ရော်နယ်ဒိုနဲ့မက်ဆီတို့လိုအဆင့်အတန်းမျိုး

in steemit •  7 years ago 

image

ရော်နယ်ဒိုနဲ့မက်ဆီတို့လိုအဆင့်အတန်းမျိုးေ...
အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ (၂)ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းကပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုနဲ့အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီတို့လိုအဆင့်အတန်းမျိုးရောက်ဖို့ရည်မှန်းထားတယ်လို့ဖွင့်ဟခဲ့ပါတယ်။ အသက်(၂၄)နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုနဲ့လွဲခဲ့ရပေမယ့် စပါးအသင်းအတွက်ပြိုင်ပွဲစုံမှာ (၄၁)ဂိုးသွင်းယူပေးနိုင်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကပြိုင်ဘက်ခံစစ်မှူးတွေအတွက်တော့ ထိတ်လန့်စရာဖြစ်နေပါတယ်။ ယူရို(၂၀၁၆)ပြိုင်ပွဲတုန်းက တစ်ဂိုးမှမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရပေမယ့် ခုချိန်မှာတော့ဝေဖန်မှုတွေကိုချိုးဖျက်နိုင်ခဲ့ပြီလို့ ဟယ်ရီကိန်းကပြောပါတယ်။ "ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေကို ချိုးဖျက်နိုင်ခဲ့ပြီထင်ပါတယ်။ အဲ့လိုမျိုးသက်သေပြရတာကို ကျွန်တော်သဘောကျပါတယ်။ရော်နယ်ဒိုနဲ့မက်ဆီဆိုတာ လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံတွေဖြစ်ကြပါတယ်။ သူတို့လိုအဆင့်အတန်းမျိုးမှာရပ်တည်နေနိုင်ဖို့ အမြဲတမ်းရည်မှန်းခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်လာနိုင်ဖို့လည်းပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်"လို့ဟယ်ရီကိန်းကပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကတော့ ဟယ်ရီကိန်းအနေနဲ့ရော်နယ်ဒိုနဲ့မက်ဆီတို့လိုအဆင့်အတန်းကိုရောက်လာဖို့အချိန် အနည်းငယ်လိုအပ်နေပါသေးတယ်လို့သုံးသပ်ခဲ့ပါတယ်။ "ကလပ်အသင်းမှာခြေစွမ်းပြခဲ့သလို လက်ရွေးစင်အသင်းမှာလည်းသက်သေပြနေပြီဖြစ်ပါတယ်။ အကောင်းဆုံးတည်ဆောက်ပြီးလေ့လာသင်ယူစရာ တွေရှိနေပါသေးတယ်"လို့ဆောက်ဂိတ်ကသုံးသပ်သွားခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ (၂)ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းကပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုနဲ့အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီတို့လိုအဆင့်အတန်းမျိုးရောက်ဖို့ရည်မှန်းထားတယ်လို့ဖွင့်ဟခဲ့ပါတယ်။

အသက်(၂၄)နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုနဲ့လွဲခဲ့ရပေမယ့် စပါးအသင်းအတွက်ပြိုင်ပွဲစုံမှာ (၄၁)ဂိုးသွင်းယူပေးနိုင်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကပြိုင်ဘက်ခံစစ်မှူးတွေအတွက်တော့ ထိတ်လန့်စရာဖြစ်နေပါတယ်။

ယူရို(၂၀၁၆)ပြိုင်ပွဲတုန်းက တစ်ဂိုးမှမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရပေမယ့် ခုချိန်မှာတော့ဝေဖန်မှုတွေကိုချိုးဖျက်နိုင်ခဲ့ပြီလို့ ဟယ်ရီကိန်းကပြောပါတယ်။ "ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေကို ချိုးဖျက်နိုင်ခဲ့ပြီထင်ပါတယ်။ အဲ့လိုမျိုးသက်သေပြရတာကို ကျွန်တော်သဘောကျပါတယ်။ရော်နယ်ဒိုနဲ့မက်ဆီဆိုတာ လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံတွေဖြစ်ကြပါတယ်။ သူတို့လိုအဆင့်အတန်းမျိုးမှာရပ်တည်နေနိုင်ဖို့ အမြဲတမ်းရည်မှန်းခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်လာနိုင်ဖို့လည်းပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်"လို့ဟယ်ရီကိန်းကပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ကတော့ ဟယ်ရီကိန်းအနေနဲ့ရော်နယ်ဒိုနဲ့မက်ဆီတို့လိုအဆင့်အတန်းကိုရောက်လာဖို့အချိန် အနည်းငယ်လိုအပ်နေပါသေးတယ်လို့သုံးသပ်ခဲ့ပါတယ်။ "ကလပ်အသင်းမှာခြေစွမ်းပြခဲ့သလို လက်ရွေးစင်အသင်းမှာလည်းသက်သေပြနေပြီဖြစ်ပါတယ်။ အကောင်းဆုံးတည်ဆောက်ပြီးလေ့လာသင်ယူစရာ တွေရှိနေပါသေးတယ်"လို့ဆောက်ဂိတ်ကသုံးသပ်သွားခဲ့ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice post