လက်ရှိ တန်ကြေးအမြင့်မားဆုံး ဘောလုံးသမား (၃)ဦး
လက်ရှိ ကမ္ဘာ့တန်ကြေးအကြီးဆုံး ကစားသမားအဖြစ် စံချိန်မှတ်တမ်းတင်ထားသူက ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာ ဖြစ်ပါတယ်။ ဘောလုံးရာသီတစ်ခုရဲ့ အပြောင်းအရွှေ့ကာလတွေတိုင်းမှာ ကမ္ဘာ့ပြောင်းရွှေ့ကြေးစံချိန်ကို ဘယ်သူက ရိုက်ချိုးမလဲဆိုတာက အမြဲတမ်း စိတ်ဝင်စားနေရတဲ့ အကြောင်းအရာဖြစ်ပါတယ်။ လက်ရှိ ကစားနေဆဲ ကစားသမားတွေထဲမှာလည်း တန်ဖိုးတွက်ချက်မှုအရ တန်ကြေးအမြင့်ဆုံး ကစားသမားတွေကို ရွေးချယ်သတ်မှတ်လေ့ရှိကြပါတယ်။ ဒါကြောင့် လက်ရှိကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား (၃)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၃။ ကိုင်လီယန်ဘတ်ပီ (ပီအက်စ်ဂျီ - ပေါင် ၁၃၅သန်း) ဘတ်ပီရဲ့ အသက်က (၁၉)နှစ်ပဲ ရှိပါသေးတယ်။ ကမ္ဘာ့ဖလားကို အရယူခဲ့ပြီး ဖြစ်သလို သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် ဈေးနှုန်းသတ်မှတ်ထားမှုက နည်းပါးတဲ့ ပမာဏပဲ ရှိတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ...
လက်ရှိ ကမ္ဘာ့တန်ကြေးအကြီးဆုံး ကစားသမားအဖြစ် စံချိန်မှတ်တမ်းတင်ထားသူက ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာ ဖြစ်ပါတယ်။ ဘောလုံးရာသီတစ်ခုရဲ့ အပြောင်းအရွှေ့ကာလတွေတိုင်းမှာ ကမ္ဘာ့ပြောင်းရွှေ့ကြေးစံချိန်ကို ဘယ်သူက ရိုက်ချိုးမလဲဆိုတာက အမြဲတမ်း စိတ်ဝင်စားနေရတဲ့ အကြောင်းအရာဖြစ်ပါတယ်။ လက်ရှိ ကစားနေဆဲ ကစားသမားတွေထဲမှာလည်း တန်ဖိုးတွက်ချက်မှုအရ တန်ကြေးအမြင့်ဆုံး ကစားသမားတွေကို ရွေးချယ်သတ်မှတ်လေ့ရှိကြပါတယ်။ ဒါကြောင့် လက်ရှိကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား (၃)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၃။ ကိုင်လီယန်ဘတ်ပီ (ပီအက်စ်ဂျီ - ပေါင် ၁၃၅သန်း) ဘတ်ပီရဲ့ အသက်က (၁၉)နှစ်ပဲ ရှိပါသေးတယ်။ ကမ္ဘာ့ဖလားကို အရယူခဲ့ပြီး ဖြစ်သလို သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် ဈေးနှုန်းသတ်မှတ်ထားမှုက နည်းပါးတဲ့ ပမာဏပဲ ရှိတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ခြေစွမ်းဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ့် အနေအထားကို ဦးတည်နေတာဖြစ်ပေမယ့်လည်း အသက်အရွယ်ကြောင့် ဈေးနှုန်းကို ချင့်ချိန်တွက်ဆခဲ့ပုံရပါတယ်။ ဒါပေမယ့်လည်း အသက် (၁၉)နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် ပေါင် ၁၃၅သန်းဆိုတဲ့ တန်ကြေးက နည်းလှတယ်တော့ မဟုတ်ပါဘူး။ ၂။ လီယွန်နယ်မက်ဆီ (ဘာစီလိုနာ - ပေါင် ၁၆၂သန်း) တကယ်တော့ မက်ဆီအတွက်က ကိန်းဂဏန်းတန်ဖိုးတွေ သတ်မှတ်ထားတာက အပိုသက်သက်ဖြစ်နေခဲ့တာ ကြာပါပြီ။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ကာလရှည်ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး မက်ဆီရဲ့ ကစားပုံကို ရူးသွပ်စွာ စောင့်ကြည့်သူတွေက မနည်းလှပါဘူး။ ဘာစီလိုနာနဲ့ တစ်သက်တာစာချုပ်ချုပ်ဆိုထားပြီး စာချုပ်လျော်ကြေးကပဲ ပေါင် ဘီလီယံနဲ့ချီပြီး တန်ဖိုးသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ပိုင်းအရ ပြန်လည်ချိန်ဆမယ်ဆိုရင်တော့ မက်ဆီအတွက် တန်ကြေး ပေါင် (၁၆၂)သန်းဆိုတာက သင့်တော်မျှတတယ်လို့ ထင်ပါတယ်။ ၁။ နေမာ (ပီအက်စ်ဂျီ - ၁၆၂ သန်း) ဘာစီလိုနာကနေ ပီအက်စ်ဂျီကို နေမာက ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားအဖြစ် နေမာက စံချိန်တင်၊မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။ အသက်အရွယ်အရ ကစားသမားဘ၀အကောင်းဆုံးအချိန်ကို မရောက်သေးသလို လက်ရှိပြသနေတဲ့ ခြေစွမ်းကြောင့်လည်း နေမာကို ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဈေးနဲ့ ပီအက်စ်ဂျီ ပေးဝယ်ခဲ့တာက မမှားယွင်းခဲ့ပါဘူး။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ လောင်းရိပ်သာ မမိခဲ့ရင် နေမာရဲ့ တန်ကြေးက ဒီထက်မက မြင့်မားလာဖို့ရှိနေပြီး တော်ရုံအသင်း ၀ယ်နိုင်မှာမဟုတ်တဲ့ တန်ကြေးပမာဏကို ရောက်ရှိသွားဖို့တောင် ရှိနေခဲ့ပါတယ်
photo credit နဲ့ ကိုးကားမှုလေးပါရင်ပိုကောင်းပါမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ဘရို။ ကိုယ်ယူထားတဲ့ image ရဲ့လင့်လေးထည့်ပေးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Wow box ကနေယူထားတာပါလင့်မရှိလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit