ကောက်ကြောင်းလှတဲ့ အဆိုတော်မလေးဘီဘီ

in steemit •  7 years ago 

image

ကောက်ကြောင်းလှတဲ့ အဆိုတော်မလေးဘီဘီ

ဘီဘီရက်စ်ဟကတော့ နာမည်ကြီးအမေရိကန်အဆိုတော်၊ တေးရေးနဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။
ပရိသတ်တွေက သူမကိုဘယ်သီချင်းကစပြီး သတိထားမိတာလဲဆိုတော့ Florida Georgia Line နဲ့တွဲဖက်သီိဆိုထားတဲ့ “Meant to be” ဆိုတဲ့သီချင်းနဲ့ဖြစ်ပါတယ်။
ရီဟားနားနဲ့အာမီနမ်တို့သီိဆိုထားတဲ့ “The Moonster” သီချင်းကိုလည်း သူမပါဝင်ရေးစပ်ခဲ့တာဖြစ်ပြီး အဲဒီသီချင်းနဲ့ ဂီတလောကမှာအောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့ပါတယ်။
ဘီဘီကအသံပါဝါအားကောင်းကောင်းနဲ့ သီဆိုနိုင်တဲ့သူဖြစ်ပြီး တေးသီချင်းနဲ့ပတ်သက်တဲ့ဆုတွေလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ Pop, R&B နဲ့ Electroညငခ Dance အမျိုးအစားသီချင်းတွေကို သီဆိုသူပါ။
၁၉၈၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်မှာမွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် (၂၈)နှစ်ရှိပါပြီ။ ၂၀၁၀ ခုနှစ်ကစပြီး ဂီတလမ်းကြောင်းကို လျှောက်လှမ်းခဲ့တာပါ။
ဘီဘီက အဆိုကောင်းတဲ့အဆိုတော်တစ်ဦး ဖြစ်ရုံတင်မကပါဘူး။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှနဲ့လည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်သူတစ်ဦးရယ်ပါ။ သူမရဲ့ဖက်ရှင်၊ ဝတ်စားဆင်ယင်မှုတွေကအစ ကောက်ကြောင်းအလှပေါ်အောင် ဖန်တီးဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
ဖက်ရှင်အမြင်နဲ့ ပတ်သတ်ပြီးတော့လည်း ဘီဘီဟာပရိသတ်တွေ သဘောကျနှစ်သက်အောင် လုပ်ဆောင်နိုင်သူတစ်ဦးပါ။

image

သူမရဲ့ သီချင်းတွေတော်တော်များများက ကမ္ဘာအနှံ့မှာအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီလို အောင်မြင်မှုတွေကနေ ချမ်းသာကြွယ်ဝမှုကိုပါ သူမအတွက် ယူဆောင်လာနိုင်ခဲ့ပါတယ်။ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာလေးသန်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
Wowbox ပရိသတ်တွေအတွက် ဘီဘီရဲ့ အကောင်းဆုံးသီချင်း၅ပုဒ်ကို ပြောပြပေးလိုက်ပါတယ်။ ပရိသတ်တွေက Youtube မှာခံစားနားဆင်နိုင်ပါတယ်။
** Meant to be
** I’m mess
** In the name of love
** The way I are
** I Can't Stop Drinking About You

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!