန်းမများကိုလည်းကောင်း။ အသင်
တို့ ၏မိန်းမများကိုလည်းကောင်း ခေါ်ယူ စုရုံးစေ
ပြီး အကျွန်ုပ်တို့ ကိုယ်တိုင်နှင့် အသင်တို့ ကိုယ်
တိုင်လည်း 'ပါဝင်ကြကုန်အံ့' ထို့ နောက်အကျွန်ုပ်
တို့ နှင့် အသင်တို့သည် ( ပူးပေါင်းကာ အလ္လာဟ်
အရှင်မြတ်အထံတော်၌ ဤအချေအတင်ပြောဆို
ရာတွင်) မုသားပြောဆိုသူတို့ အပေါ်ဝယ်အလ္လာဟ်
အရှင်မြတ်၏ လအ်နတ်" အရှင်မြတ်၏ ဂရုဏာ
တော်မှကင်းဝေးခြင်းသည်" ကျရောက်ပါစေသား"
ဟူ၍ စိတ်ရောကိုယ်ပါ တောင်းပန် အသနားခံကြ
ကုန်အံ့ ဟု ပြောဆို ကျေညာ ပါလေ။
ကုရ်အာန် ၃း ၆၀း ၆၁
၁။ ဟစ်ဂ်ျရီသက္ကရာဇ် ၉ ခုနှစ်တွင် တမန်တော်
မြတ်မုဟမ္မဒ်(ဆွ) သည် နဂ်ျရာန်မြို့ ရှိ ခရစ်ယာန်
ဘာသာဝင်များထံ အစ္စလာမ်သာသနာရေးနှင့် စပ်
လျဉ်း၍ စာချွန်တော်ပေးပို့ လိုပ်သည့်အခါ နဂ်ျရာန်
မြို့နယ်မှ ခရစ်ယာန်ဘာသာဝင် အကြီးအကဲ ၁၄
ဦးတို့ သည် တမန်တော်မြတ်ထံသို့  လာရောက်ကြ
ပြီး သာသတာရေးဆိုင်ရာ စကားရပ်များကိုဆွေး
နွေးကြ၏။
နောက်ဆုံးတွင် တမန်တော်အီစာ(အ) ယေရှု
သည် ကိုးကွယ်ရာအရှင်တပါး ဖြစ်သည် မဖြစ်
သည်ဟူသော ပြဿနာကို အချေအတင်ပြောဆိုကြ
၏။ ထိုအချိန်တွင် အလ္လာဟ်အရှင်မြတ် သည်
ကုရ်အာန်ကျမ်းလာ ဤမုက္ခပါဋ္ဌ်တော် ၃း၆၀း၆၁
ကို ထုတ်ပြန်ချမှတ်တော်မူခဲ့သည်။ တမန်တော်
အီစာနှင့်ပတ်သက်၍ အစ္စလာမ်သာသနာ၏သ
ဘောထားကား ရှင်းလင်းပြတ်သားလှ၏။သို့ ရာ
တွင် နဂ်ျရာန်မှလာသော ထိုခရစ်ယာန်ဘာသာဝင်
အကြီးအကဲများမှာမူကား တမန်တော်အီစာသည်
ကိုးကွယ်ရာ အရှင်ဖြစ်သည်ဟူသော မိမိတို့ ၏
ရှိရင်းစွဲ ယုံကြည်ယူဆချက်အပေါ်၌ပင် ဇွတ်မှိတ်
၍နေကြလေသည်။ နောက်ဆုံးတွင် တမန်တော်
မုဟမ္မဒ်(ဆွ)သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ
ထုတ်ပြန်ချမှတ်တော်မူသော မုက္ခပါဋ္ဌ်တော်အရ
ထိုခရစ်ယာန်လာသာဝင် အကြီးအကဲတို့ အား
အချင်းတို့  ငါတို့သည် ဤပြဿနာနှင့်စပ်လျဉ်း၍
အချေအတင် ပြောဆိုကြပြီ ယခု ငါတိုါသည် မိမိ
တို့ ရင်းနှီးသော ဆွေမျိုးသားချင်းတိုါအား အသီး
သီးခေါ်ဆောင်ပြီး မမှန်ကန်သော သူနျားသည်
အလ္လာဟ်အရှင်မြတ်၏ ဂရုဏာတော်မှ ကင်းဝေး
ပါစေသတည်း ဟု ဖန်ဆင်းရှင်ထံ၌ ကိုယ် စိတ်
နှလုံး သုံးပါးလုံးဖြင့် အပြိုင်အဆိုင် လက်တွေ့ 
ဆုတောင်း ကြစို့  ဟုပြောကြားတေိာမူခဲ့လေသည်။
ထိုသို့ ပြောကြားပြီး တမန်တော်သည် သမီးတော်
မြေးတော် ၂ ပါးနှင့် သားမက်တော် အလီသခင်
တို့ အားခေါ်ဆောင်၍ဆုပန်ကြားရန် အသင့် ကြွ
တော်မူလာသည်။ ထိုအချိန်တွင် ခရစ်ယာန်ဘာ
သာဝင် အကြီးအကဲ တို့ သည် အချင်းချင်း တိုင်ပင်
၍ တမန်တေမြတ်နှင့် ပြိုင်ဆိုင်ကာ ဆုပန်ကြား
ခြင်းမပြုဝံ့သဖြင့် အစ္စလာမ်အစိုးရ၏ ထိန်းသိန်း
စောင့်ရှောက်ခြင်းကို ခံယူ၍ အစ္စလာမ်အစိုးရ
အား အခွန်တော် ဆကိရန် သဘောတူသွားကြလေ
သည်။
ကြည့် မာဂျိဒီ
၆၃။ သို့ဖြစ်လေရာ ဤရွေ့ ဤမျှ ဖွင့်ဟမိန်ဆို
တော်မူပြီးသည့်နောက်သော်မှပင် အကယ်၍
သာယင်း" ခရစ်ယာန်" တို့သည် မျက်နှာလွှဲ
ကျောခိုင်းသွညးကြပါမူ ဧကန်မုချ ဖန်ဆင်းရှင်
အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူအပေါင်း
တို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင်
တည်း။ ကုရ်အာန် ၃းးးး၆၃
တမန်တော်အီစာ(အ) နှင့်ပတ်သက်၍ ကုရ်အာန်ကျမ်းလာများသည်သာလျှင်မှန်ကန်သော
အတ္တု ပ္ပ တ္တိများဖြစ်သည်။ ဤကျမ်းတွင် တမန်
တော်အီစာ(ယေရှု)သည် လူသားတဦးမှ ဖြစ်
ကြောင်း အတိအလင်း မိန့် ဆိုထားသည်။သို့ ဖြစ်ပေ
ရာ တမန်တော်အီစာသည် အဘယ်မှာလျှင် ကိုးကွယ်ရာ အရှင်ဖြစ်နိုင်အံ့နည်း။ မုချဧကန်
အလ္လာဟ်အရှင်မြတ်မှ တပါး မခြားကိုးကွယ်ရာ
အရှင် အလျဉ်းမရှိ။ အလ္လာဟ်အရှင်မြတ်သည်သာ
အနန္တ တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်
အကျိုးအကြောင်းဆင်ခြင်ဥာဏ်နှင့်ပြည့်စုံတော်
မူသောအရှင်ဖြစ်တော်မူသည်။
ဤကားဖန်ဆင်းရှက်၏ ဂုဏ်တော်များတည်း။
တမန်တောအီစာ၏ဂုဏ်ပုဒ်များမဟုတ်ပေ။်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!