comfort zoneတွင်စီးမျောခြင်း

in steemit •  7 years ago 

comfort zoneတွင် လိုက်ပါစီးမျောခြင်း
image

တခါတုန်းက တောနက်ကြီးတစ်ခုအနီးရှိ မြစ်ကမ်းနဘေးရှိ အနီးရှိသစ်ပင်ကြီးတွင်ကျီးများနေထိုင်ပျော်မြူးလျက်ရှိခဲ့သည်။တနေ့တွင် ကျီးအုပ်ထဲမှ ကျီးတစ်ကောင်သည် အစာရှာရန်ထွက်လာခဲ့သည်။လူတို့ကဲ့သို့ သိုလှောင်သိမ်းဆည်းနိုင်ရန် မတတ်နိုင်ရကား နေ့စဉ်ဝမ်းစာရှာဖွေရသော ငှက်တို့၏နေ့စဉ်ဘဝမှာ မလွယ်ကူပါ။ယခုလည်း ထိုကျီးကန်းမှာ နေ့စဉ်လုပ်နေကျ ဖြစ်သော အစာရှာခြင်းပြုလုပ်ရန် အာ အာ အော်မြည်လျက် နေရာစုံအောင် ဟိုသည်ပျံဝဲလျက် အစာရှာနေပါသည်။
မြစ်တစ်ဖက်ကမ်းသို့ဖြတ်သန်းပျံသန်းခိုက် မြစ်တစ်လျောက်မြောပါလာသော မည်းနက်ကြီးမားသော အရာကိုမြင်သောကြောင့် တအာ အာ အော်မြည်လျက် ကောင်းကင်မှ စူးစမ်းလျက်ဝဲပျံကြည့်ရှုနေသည်။ ခဏကြာလေ့လာသုံးသပ်ပြီးနောက် ဆင်သေတစ်ကောင်ဖြစ်နေတော့သည်။ရေစီးတွင် ရက်အတန်ကြာမြောနေခဲ့ပြီဖြစ်သောကြောင့် ဆင်သေကောင်မှာ ပုပ်ပွနေခဲ့ပြီဖြစ်သည်။ကျီးကန်းလည်း ဆင်သေကောင်၏ နေရာအနှံ့ထိုးဆိတ်လျက် စားတော့သည်။အလွန်လည်းပျော်ရွှင်မိသည်။မိမိမှာမည်မျှကံကောင်းလိုက်ပါသနည်း။မိမိနေ့စဉ်ရှာဖွေရရှိသော အစာမှာအလွန်ပင်နည်းလှသည်။ယခုဆင်သေကြီးမှာအလွန်ကြီးမားနေသောကြောင့် မိမိတသက်စားကုန်မည်မဟုတ်ဟု ကျီးကန်းမှတ်ယူလေသည်။ကံကောင်းလှသော မိမိ၏နေ့အတွက် ကျီးကန်းမှာ အရာရာကိုကျေးဇူးတင်မိသည်။ကျေနပ်မိသည်။

မြစ်တစ်လျှောက်စီးမြောနေသော မကုန်မခမ်းနိုင်သည့် စားစရာဘဏ်တိုက်ကြီးပေါတွင် အလွန်ပျော်ရွှင်နေသောကျီးတစ်ကောင်ဘဝမှာ အခြားကျီးများအဖို့ မနာလိုဖွယ်ပင်ကောင်းလှသည်။သို့သော် မည်သည့်ကျီးကိုမှ မိမိ၏အစာကိုမျှဝေမပေးနိုင်ပါ။မိမိပိုင်ဆိုင်သော အစာဘဏ်တိုက်ကြီးအနီး ရစ်ဝဲပျံလာသောကျီးအပေါင်းကို ရန်ပြုထိုးဆိတ်လျက် အော်ဟစ်ကြိမ်းမောင်းနေသည်မှာ မိမိပစ္စည်းကိုကာကွယ်နေသော ကျီးကန်းတစ်ကောင်ပင်မဟုတ်ပါလော။ဆင်၏အသားတလှည့် အဆီတဖုံ ဝမ်းတွင်းကလီစာတစ်မျိုး စုံလင်အောင်စားလိုက်အိပ်လိုက်နှင့် ကျီးကန်းလိုက်လာလိုက်သည်မှာ ရက်ပေါင်းများစွာကျော်လွန်ခဲ့ပြီဖြစ်သည်။
ကျီးကန်းမှာ ဆင်သေပေါထိုင်လျက်ပတ်ဝန်းကျင်ကိုကြည့်စောအခါ တောတောင်တို့ကိုမတွေ့ရ။အခြားသောကျီးများကိုလည်း အရိပ်အယောင်မျှပင်မတွေ့ရချေ။အိပ်ယာမှ လန့်နိုးသည့်အလား စိုးရိမ်ပူပန်လျက် မိမိဘယ်ကိုရောက်နေသလဲ အပူတပြင်းစဉ်းစားနေချေပြီ။သို့သော်ဘယ်ရောက်နေသည်မသိပါ။မြစ်တော့မဟုတ်တာသေချာပါသည်။သို့သော်ဘာပဲဖြစ်ဖြစ် ဒီနေရာမှ အမြန်ဆုံးထွက်ခွာသွားမှဖြစ်မည်။ထို့ကြောင့် ကြိုးစားဝဲပျံကြည့်သော်လည်း နားခိုရာ သစ်ရိပ်ဝါးရိပ်လည်းမတွေ့။မိမိတွေ့ရာမြင်ရာသည် ရေပြင်ကျယ်ကြီးသာဖြစ်သည်။မိမိအဖို့နားခိုရာမရှိပါ။ကြီးမားကြမ်းတမ်းသော လှိုင်းတံပိုးတို့က မကြာခဏဆိုသလို မိမိနေထိုင်ရာ ဘုံဌာနကို ဒေါမာန်ကြီးစွာနှင့်တိုက်ခိုက်နှစ်မြှုပ်မည့်ဟန်။သို့သော် ဒီနေရာမှ မည်မျှဝေးအောက်ပျံသော်ငြားလည်း အတောင်တို့သာညောင်းအောင် ရုန်းကန်ပျံသန်းသည့်တိုင်
နားခိုရာဆို၍ အရိပ်အယောင်မျှမတွေ့။
သည်အချိန်မှာပဲ ကံကြမ္မာဆိုးဝင်လာသည်။ဝုန်းဆိုသောအသံနှင့်အတူ ကြီးမားသောလှိုင်းတံပိုးက ပုပ်ပွနေသောတင်သေကို ဖျက်စီးပစ်လိုက်တော့သည်။ ပင်လယ်ပြင်ထက်ဝယ် နားခိုရာကင်းလျက် အတောင်ကိုတဖျက်ဖျက်ခတ်ပြီးနောင်တတွေ စိုးရမ်မှုတပွေ့ကြီးနှင့် ကျီးတစ်ကောင်အဖို့ သေကြေပျက်စီးရဖို့အချိန်မှာ နီးလျက်လာနေပြီဖြစ်သည်။နောက်ဆုံးအချိန်မှ မိမိအမှားကို ကျီးကန်းမှာနောင်တရမိသည်။မိမိမှားခဲ့သည်။မိုက်ခဲ့သည်။အသိဥာဏ်မဲ့ခဲ့သည်။မိမိဘဝနှင့် အသက်နှင့်ရင်းပြီး ရခဲ့သောသင်ခန်းစာမှာ ကျီးခန်းအဖို့ ခါးသီးလှပါသည်။
ဒီပုံပြင်လေးထဲက ကျီးကန်းလို ကျွန်တော်တို့တွေလည်း သိလျက်နှင့်ဖြစ်စေ မသိလျက်နှင့်ဖြစ်စေ comfort zoneဆင်သေကို စီးလျက် အလွန်ပျော်နေတတ်ပါသည်။သတိလက်လွတ်လျက် တခဏပျော်မြူးနေတတ်ကြသည်။comfort zone
က ပျော်စရာကောင်းသည်။ထိုzoneတွင်
နေရသည်ကို မိမိကိုယ်ကိုယ်ကံကောင်းတယ်လို့ ကျွန်တော်တို့မြင်ကြတယ်။ဘေးကလူတွေကလည်းဟcomfort zoneကလူကို အားကျကြတယ်။အဲzoneမှာနေရတဲ့သူကလည်း မိမိကိုယ်ကိုဂုဏ်ယူမိတယ်။ မိမိဘဝကိုကျေနပ်ပိတိဖြစ်လျက် ပြုံးမိကြတယ်။ပြဿနာက မိမိဟာ comfort zoneဆင်သေကိုစီးပြီး ပြန်လမ်းမရှိတဲ့ ပင်လယ်ဆီကို သွားနေမိတယ်ဆိုတာ မေ့နေတာ မသိတာပါပဲ။
အောင်မြင်ချိန်ထက် ကျရှုံးချိန်က မိတ်ဆွေကို သင်ခန်းစာတွေပိုရစေတာ မမေ့သင့်ပါဘူး။effort အားထုတ်မှုတွေကသာ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေကို တောက်ပြောင်လာစေတယ်။ကျွန်တော်တို့တွေကို ပိုတော်လာစေတယ်။ထူးချွန်ထက်မြက်စေလာတယ်။ဒါပေမယ့် comfort zoneမှာကတော့ မိတ်ဆွေကို တဖြေးဖြေးလေးချင်း နူးညံ့သိမ့်မွေ့စွားနဲ့ ကျရှုံးမှုပင်လယ်ပြင်ဆီကိုခေါဆောင်သွားပါလိမ့်မယ်။အသိလေးသတိလေး တချက်လွတ်လိုက်တာနဲ့ပဲ ကိုယ်ဘယ်ကိုရောက်နေတယ်။ကိုယ့်ဘဝဘာဖြစ်နေတယ်ဆိုတာတောင်မသိလိုက်ပဲ အသိဝင်နောင်တရချိန်မှာတော့ ဘဝက ပျက်စီးကြွေမွနေခဲ့တော့မည်ဖြစ်သည်။
ဒါကြောင့် မိတ်ဆွေသူငယ်ချင်းတို့ကို မိမိတို့ရဲ့နေ့ရက်တွေရဲ့ အဆုံးတိုင်းမှာ
ရက်သတ္တပတ်တို့ရဲ့ အဆုံးသတ်တိုင်းမှာ
တစ်နှစ်တာကာလရဲ့ အဆုံးမှာ ကျွန်တော်တို့ ဆင်သေစီးဖူးသလားလို့ မကြာခဏမေးကြည့်ရင်း ပြန်လှန်သုံးသပ်ရင်း
အသိသတိလေးအမြဲရှိလျက် မိမိဘဝကို
မိမိစိတ်တိုင်းကျ ပုံဖော်ထုဆစ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ကျွန်တော်ကတော့ ဆင်သေစီးလာခဲ့တာကြာပါပြီ။ပင်လယ်ထဲမှာမသေသေး
ပဲ ပျံဝဲလျက် အတောင်တွေညောင်းပြီး
ပင်ပန်းနေတဲ့ ကျီးတစ်ကောင်ပါ။

Writer @nainghtetlin
Msc-219

Credit Google Photo

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သင်ခန်းစာရပါတယ် အရမ်းကောင်းတဲ့ စာလေးတွေဖတ်ရ့ ကျေးဇူးပါ

ဟုတ်ကဲ့ ကျေးဌူးတင်ပါတဟ်လအမရေ

အရမ်း​ကောင်းတဲ့သင်​ခန်းစာပါ။

ဟုတ် ငျေးဇူးပါလအမရေ

အရမ်းကောင်းတဲ.post ပါ

ဟုတ် ကေိးဌူးတငါပ့တယ်ဗျ

ကောင်းတယ်ဗျာ

ဟုဆ် ကျေးဇူးဗျာ

ဟုတ်ပါတယ်။comfort zone မှာအမြဲတမ်းမနေသင့်ပါဘူး။

ဟုဆ်တဟ်အမ မေ့နေကြကလို့ပါ

ကောင်းလိုက်တဲ့အရေးအသား
ကျေးဇူးပါ

ဟုဆ်ကဲ့အမ ကျေးဇူးတငါပါတဟ်

Good lesson !

ဟုဆ် အစ်က်ု

အရေးအသားမိုက်တယ် bro

ဟုတ်ကဲ့အစ်က်ု ကျေးဇူးပါ

သင်ခန်းစာရပါတယ်Thz u

ဟုတ် ကေိးဇူစပါ

ရသစာပေရေးနေတာတွေ ရှားပါတယ်...အားပေးပါတယ်ဗျာ...plz v and c me back @mgtoetat

ဟီးးးဟုဆ်ကဲ့ပါ ကေိစဇူးတင်ပ့တဟ်ဗျ

ဆင်သေကောင်နားဝယ်တဝဲလည်လည်

ဟုဆ်တယ် bro အဲလိုဖြစ်နေတာ

တင်​ပြပုံအရမ်း​ကောင်းပါးတယ်​။

pretty cool message

အရမ်းကောငိးတယ်ဗျာ

comfort zone ကို ဆင်သေနဲ့ဥပမာပြပီးရေးသွားတာလေး ကောင်းတယ်..bro..

Following you! I give you a vote!