If You Can Dream It !!!
You Can Do It ?
လူတိုင်းရဲ့ ဘဝမှာ ရယူလိုတဲ့၊ ဖြစ်မြောက်လိုတဲ့ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။
ပန်းတိုင်ကိုယ်စီရှိတာတော့ကောင်းပါတယ်။
ဒါပေမယ့် အားလုံးက ဘာကြောင့် ပန်းတိုင်ဆီကို
အရောက်မလှမ်းနိုင်သလို အိပ်မက်တွေကို
အကောင်အထည်မဖော်နိုင်ရတာလဲ၊
``အောင်မြင်လိုပါသလား´´ လို့မေးရင်
လူတိုင်း အောင်မြင်ချင်ကြပါတယ်။
ကိုယ့်ကိုယ်ကို တကယ်မေးရမယ့် မေးခွန်းက
`` ငါ့အောင်မြင်လိုတဲ့ စိတ်ဆန္ဒက
ဘယ်လောက်ပြင်းထန်နေပြီလဲ´´ ဆိုတာပါပဲ။
လူတစ်ယောက်က အခက်အခဲတစ်ခုကို
ရင်ဆိုင်ကြုံတွေ့နေရပြီဆိုပါစို့၊
မဆိုလုပ်ပြီး ဒီအခက်အခဲကနေ လွတ်မြောက်ဖို့
ကြိုးစားမယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချပြီဆိုရင်
သေချာတယ် ဒီလူ မုချ အောင်မြင်လိမ့်မယ်။
ဒါကို Burning Desire လို့ ခေါ်တာပါ။
ဘဝ ရဲ့ အချိန်ဆိုတာ တိုတောင်းပါတယ်။
နေ့ရက်တိုင်းမှာ အဆိုးတွေတော့
ဆက်တိုက်မလာပါဘူး။ လာခဲ့ကြုံခဲ့တောင်
မုန်တိုင်းပြီးရင် လေပြေလာမယ်လို့ ခံယူပါ။
အကြောင်းပြချက်တွေမပေးပဲ
အမြဲတမ်း အလုပ်ထလုပ်တက်အောင်ကြိုးစားပါ။
ဆင်ခြေမပေးပါနဲ့၊ စည်းကမ်းချက်တွေ ချမှတ်ပါ။
စိတ်ရှည်ပါ၊ အောင်မြင်မှုဆိုတာ
ခုကြိုးစား၊ ခုအောင်မြင်မယ့် အရာမဟုတ်ပါဘူး။
အောင်မြင်မှုဆိုတာ ဓာတ်လှေခါး၊
စက်လှေခါးမဟုတ်ဘူးနော်
ရိုးရိုး လှေခါးထစ်တွေနဲ့ အပင်ပန်းခံ
လျှောက်လှမ်းရမှာပါ၊ တစ်ထစ်ချင်းစီကို
ဖြည်းဖြည်းနဲ့ မှန်မှန်တက်ပါ။
အခက်အခဲတွေ ကြုံလာတိုင်း
မလျှော့သော ဇွဲနဲ့ ကြိုးစားပါ။
အောင်မြင်ပြီးသူတိုင်းရဲ့ နောက်ကွယ်မှာ
အသည်းအသန်ကြိုးစားခဲ့ရတဲ့
နာရီပေါင်းများစွာနဲ့ နေ့ရက်ပေါင်းများစွာရှိတယ်။
သူများတွေ အလေလိုက်နေချိန်မှာ
သူတို့ အခန်းဟောင်းပြီး စဉ်းစားနေတယ်၊
ပြီးရင် သူတို့ စနစ်တကျ Plan ဆွဲတယ်၊
နောက်ဆုံး အကောင်အထည်ဖော်ကြတယ်။
၇ကြိမ် လဲကျခဲ့ရင်လည်း ၈ကြိမ် ပြန်ထကြတယ်။
သူတို့ နောက်ကွယ်မှာ
လူမသိ၊သူမသိ ကျရှုံးမှုတွေ
ထောင်သောင်းမက ရှိခဲ့တယ်။
ပေးဆပ်ခဲ့ရတာတွေ အများကြီးရှိတယ်။
အောင်မြင်သူတွေက ဒုက္ခတွေကိုချစ်ကြတယ်။
ဒုက္ခတွေကို ဖိတ်ခေါ်ကြတယ်။
ဒုက္ခတွေက သူတို့ရဲ့ စိန်ခေါ်မှုပဲ ဒုက္ခတွေထဲက
သူတို့ရုန်းထွက်ကြတယ်။
အမှားတွေကို သင်ခန်းစာ ယူကြတယ်။
ကိုယ့်ကိုယ်ကို ပစ်တိုင်းထောင်လို့ သဘောထားပါ၊
လဲကျတိုင်း ပြန်ထဖို့ ကြိုးစားပါ။
ဘဝရဲ့ရိုက်ချက်တွေကြား အကြိမ်ကြိမ် ပြုတ်ကြပါစေ
ပြန်ထမယ်ဆိုတဲ့ စိတ်ကိုမွေးမြူ ထားပါ။
👌👌👌👌👌👌👌👌👌👌👌👌👌👌👌
အမြင့်ဆုံးမှာထားပါ
...........................
ဘဝ မှာ လူတိုင်းဟာ
နောက်ခံအင်အားမတောင့်တင်းကြဘူး။
ဘယ်လိုအနေအထား မျိုးက လာကြပါစေ
ကိုယ့်ဘဝအတွက် ကိုယ်သာ ပဲ့ကိုင်ရှင်ဖြစ်နေရမယ်။
ဘာမှမရှိလို့ ငြီးငြူမနေပါနဲ့၊
အသက်ပါလာပြီးသားလေ
ကိုယ်ဘာကို လိုချင်လဲ လိုအပ်လည်း
ရအောင် ဖန်တီးနိုင်စွမ်းရှိတယ်။
ကိုယ့်လိုချင်တာကိုယ်ပဲသိတယ်၊
ကိုယ့်ဘဝ ကိုယ်ပဲသိတယ်။
အတိတ်ကံကြောင့်
ဘဝ ဖြတ်သန်းမှုတွေသာမတူညီရင်နေမယ်၊
ကြိုးစားမှုအခွင့်အရေးလူတိုင်းမှာရှိတယ်။
အဲ့တော့ ကိုယ့်ရဲ့ စိတ်ကို အမြင့်ဆုံးမှာထားပါ၊
ကြံ့ခိုင်တဲ့စိတ်ဓာတ်ဟာ
သံမဏိထက် အကြောမာတယ်၊
ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တယ်။
ဘဝ မှာ လိုအပ်ချက်တွေများနေလည်း
တိကျသေချာတဲ့အလုပ်တစ်ခုကို
ထိထိရောက်ရောက်လုပ်ပါ။
လိုအပ်ချက်တွေများလို့
ပိုင်ဆိုင်လိုစိတ်ပြင်းထန်တယ်ဆိုရင်
တစ်ခါလုပ်တိုင်း အလုပ်တစ်ခုကို
တိတိကျကျပြီးဆုံးအောင်လုပ်ပါ။
ခွက်တစ်ခုတည်းကို အအေးရော ကော်ဖီရော
☕️🥃🍹🍸ထည့်သောက်ဖို့အဆင်မပြေဘူးလေ၊
တစ်ခုပြီးမှ တစ်ခုထည့်မှသာ
အရသာရှိရှိသုံးဆောင်နိုင်မှာပါ။
အဲ့လို့ပဲ ဘဝ မှာအောင်မြင်ချင်ရင်
တစ်ခုတည်းကိုပဲ ဦးတည်ပြီး
ရေဆုံးမြေဆုံးလျှောက်ရဲဖို့လိုတယ်။
လမ်းကြောင်းမများကြီးသွားဖို့မတွေးပါနဲ့
လမ်းတစ်ခုတည်းကိုပြီးဆုံးအောင်လျှောက်ပါ။
ပစ်တိုင်းထိတဲ့ သေနတ်သမားကို အားကျရင်
လူမသိတဲ့သူ့ရဲ့လေကျင့်မှုကို
လေ့လာ လေ့ကျင့်အတုယူပါ။
ဘယ်သူကမှ မွေးရာပါအောင်မြင်ခြင်းတွေမရှိပါဘူး
လေ့လာ လိုက်စားမှု အချိန်ပေးနိုင်မှု
နည်းစနစ်မှန်ကန်မှု ယုံကြည်မှုတွေနဲ့
ကိုယ့်စိတ်ကိုယ် အမြင့်ဆုံးထားနိုင်တဲ့သူတွေသာ
ဘဝ မှာအောင်မြင်စမြဲမို့
လဲကျနေလား 🤓🤓🤓 ပြန်ထနိုင်ဖို့
စိတ်ဓာတ် တွေအမြင့်ဆုံးမှာတင်ထားလိုက်ပါ။
အောင်မြင်သူတွေရဲ့ 👨🚀👨🚀👨🚀 နောက်ကြောင်းဟာ
ပြည့်စုံခြင်းတွေနဲ့ စတင်ခဲ့တာ လုံးဝ မဟုတ်ပါဘူး ။
သူတို့လည်း လိုအပ်ချက်များစွာနဲ့
စခဲ့ရတာပဲ ဖြစ်တယ် သူငယ်ချင်း ။
ဘယ်အရာ တစ်ခုကိုပဲ လိုချင်လိုချင်
ကိုယ့်ဘာသာသိအောင်၊ 🤔🤔🤔
နားလည်အောင် ကြိုးစားလိုက်ပါ ။
အားကိုးမယ် ဆိုတဲ့
ဒီစိတ်ကို မိမိဆီမှာပဲ အမြဲထားပါ ...
ဘာလို့ဆို လူတိုင်းဟာ သူတို့ဘဝတွက်
မွေးဖွားလာလို့ပါ ။
လိုအပ်ရင် ပြုံးပြရဲရမယ်၊
အရှုံးကို ကျေးဇူးတင်ရမယ်👌👌👌
ဒါဟာ အောင်မြင်မူ တစ်ခုရဲ့ နိဒါန်းပါ ။👍👍👍
လူတိုင်းမှာ လိုအပ်ချက်တွေ ကိုယ်စီရှိနေပေမယ့်
ဘဝမှာ ကိုယ့်ထက် အဆိုးဝါးဆုံးလူတွေ
ရှိနေသေးပါလားဆိုတဲ့ ဖြည့်တွေးတက်တဲ့
စိတ်ဓာတ်လေးတွေ ထားတက်ရမယ်။