ရှအ်ဗာန်လမြတ်နှင့် ရှဗေဗရာအသ်၏
ထူးမြတ်မှု့များ အကြောင်း {၁၁}
~~~~~~~~~~~~~~~~~
ဆွလာသွတ်သ်သတ်စ်ဗီဟ် နမာဇ်
•••••••••••••••••••••••••••••••••••
ဖတ်နည်း
••••••••••
၎။ ဆွလာသွတ်သ်သတ်စ်ဗီဟ် ၄ -ရကအသ်ဖတ်ရာ၏။ တစ်ခါသော် နဗီတမန်တော်မြတ်ကြီးသည် မိမိ၏ဘထွေးတော် အဗ္ဗာစ်သခင်အား မိန့်ကြားတော်မူခဲ့သည်မှာ အို..အဗ္ဗာစ် အို..ကျွန်ုပ်၏ဘထွေး၊ ကျွန်ုပ်သည် အသင့်အား လက်ဆောင်တစ်ခု ပေးရမည်လော..ဝတ္ထုပစ္စည်းတစ်ခုကို ညွှန်ပြရမည်လော။ ဝတ္ထုပစ္စည်း ဆယ်ခုကိုပိုင်ဆိုင်စေရမည်လော။ အသင်သည် ယင်းကိစ္စကို ဆောင်ရွက်သောအခါ အလ္လာဟ်အရှင်မြတ်သည် အသင်၏ အလုံးစုံသော အတိတ်မှအပြစ်တို့ကိုလည်းကောင်း၊ အနာဂတ်၏ ပြစ်မှု့တို့ကိုလည်းကောင်း၊ ပြစ်မှု့သစ်များနှင့် ပြစ်မှု့ဟောင်းတို့ကို လည်းကောင်း၊ မှားယွင်း၍ ကျူးလွန်ခဲ့သောပြစ်မှု့များ၊ သိလျှက်နှင့် ကျူးလွန်ခဲ့သော ပြစ်မှု့များကိုလည်းကောင်း၊ သေးငယ် ကြီးလေသော ပြစ်မှု့များကိုလည်းကောင်း၊ လျှို့ဝှက်ပွင့်လင်းစွာ ကျူးလွန်ခဲ့သော ပြစ်မှုများကိုလည်းကောင်း၊ ခပ်သိမ်းသောပြစ်မှု့တို့ကို ခွင့်လွှတ်တော်မူမည်။
ယင်းအလုပ်ကိစ္စမှာ နဖိလ်လေးရကအသ် (ဆွလာသွလ်သ်သတ်စ်ဗီးဟ်ကို)ရည်စူး၍ ဖတ်ခြင်းပင်ဖြစ်၏။ ရကအသ်တိုင်းတွင် အလ်ဟမ်ဒုနှင့် စူရဟ်ကိုဖတ်ပြီးလျှင် ရုကူအ်မပြုမီ [စွဗ္ဗဟာနလ္လာဟိ၊ ဝလ်ဟမ်ဒုလစ်လ္လာဟိ၊ ဝလားအိလာဟ၊ အစ်လ္လလ္လဟု၊ ဝလ္လာဟု အပ်က်ဗရ်] ၁၅- ကြိမ် ဖတ်ရမည်။ တဖန် ရုကူအ်တွင် "စွဗ္ဗဟာနရဗ္ဗိယလ်အဇွီးမ်" ဆိုပြီးနောက် ၁၀ - ကြိမ် ရူကူအ်မှ ပြန်ရပ်သောအခါ ၁၀ - ကြိမ် စဂ်ျဒဟ်၌ "စွဗ္ဗဟာနရဗ္ဗိယလ်အအ်လာ" ဆိုပြီးလျှင် ၁၀ -ကြိမ် စဂ်ျဒဟ်မှထ၍ ထိုင်သောအခါ ၁၀ -ကြိမ် ဒုတိယစဂ်ျဒဟ်တွင် ၁၀ -ကြိမ် ၊ ဒုတိယစဂ်ျဒဟ်မှ ထသောအခါ (ဒုတိယရကအသ်ဖတ်ရန်)မရပ်မီထိုင်၍ ၁၀ -ကြိမ်ဖတ်ရမည်။ ဤသည် စုစုပေါင်း ၇၅ -ကြိမ်ဖြစ်၏။
ဤနည်းအတိုင်းပင် ရကအသ်တိုင်းတွင် ၇၅ -ကြိမ် ဖတ်ရမည်။ တတ်နိုင်လျှင် ယင်းနမာဇ်ကို နေ့စဉ်တစ်ကြိမ်ဖတ်လော့။ သို့မဟုတ် သောကြာနေ့တစ်ပတ်လျှင် တစ်ကြိမ်ဖတ်လော့။ မတတ်နိုင်လျှင် လစဉ်တစ်ကြိမ်၊ မတတ်နိုင်လျှင် နှစ်စဉ်တစ်ကြိမ် ၊ ဤသည်ကိုပင် မတတ်နိုင်လျှင် မိမိ၏ သက်တမ်း၌ တစ်ကြိမ်ဖတ်ဖြစ်အောင် ဖတ်လော့ဟု မိန့်ကြားတော်မူခဲ့၏။ ဒုတိယနှင့်.စတုတ္ထရကအသ်တို့၌ ထိုင်သောအခါ အထက်ပါ ဒိုအာကို (၁၀)ကြိမ်စီ ဖတ်ပြီးမှ အသ်သဟီယာသ်ကို ဖတ်ပါ။
၅။ သင်္ချိုင်းသို့ သွားခြင်းသည် စွန္နသ်ဖြစ်သည် အာအိရှဝ်ဟ်သခင်မက ဤသို့မိန့်ကြားတော်မူ၏။ နဗီတမန်တော်မြတ်သည် ဤဗရကသ်မင်္ဂလာနှင့်ပြည့်စုံသော ညဥ့်တွင် ကျွန်မထံ ကြွလာတော်မူ၍ အဝတ်အစားကို ချွတ်ထားတော်မူပြီး ယခုသေချာစွာ ထိုင်တော်မူခြင်းမပြုသေးမီ တဖန် အဝတ်များကို ဝတ်ဆင်၍ အပြင်သို့ကြွတော်မူ၏။ ဤသို့ကြွတော်မူခြင်းကြောင့် ကျွန်မကအံ့သြ၍ ဇနီးတစ်ပါးပါးအိမ်သို့ ကြွတော်မူသည်ဟု ထင်မှတ်မိ၏။ ထို့ကြောင့် ကျွန်မသည် ကိုတော်၏နောက်မှ ရွရွကလေးလိုက်သွားရာ ကိုယ်တော်အား ဂျန္နသွလ်ဗကီးလ် (မဒီနဟ် ရွှေမြို့တော်၏ သင်္ချိုင်းတော်)သို့ ကြွတော်မူ၍ ကွယ်လွန်သူ မွတ်စ်လင်မ်ယောက်ျား၊ မိန်းမတို့နှင့် ရှဟီးဒ်များ၏ လွတ်ငြိမ်းချမ်းသာမှု့အတွက် ဒိုအာဆုမွန်ပြုလျက် ရှိတော်မူသည်ကို တွေ့မြင်ပြီး အလွန်ရှက်၍ မိမိအဆောင်သို့ ပြန်လာခဲ့၏။
ကျွန်မသက်ပြင်းရှူနေစဉ်မှာပင် နဗီတမန်တော်မြတ်(ဆွ) ပြန်လည်ကြွလာတော်မူ၏။ ကျွန်မ၏ ယင်းအဖြစ်ကို မြင်တော်မူ၍ ကိုယ်တော်က အို...အာအိရှဟ်၊ အဘယ်ကြောင့် မောပန်းနေရသနည်းဟု မေးမြန်းတော်မူ၏။ ကျွန်မက ကိုယ်တော်အဘယ်သို့ ကြွတော်မူသည်ကို ကြည့်ရှု့န် ကိုယ်တော်၏နောက်မှ ကျွန်မလည်းလိုက်ပါလာခဲ့သည်။ သို့သော် ကိုယ်တော်အား ဂျန္နသွလ်ဗကီအ်၌ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဆုမွန်ဒိုအာတောင်းလျက်ရှိသည်ကို တွေ့မြင်ရ၍ ကိုယ်တော်၏အလျင် ပြန်လာခဲ့ပါသည်ဟု လျှောက်ထားပါသည်။
ကိုတော်က ဤသည်ကိုကြားတော်မူ၍ မိန့်တော်မူသည်မှာ အို...အာအိရှဟ် အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်သည် သင်အား မတရားပြုတော်မူမည်ဟု အသင်စိုးရိမ်ပါသလား။ ငါထံ ဂျစ်ဗ်ရာအီလ် ကောင်းကင်တမန်ရောက်လာပြီး ပြေားကြားသည်မှာ ယနေ့သည် ရှဗေဗရာအသ်ဖြစ်၏။ ယင်းညဥ့်၌ အလ္လာအရှင်မြတ်သည် ဗနီကလဗ် လူမျိုးစု၏ ဆိတ်တို့ကိုယ်ပေါ်တွင်ရှိသော အမွှေးတို့နှင့်အညီအမျှ အပြစ်ရှိသူများကို ဂျဟန္နမ်ငရဲမီးဘေးမှ လွတ်မြောက်စေတော်မူမည်။ သို့သော် လူ (၆)ယောက်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်မဟုတ်ပေ။ အလ္လာအရှင်မြတ်၏ ရဟ်မသ်တော်မျက်စိဖြင့်လည်း ကြည့်ရှု့တော်မူမည်မဟုတ်ပေ။ ထိုလူ (၆)ယောက်တို့မှာ...
၁။ မွတ်ရ်ရစ်က် အလ္လာအရှင်မြတ်နှင့် အခြားတစ်စုံတစ်ရာကို တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သူ။
၂။ ကောက်ကျစ်သော စိတ်ထားရှိသူ။
၃။ ဆွေမျိုးခြင်းအဆက်ဖြတ်သူ။
၎။ ခြေမျက်စိအောက်အထိ အဝတ်အစားဝတ်ဆင်သူ အမျိုးသား။
၅။ မိဘ၏ အမိန့်ကို မနာခံသူနှင့်
၆။ အစဉ်အမြဲ သောက်စားမူးယစ်သူတို့ဖြစ်ကြ၏။
ကိုယ်တော်သည် ဤသည်ကိုမိန့်ကြားတော်မူပြီးနောက် အင်္ကျီကိုချွတ်၍ အိပ်စက်ရန် ရည်ရွယ်တော်မူ၏။ သို့သော် ဤညဥ့်တွင် တရားအားထုတ်ရန်နှင့် ဆုမွန်ဒိုအာ တောင်းရန် အလိုဆန္ဒ အလွန်ပြင်းပြလျှက်ရှိ၏။ ကိုယ်တော်က အို...အာအိရှဟ် အသင်မသည် ဤညဥ့်၌ ငါ့အား တရားအားထုတ်ခွင့်ပြုနိုင်ပါသလားဟု မေးမြန်းတော်မူရာ၊ ကျွန်မက အခွင့်ရှိသည် ကိုယ်တော်ဟု လျှောက်ထားပါသည်။ သို့ဖြစ်ပေရာ ကိုယ်တော်သည်ထ၍ တရားအားထုတ်တော်မူ၏။ ကိုယ်တော်သည် အချိန်ကြာမြင့်စွာ စဂ်ျဒဟ်ပြုတော်မူလျက်ရှိရာ ကျွန်မက ကိုယ်တော်ကွယ်လွန်တော်မူလေပြီးဟု ထင်မှတ်ခဲ့၏။ ကိုယ်တော်၏ ခြေဖဝါးတော်ကို လက်ဖြင့်စမ်းကြည့်ရာ လှုပ်ရှားနေသည်ကို သိရသဖြင့် စိတ်ချမ်းသာ၍ ဝမ်းသာသွားပါသည်။ တဖန် ကျွန်မသည် နားဖြင့်ကပ်၍နားထောင်ရာ ကိုယ်တော်သည် စဂ်ျဒဝ်ဟ်တွင် မိမိအရှင်အထံတော်တွင် ဤဒိုအာကို တီးတိုးစွာ တောင်းတော်မူလျက်ရှိသည်ကို ကြားရ၏။
ဒိုအာ... အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ပြစ်ဒဏ်မှ လွတ်မြောက်စေခြင်းငှါ အရှင်မြတ်၏ ခွင့်လွှတ်မှု့ဖြင့် အကာအကွယ်ယူပါ၏။ ၎င်းပြင် အရှင်မြတ်၏ အမျက်တော်မှ လွတ်မြောက်ခြင်းငှါ အရှင်၏ ကျေနပ်မှု့ဖြင့် အကာအကွယ်ယူပါ၏။ အရှင်မြတ်၏ ဘုန်းသမ္ဘာသည် လွန်စွာကြီးကျယ်လှပါ၏။ ကျွန်တော်မျိုးသည် အရှင်မြတ်အား ထိုက်သင့်သောနည်းဖြင့် ချီးကျူးခြင်းမပြုနိုင်ပါ။ အရှင်မြတ်သည် မိမိကိုယ်ကို မိမိကိုယ်တော်တိုင် ချီးကျူးတော်မူသည့်အတိုင်း ဖြစ်တော်မူပါသည်။
မိုးလင်းသောအခါ ကျွန်မသည် ယင်းဒုအာနှင့်စပ်လျဉ်း၍ ကိုယ်တော်ထံ လျှောက်ထားရာ ကိုယ်တော်က အို...အာအိရှဟ်၊ ဤဒိုအာကို အသင်ကိုယ်တိုင်ဆည်းပူး၍ အခြားသူတို့ကိုလည်း သင်ကြားပို့ချပါ။ ဂျစ်ဗ်ရာအီလ်ကောင်းကင်တမန်သည် ငါ့အားသင်ကြားပို့ချ၍ စဂ်ျဒဟ်တွင် ရွတ်ဖတ်ရန် အဖန်တလဲလဲ ညွှန်းကြားခဲ့ပါသည်ဟု မိန့်ကြားတော်မူ၏။
မှတ်ချက်။ ။ စဂ်ျဒဟ်ဟူသည် နဖ်လ်နမာဇ်၏ စဂ်ျဒဟ်ဖြစ်၏။ ကဗရ်စသာန်သုသာန်အတွင်းသို့ ဝင်ရောက်သောအခါ အောက်ပါဒိုအာကို ရွတ်ဖတ်ရပေမည်။
ဒိုအာ... အို..သင်္ချိုင်းသူ သင်္ချိုင်းသား အပေါင်းတို့၊ ငြိမ်းချမ်းသာယာမှု့ အပေါင်းတို့သည် အသင်တို့အပေါ်ဝယ် သက်ရောက်ပါစေသား။ အလ္လာဝ်ဟ်အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် သင်တို့အား အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားနော်မူ၍ သနားကြင်နာတော်မူပါစေသတည်း။
သင်္ချိုင်းတွင် တတ်နိုင်လျှင် စူရဟ်ယာစီးန်နှင့် စုရဟ်အစ်ခ်လာစ် (ကုလ်ဟုဝလ္လာဟ်) "၁၁"ခေါက်ဖတ်၍ မိမိ၏ ကွယ်လွန်သူများသို့ အကျိုးစဝါဗ်ပေးပို့ရမည်။ သို့မဟုတ် နှုတ်ငုံရသမျှ ရွတ်ဖတ်၍ အကျိုးစဝါဗ်ပေးပို့ရမည်။ သင်္ချိုင်းများပေါ်တွင် ပန်းတင်ခြင်း ဖယောင်းတိုင်စသည်တို့ကို ထွန်းခြင်းသည် အချည်အနှီးဖြစ်၏။ ယင်းသို့ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရပေမည်။
၆။ တစ်ဦးချင်း နဖိလ်နမာဇ်ဖတ်ခြင်း၊ ကုရ်အာန်ကျမ်းမြတ်ရွတ်ဖတ်ခြင်း၊ ဇိက်ရ်တသခြင်း၊ ဒိုအာအစရှိသော ကုသိုလ်ကောင်းမှု့များတွင် မိမိအချိန်ကို ကုန်လွန်စေရမည်။ အလ္လာဟ်အရှင်မြတ်၏ အိဗာဒသ်ကို တတ်နိုင်သရွေ့ ပြုရပေမည်။ တစ်စုံတစ်ရာ သီးခြားအိဗာဒသ်ကို တတ်နိုင်သရွေ့ ပြုရပေမည်။ တစ်စုံတစ်ရာ သီးခြားအိဗာဒသ်ဟူ၍ မရှိပါ။ တစ်ညဥ့်လုံး တရားအားထုတ်ခြင်းမပြုနိုင်လျှင် တတ်နိုင်သရွှေ့ တရားအားထုတ်ရန် စောစောအိပ်ရမည်။ အလ္လာအရှင်မြတ် အလိုတော်ရှိပါလျှင် ထိုအိပ်စက်ခြင်းသည်လည်း တရားအားထုတ်မှု့တွင် ပါဝင်ပါလိမ့်မည်။
၇။ ရှို့က်ခ်အဗွလ်ဟစန်က ထိုညဥ့်(ရှဗေဗရာအသ်)တွင် နဗီတမန်တော်မြတ်က ရှဗေကဒရ်အတွက် သင်ကြားပို့ချတော်မူသော စကားလုံးများဖြင့် အလ္လာဟ်အရှင်မြတ်အထံတော်၌ ရဟ်မသ်ကရုဏာနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံခြင်းမှာ မြတ်သည်ဟု မိန့်ကြားတော်မူ၏။
အို....အလ္လာဟ်အရှင်မြတ်၊ ဧကန်မုချအရှင်မြတ်သည် ခွင့်လွတ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ အရှင်မြတ်သည် ခွင့်လွတ်မှု့ကို နှစ်သက်တော်မူပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွတ်တော်မူပါ။
ဤညဥ့်သည် သောင်ဝ်ဗဟ်ပြုရန်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံရန် အကောင်းဆုံးသော အခွင့်အလမ်းကို ဆောင်ကြဉ်းသော ညဥ့်ဖြစ်၏။ မွတ်စ်လင်မ် သူတော်စင်များသည် အောက်ပါဒိုအာကို အမြဲရွတ်ဖတ်ကြ၏။
ဒိုအာ..... အို..အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူရန်လည်းကောင်း၊လူ့ပြည် လု့လောကနှင့် အာခိရသ်တမလွန်၌ ချမ်းသာသုခ ရရှိရန်လည်းကောင်း တောင်းခံအပ်ပါသည်။
၈။ ရှအ်ဗာန်လ (၁၅)ရက်ညဥ့်တွင် တရားအားထုတ်ခြင်း၊သောင်ဝ်ဗာဟ်ပြုခြင်းနှင့် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို များစွာ အသနားခံခြင်းပြုကြပါ။ ထို့နောက် (၁၅)ရက်နေ့ကို ရိုဇဟ်ဥပုဒ်ဆောက်တည်ကြပါ။
ရှောင်ကြဉ်အပ်သောကိစ္စများ
•••••••••••••••••••••••••••••••
ယခုအခါတွင် ဤညဥ့်မြတ်၌ မွတ်စ်လင်မ်အချို့သည် အလ္လာဟ်အရှင်မြတ်၏ သီးခြားဖြစ်သော ကရုဏာတော်များမှ မိမိအား ကင်းဝေးစေသော မကောင်းမှု့တို့ကို ကျူးလွန်ကြ၏။ သို့ဖြင့် ထိုအရှင်မြတ်၏ ကရုဏာတော်ကို ခိုလှုံခွင့်မရဘဲ ကရုဏာတော်မှ ကင်ဝေးလျက်ရှိကြ၏။ ထို့ကြောင့် ဤညဥ့်မြတ်တွင် အောက်ပါကိစ္စများကို အထူးရှောင်ကြဉ်သင့်၏။ ကျွန်ုပ်တို့သည် ယင်းကိစ္စတို့ကို ကုသိုလ်ကောင်းမှု့ဟု ထင်မှတ်၍ ကျင့်ဆောင်ကြ၏။ စစ်စစ်မှာ ကုသိုလ်ကောင်းမှု့ မဟုတ်ဘဲ ကျွန်ုပ်တို့ကျင့်ဆောင်သော အနည်းငယ်မျှသော ကောင်းမှု့ကုသိုလ်ကိုပင် ပျက်စီးစေ၏။
၁။ ရှဗေဗရာအသ်ညတွင် ဗလီများတွင် လိုသည်ထက်ပို၍ မီးထွန်းခြင်း။
၂။ ဟောင်းသော ပန်းကန်တို့ကို အသုံးမပြုဘဲ သစ်လွင်သော ပန်းကန်ကို အသုံးပြုခြင်း၊ အထူးသဖြင့် ယင်းပန်းကန်ကို ရှဗေဗရာအသ်နေ့တွင် စတင်အသုံးပြုခြင်း။
၃။ အိမ်ကို မြေဖြင့်လိမ်းကျံခြင်း၊ သစ်လွင်သော အိုးခွက်တို့ကို အထူးစီစဉ်ခြင်း။
၎။ ပဲနီချက်ပြုတ်ခြင်းကို စဝါဗ်အကျိုးရသည်ဟု ထင်မှတ်ခြင်း။
၅။ ဟလ်ဝါထိုးခြင်း၊ ဟလ်ဝါထိုးရခြင်းမှာ နဗီတမန်တော်မြတ်၏ သွားတော် ရှဟီဒ်ဖြစ်သောအခါ ကိုယ်တော်သည် ဟလ်ဝါကို သုံးဆောင်တော်မူခြင်းကြောင့် ဖြစ်သည်ဟု ပြေားခြင်း။
၆။ ယင်းနေ့သည် ဟမ်ဇဟ်သခင် ရှဟီဒ်ဖြစ်သောနေ့ဖြစ်သည်။ ထိုသခင်အတွက် ဖာသိဟဟ်ဖတ်ရာတွင် ဟလ်ဝါထိုးရမည်ဟု ထင်မှတ်ခြင်း။
၇။ တစ်နှစ်အတွင်း ကွယ်လွန်သေဆုံးသူတို့၏ ဝိညာဉ်များသည် ထိုညာဥ့်တွင် ၎င်းတို့အတွက် အဘယ်အရာများ ချက်ပြုတ်ထားသည်ကို ကြည့်ရှု့ရန် မိမိတို့အိမ်များသို့ လာကြသည်ဟု ထင်မှတ်၍ ထမင်း၊ ဟင်း ချက်ပြုတ်ထားခြင်း။
၈။ ရှဗေဗရာအသ်အလျင် ကွယ်လွန်သေဆုံးသူတို့အတွက် ရှဗေဗရာအသ်တွင် ဖာသိဟဟ်မဖတ်လျှင် ထိုကွယ်လွန်သူများသည် ကွယ်လွန်သေဆုံးသူများတွင် မပါဝင်ဘဲ ၎င်းတို့၏ ဝိညာဉ်များသည် ဟိုဒီလှည့်လည်နေကြသည်ဟု မှားယွင်းစွာ ထင်မှတ်ခြင်း။
၉။ မီးပန်းရှ်ို့ခြင်း၊ မီးပန်းရို့ခြင်းသည် ဥစ္စာပစ္စည်းဖြုန်းတီးခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကို ဝယ်ယူရာရောက်၏။
သင်္ချိုင်းများပေါ်တွင် ပန်းတင်ခြင်း၊ ဖယောင်းတိုင်စသည်တို့ကို ထွန်းညှိခြင်း၊ ဤသည်တို့သည် ကုရ်အာန်ဟဒီးစ်၏ သွန်သင်ဆုံးမချက် များနှင့်ဆန့်ကျင်၏။
မွတ်စ်လင်မ်တို့သည် ယင်းထုံစံဓလေ့ဆိုးများကို တိုက်ဖျက်ရန်ကြိုးစားရပေမည်။ ကောင်းကျိုးချမ်းသာ၊ ဗရကသ်မင်္ဂလာ ဆည်းပူးရယူရန် အခွင့်ကောင်းရရှိသော ရှဗေဗရာအသ်ညဥ့်တွင် အလဟဿ အမှု့ကိစ္စတို့ကို ပြုလုပ်၍ အချိန်ဖြုန်းတီးခြင်းသည် အလွန်အသိတစ်ရားခေါင်ပါးခြင်းဖြစ်၍ အချိန်ဖြုန်းတီးခြင်းသည် အလွန်အသိတစ်ရားခေါင်းပါးခြင်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဒီန်သာသနာတော်၏ မှန်ကန်သော အသိတရားကို ချီးမြှင့်တော်မူ၍ ဗရကသ် မင်္ဂလာနှင့်ပြည့်စုံသောညဥ့်၏ အကျိုးကျေးဇူးများကို ပေးသနားတော်မူပါစေ။(အာမီးန်)
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.xvideos.com/video22374949/japen_cosplay_hot_agent
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
See you check link.no copy
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Where?Your link check.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Where?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hey,you link see. I don't no.Where?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hello,you link check @cheetah
My post see you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit